• Follow Us on

Home AA(ေအေအ) ကိုေထာက္ခံၿပီးတပ္မေတာ္ကို အပုပ္ခ်သည့္ေဖ့စ္ဘုတ္ အေကာင့္မ်ားကို ပိတ္သိမ္း

AA(ေအေအ) ကိုေထာက္ခံၿပီးတပ္မေတာ္ကို အပုပ္ခ်သည့္ေဖ့စ္ဘုတ္ အေကာင့္မ်ားကို ပိတ္သိမ္း

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၈ (PeopleMedia)

ေအေအအဖြဲ႕ကိုေထာက္ခံၿပီး တပ္မေတာ္ကိုေဝဖန္သည့္ပို႔စ္မ်ားအပါအ၀င္ ရခိုင္ျပည္နယ္မွလက္ရွိျဖစ္စဥ္မ်ားကိုေရးသားေနသည့္ ေဖ့စ္ဘုတ္အေကာင့္ ၉ ေကာင့္၊ စာမ်က္ႏွာ ၈ ခု၊ ဂ႐ု ၂ ခုႏွင့္ အင္စတာဂရမ္အေကာင့္ ၂ ေကာင့္တို႔ကို ပိတ္သိမ္းလိုက္သည္ဟု ေဖ့စ္ဘုတ္ကုမၸဏီက အဂၤါေန႔တြင္ထုတ္ျပန္သည္။

အဆိုပါအေကာင့္မ်ားသည္ ျမန္မာနိုင္ငံအတြင္း၌သာအေျခခံၿပီး ျပည္တြင္းပရိသတ္ကိုသာဦးတည္ေၾကာင္းလည္း ေဖ့စ္ဘုတ္ကထုတ္ျပန္သည္။

ထိုစုေပါင္းအေယာင္ေဆာင္သည့္လုပ္ရပ္တြင္ပါ၀င္သူမ်ားသည္ အေကာင့္တုမ်ားဖန္တီးၿပီး စိတ္ကူးယဥ္ပုဂၢိဳလ္မ်ား၊ အေၾကာင္းအရာမ်ားဖန္တီးၿပီး ယခင္က လိမ္လည္မႈ၊ အၾကမ္းဖက္မႈႏွင့္ အမုန္းစကားမူဝါဒမ်ားကိုခ်ိဳးေဖာက္သျဖင့္ ပိတ္သိမ္းခဲ့သည့္ေပ့ဂ္်မ်ားႏွင္ဂ႐ုမ်ားကို စီမံခန႔္ခြဲသည့္အေကာင့္မ်ားလည္းပါ၀င္ေနသည္။

ဖ်က္သိမ္းခံရသည့္ေပ့ဂ္်မ်ားသည္ တရား၀င္တပ္မေတာ္ေပ့ဂ္်တခုအပါအ၀င္ တျခားသူမ်ားဟန္ေဆာင္ၿပီး ရခိုင္ျပည္နယ္မွလက္ရွိျဖစ္ရပ္မ်ားအေၾကာင္း၊ တပ္မေတာ္ကိုေဝဖန္ၿပီး ေအေအတပ္ဖြဲ႕ကိုေထာက္ခံသည့္အေၾကာင္းအရာမ်ားကို ဗမာဘာသာျဖင့္ ေရးသားေနေၾကာင္းလည္း ေဖ့စ္ဘုတ္ကေျပာသည္။

ထိုလုပ္ရပ္မ်ားသည္ ျမန္မာနိုင္ငံမွလာမည့္ေရြးေကာက္ပြဲကို တိုက္ရိုက္ဦးတည္ထားျခင္းဟုတ္ဟန္မတူေၾကာင္းလည္းေျပာသည္။

ယခုကြန္ရက္ကိုေဖာ္ထုတ္နိုင္ခဲ့ျခင္းသည္ ေရြးေကာက္ပြဲတြင္ ပူးေပါင္းလိမ္လည္သည့္အျပဳအမူမ်ားကို ႀကိဳတင္ကာကြယ္သည့္အေနျဖင့္ စုံစမ္းေဖာ္ထုတ္ရာမွ ေတြ႕ရွိခဲ့ျခင္းဟုလည္းေျပာသည္။

စာမ်က္ႏွာမ်ားကို အေကာင့္ ၁၆၅၀၀ ေက်ာ္က ေစာင့္ၾကည့္ခဲ့ၾကၿပီး ဂ႐ုမ်ားတြင္ အေကာင့္ ၅၀ ခန႔္က အဖြဲ႕၀င္အျဖစ္ပါေနသည့္အျပင္ အင္စတာဂရမ္အေကာင့္မ်ားတြင္လည္း လူ ၂၅ ေယာက္ခန႔္ ေစာင့္ၾကည့္ေနေၾကာင္းလည္း ထုတ္ျပန္ပါသည္။

၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီအေစာပိုင္းတြင္ ေအေအအပါအ၀င္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕အခ်ိဳ႕၏ေဖ့စ္ဘုတ္စာမ်က္ႏွာကို မူဝါဒမ်ားခ်ိဳးေဖာက္သည္ဟုဆိုကာ ေဖ့စ္ဘုတ္က ပိတ္သိမ္းခဲ့သည္။

