• Follow Us on
Latest News

Home ေအာင္လအန္ဆန္ကို စိန္ေခၚလိုက္တဲ့ဒတ္ခ်္လူမ်ိဳးတိုက္ခိ္ုက္ေရးသမား

ေအာင္လအန္ဆန္ကို စိန္ေခၚလိုက္တဲ့ဒတ္ခ်္လူမ်ိဳးတိုက္ခိ္ုက္ေရးသမား

Share this post

ေဖေဖာ္ဝါရီ ၇ ရက္က အင္ဒိုနီး႐ွားႏိုင္ငံၿမိဳ႕ေတာ္ဂ်ာကာတာမွာ ထိုးသတ္ခဲ့တဲ့ ONE Championship – Warrior’s Code ၿပိဳင္ပြဲမွာ Leandro “Wolf” Ataides ဆိုတဲ့ ဘရာဇီးတိုက္ခိုက္ေရးသမားကို ရမွတ္နဲ႔ အႏိုင္ယူခဲ့တဲ့ ဒတ္ခ်္လူမ်ိဳးတိုက္ခိုက္ေရးသမား Reinier “The Dutch Knight” De Ridder က ေအာင္ လအန္ဆန္ရဲ႕ ONE မစ္ဒယ္ဝိတ္ခ်န္ပီယံခါးပတ္ကို စိန္ေခၚခဲ့ပါတယ္။ သံုးခ်ီထိုးသတ္ၿပီးတဲ့ေနာက္ ဒိုင္လူႀကီး ေတြက သူ႔ကို အမွတ္နဲ႔အႏိုင္ေပးခဲ့ပါတယ္။

အဲဒီေနာက္ “ေအာင္လ အဆင္သင့္ပဲလား။ ေ႐ြးထိုက္တဲ့လူဆိုေတာ့ ႀကိဳက္တဲ့ေနရာ၊ အခ်ိန္၊ ေန႔ေ႐ြးလိုက္ စမ္းပါ။ ေျပာင္ေျပာင္လက္ လက္ခါးပတ္ကိုေတာ့ သိမ္းထား။ ငါလာယူမွာမို႔လို႔” ဆိုၿပီး Reinier “The Dutch Knight” De Ridderက ေအာင္လကိုစိန္ေခၚခဲ့တာပါ။ “ကၽြန္ေတာ့္ရဲ႕ခ်န္ပီယံခါးပတ္ကို စိန္ေခၚႏိုင္ဖို႔အတြက္ ယွဥ္ၿပိဳင္ ထိုးသတ္ရတဲ့အေရးႀကီးတဲ့ပြဲစဥ္မွာ အႏိုင္ရရွိသြားတဲ့ Reiner ကို ဂုဏ္ျပဳပါတယ္။ သိပ္မၾကာခင္ အခ်ိန္မွာခ်န္ပီယံခါးပတ္အတြက္ ၿပိဳင္ပြဲႀကိဳးဝိုင္းမွာ ရင္ဆိုင္ထိုးသတ္ဖို႔အတြက္ ေမၽွာ္လင့္ပါတယ္”လို႔ ေအာင္လ က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတံု႔ျပန္ခဲ့ပါတယ္။

Reinier “The Dutch Knight” De Ridder ဟာ အသက္ ၃၀ ႐ွိေနၿပီး အရပ္ ၆ ေပ ၄ လက္မ၊ ကိုယ္အေလး ခ်ိန္ ၁၈၅ ေပါင္႐ွိၿပီး ONE Championship မစ္ဒယ္ဝိတ္တန္းမွာထိုးသတ္ခဲ့တဲ့ ၁၂ ပြဲစလံုး ႐ွံဳးပြဲမ႐ွိထားပါဘူး။ ေအာင္လကေတာ့ အသက္ ၃၄ ႏွစ္၊ အရပ္ ၆ ေပ ၁ လက္မ႐ွိၿပီးေတာ့ မစ္ဒယ္ဝိတ္နဲ႔ လိုက္ဟဲဗီးဝိတ္မွာ ခ်န္ပီ ယံခါးပတ္ရထားသူပါ။ ေနာက္ဆံုးထိုးသတ္ထားတဲ့ ၇ ပြဲမွာ ႐ွံဳးပြဲမ႐ွိသူလည္းျဖစ္ပါတယ္။ လက္႐ွိအခ်ိန္အထိ ေတာ့ သူတို႔ႏွစ္ဦးထိုးသတ္မယ့္ေန႔ကို ONE Championship က ေၾကညာထားျခင္းမ႐ွိ္ပါဘူး။

