• Follow Us on

Home အောင်ဘာလေ ထီရောင်းချသည့်စနစ်ကို (Paper Lottery) စနစ်မှ (Online Lottery Tickets) ပြောင်းလဲ သွားရန် အစိုးရမှ လုပ်ငန်းရှင်များအား ဖိတ်ခေါ်

အောင်ဘာလေ ထီရောင်းချသည့်စနစ်ကို (Paper Lottery) စနစ်မှ (Online Lottery Tickets) ပြောင်းလဲ သွားရန် အစိုးရမှ လုပ်ငန်းရှင်များအား ဖိတ်ခေါ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁ (People Media)

 

လက်ရှိ အောင်ဘာလေ ထီလက်မှတ်ရောင်းချခြင်းလုပ်ငန်းဖြစ်သည့် ထီရောင်းချသည့်စနစ်အား (Paper Lottery) စနစ်မှ (Online Lottery Tickets) စနစ်အဖြစ် ပြောင်းလဲကျင့်သုံးရန် စီမံကိန်းနှင့် ဘဏ္ဍာရေးကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။

 

လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် ထိုးသူအရေအတွက် ကျဆင်းလာခြင်းအပါအဝင် ထီကိုယ်စားလှယ်ယူ သူများ နည်းပါးလာပြီးသည့်နောက်တွင် ယခုကဲ့သို့ ထီရောင်းချသည့်စနစ်အား (Paper Lottery) စနစ်မှ (Online Lottery Tickets) ပြောင်းလဲအသုံးပြုရန် စီစဉ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

အထက်ပါကဲ့သို့ ဆောင်ရွက်ရန်အတွက် နည်းပညာပိုင်းပံ့ပိုးမှုများအား ပြုလုပ်ဆောင်ရွက်ပေးနိုင်မည့် Services Provider လုပ်ငန်းရှင်များအနေဖြင့် စိတ်ပါဝင်စားမှုဖော်ပြချက် (Expression of Interest – EOI) အဆိုပြုလွှာ များကို အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် ဖိတ်ခေါ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြ ထားပါတယ်။

 

ယခင်က စီမံကိန်းနှင့် ဘဏ္ဍာရေးကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ထီရောင်းချရသည့် ငွေကြေး များအနက်မှ ၆၀ ရာခိုင်နှုန်းအား ပြန်လည်ကာ အမြင့်ဆုံးဆုငွေကျပ် သိန်း ၁၀၀၀၀ အား ဆုကြေးအဖြစ်ထုတ် ပေးခဲ့သော်လည်း လက်ရှိတွင် အမြင့်ဆုံးဆုငွေကျပ် သိန်း ၅၀၀၀ ကိုသာ ဆုကြေးအဖြစ် ထုတ်ပေးနိုင်တော့ ကြောင်း သိရပါတယ်။

 

#PeopleMedia #ထီ

 

(unicode)


………………………………………………………………………..

 


 


 


 


 


 



Share this post