ထို႔အျပင္ ၂၀၁၈ ခုႏွစ္မွစတင္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးႏွင့္ တပ္ခ်ဳပ္တို႔၏စာမ်က္ႏွာမ်ားကိုလည္း ပိတ္သိမ္းခဲ့သည္။

#PeopleMedia #Facebook #ေအေအ

(unicode)
AA(အေအေ) ကိုထောက်ခံပြီးတပ်မတော်ကို အပုပ်ချသည့်ဖေ့စ်ဘုတ် အကောင့်များကို ပိတ်သိမ်း …………………………………………………….
ရန်ကုန်၊ အောက်တိုဘာ ၂၈ (PeopleMedia) အေအေအဖွဲ့ကိုထောက်ခံပြီး တပ်မတော်ကိုဝေဖန်သည့်ပို့စ်များအပါအ၀င် ရခိုင်ပြည်နယ်မှလက်ရှိဖြစ်စဉ်များကိုရေးသားနေသည့် ဖေ့စ်ဘုတ်အကောင့် ၉ ကောင့်၊ စာမျက်နှာ ၈ ခု၊ ဂရု ၂ ခုနှင့် အင်စတာဂရမ်အကောင့် ၂ ကောင့်တို့ကို ပိတ်သိမ်းလိုက်သည်ဟု ဖေ့စ်ဘုတ်ကုမ္ပဏီက အင်္ဂါနေ့တွင်ထုတ်ပြန်သည်။ အဆိုပါအကောင့်များသည် မြန်မာနိုင်ငံအတွင်း၌သာအခြေခံပြီး ပြည်တွင်းပရိသတ်ကိုသာဦးတည်ကြောင်းလည်း ဖေ့စ်ဘုတ်ကထုတ်ပြန်သည်။ ထိုစုပေါင်းအယောင်ဆောင်သည့်လုပ်ရပ်တွင်ပါ၀င်သူများသည် အကောင့်တုများဖန်တီးပြီး စိတ်ကူးယဉ်ပုဂ္ဂိုလ်များ၊ အကြောင်းအရာများဖန်တီးပြီး ယခင်က လိမ်လည်မှု၊ အကြမ်းဖက်မှုနှင့် အမုန်းစကားမူဝါဒများကိုချိုးဖောက်သဖြင့် ပိတ်သိမ်းခဲ့သည့်ပေ့ဂ်ျများနှင်ဂရုများကို စီမံခန့်ခွဲသည့်အကောင့်များလည်းပါ၀င်နေသည်။ ဖျက်သိမ်းခံရသည့်ပေ့ဂ်ျများသည် တရား၀င်တပ်မတော်ပေ့ဂ်ျတခုအပါအ၀င် တခြားသူများဟန်ဆောင်ပြီး ရခိုင်ပြည်နယ်မှလက်ရှိဖြစ်ရပ်များအကြောင်း၊ တပ်မတော်ကိုဝေဖန်ပြီး အေအေတပ်ဖွဲ့ကိုထောက်ခံသည့်အကြောင်းအရာများကို ဗမာဘာသာဖြင့် ရေးသားနေကြောင်းလည်း ဖေ့စ်ဘုတ်ကပြောသည်။ ထိုလုပ်ရပ်များသည် မြန်မာနိုင်ငံမှလာမည့်ရွေးကောက်ပွဲကို တိုက်ရိုက်ဦးတည်ထားခြင်းဟုတ်ဟန်မတူကြောင်းလည်းပြောသည်။ ယခုကွန်ရက်ကိုဖော်ထုတ်နိုင်ခဲ့ခြင်းသည် ရွေးကောက်ပွဲတွင် ပူးပေါင်းလိမ်လည်သည့်အပြုအမူများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် စုံစမ်းဖော်ထုတ်ရာမှ တွေ့ရှိခဲ့ခြင်းဟုလည်းပြောသည်။ စာမျက်နှာများကို အကောင့် ၁၆၅၀၀ ကျော်က စောင့်ကြည့်ခဲ့ကြပြီး ဂရုများတွင် အကောင့် ၅၀ ခန့်က အဖွဲ့၀င်အဖြစ်ပါနေသည့်အပြင် အင်စတာဂရမ်အကောင့်များတွင်လည်း လူ ၂၅ ယောက်ခန့် စောင့်ကြည့်နေကြောင်းလည်း ထုတ်ပြန်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီအစောပိုင်းတွင် အေအေအပါအ၀င် မြောက်ပိုင်းမဟာမိတ်အဖွဲ့အချို့၏ဖေ့စ်ဘုတ်စာမျက်နှာကို မူဝါဒများချိုးဖောက်သည်ဟုဆိုကာ ဖေ့စ်ဘုတ်က ပိတ်သိမ်းခဲ့သည်။ ထို့အပြင် ၂၀၁၈ ခုနှစ်မှစတင်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် တပ်ချုပ်တို့၏စာမျက်နှာများကိုလည်း ပိတ်သိမ်းခဲ့သည်။
#PeopleMedia #Facebook #အေအေ


Share this post