Source – One Championship

Photo – One Championship

#PeopleMedia #OneChampion #AungLaNSeng

(Unicode)
အောင်လအန်ဆန်ကို စိန်ခေါ်လိုက်တဲ့ဒတ်ခ်ျလူမျိုးတိုက်ခိ်ုက်ရေးသမား
…………………………………………………

ဖေဖော်ဝါရီ ၇ ရက်က အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာမှာ ထိုးသတ်ခဲ့တဲ့ ONE Championship – Warrior’s Code ပြိုင်ပွဲမှာ Leandro “Wolf” Ataides ဆိုတဲ့ ဘရာဇီးတိုက်ခိုက်ရေးသမားကို ရမှတ်နဲ့ အနိုင်ယူခဲ့တဲ့ ဒတ်ခ်ျလူမျိုးတိုက်ခိုက်ရေးသမား Reinier “The Dutch Knight” De Ridder က အောင် လအန်ဆန်ရဲ့ ONE မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို စိန်ခေါ်ခဲ့ပါတယ်။ သုံးချီထိုးသတ်ပြီးတဲ့နောက် ဒိုင်လူကြီး တွေက သူ့ကို အမှတ်နဲ့အနိုင်ပေးခဲ့ပါတယ်။

အဲဒီနောက် “အောင်လ အဆင်သင့်ပဲလား။ ရွေးထိုက်တဲ့လူဆိုတော့ ကြိုက်တဲ့နေရာ၊ အချိန်၊ နေ့ရွေးလိုက် စမ်းပါ။ ပြောင်ပြောင်လက် လက်ခါးပတ်ကိုတော့ သိမ်းထား။ ငါလာယူမှာမို့လို့” ဆိုပြီး Reinier “The Dutch Knight” De Ridderက အောင်လကိုစိန်ခေါ်ခဲ့တာပါ။ “ကျွန်တော့်ရဲ့ချန်ပီယံခါးပတ်ကို စိန်ခေါ်နိုင်ဖို့အတွက် ယှဉ်ပြိုင် ထိုးသတ်ရတဲ့အရေးကြီးတဲ့ပွဲစဉ်မှာ အနိုင်ရရှိသွားတဲ့ Reiner ကို ဂုဏ်ပြုပါတယ်။ သိပ်မကြာခင် အချိန်မှာချန်ပီယံခါးပတ်အတွက် ပြိုင်ပွဲကြိုးဝိုင်းမှာ ရင်ဆိုင်ထိုးသတ်ဖို့အတွက် မျှော်လင့်ပါတယ်”လို့ အောင်လ က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတုံ့ပြန်ခဲ့ပါတယ်။

Reinier “The Dutch Knight” De Ridder ဟာ အသက် ၃၀ ရှိနေပြီး အရပ် ၆ ပေ ၄ လက်မ၊ ကိုယ်အလေး ချိန် ၁၈၅ ပေါင်ရှိပြီး ONE Championship မစ်ဒယ်ဝိတ်တန်းမှာထိုးသတ်ခဲ့တဲ့ ၁၂ ပွဲစလုံး ရှုံးပွဲမရှိထားပါဘူး။ အောင်လကတော့ အသက် ၃၄ နှစ်၊ အရပ် ၆ ပေ ၁ လက်မရှိပြီးတော့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်မှာ ချန်ပီ ယံခါးပတ်ရထားသူပါ။ နောက်ဆုံးထိုးသတ်ထားတဲ့ ၇ ပွဲမှာ ရှုံးပွဲမရှိသူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်အထိ တော့ သူတို့နှစ်ဦးထိုးသတ်မယ့်နေ့ကို ONE Championship က ကြေညာထားခြင်းမရှိ်ပါဘူး။

Source – One Championship

Photo – One Championship

#PeopleMedia #OneChampion #AungLaNSeng


Share this post