• Follow Us on
Latest News

Home မြေနီကုန်း ဂုန်းတံတားပေါ်၌ လုံခြုံရေးအဖွဲ့နှင့် PDF တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ တပ်ကြပ်ကြီးတစ်ဦး ကျဆုံးခဲ့ပြီး PDF အဖွဲ့မှ (၄) ဦးသေ၊ (၇) ဦး ဖမ်းဆီးခံခဲ့ရ

မြေနီကုန်း ဂုန်းတံတားပေါ်၌ လုံခြုံရေးအဖွဲ့နှင့် PDF တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ တပ်ကြပ်ကြီးတစ်ဦး ကျဆုံးခဲ့ပြီး PDF အဖွဲ့မှ (၄) ဦးသေ၊ (၇) ဦး ဖမ်းဆီးခံခဲ့ရ

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၅ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့၊ မြေနီကုန်း ဂုန်းတံတားပေါ်၌ လုံခြုံရေးအဖွဲ့နှင့် PDF တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ တပ်ကြပ်ကြီးတစ်ဦး ကျဆုံးခဲ့ပြီး PDF အဖွဲ့မှ (၄) ဦးသေ၊ (၇) ဦး ဖမ်းဆီးခံခဲ့ရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက People Media သို့ ပြောသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် (၁း၃၀) အချိန်၌ မြေနီကုန်း ဂုန်းကျော်တံတားပေါ်၌ လုံခြုံရေးအဖွဲ့နှင့် PDF တို့ ကား ချင်းယှဉ်၍ ပစ်ခတ်မှုဖြစ်ပွားရာ တပ်မတော်မှ တပ်ကြပ်ကြီးတစ်ဦး ကျဆုံးခဲ့ပြီး PDF အဖွဲ့မှ (၄) ဦးသေ၊ (၇) ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး People Media က သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “နံနက် ၁း၃၀ မိနစ်အချိန်က မြေနီကုန်း ဂုန်းကျော်တံတားပေါ်မှ အပြန်အလှန်ပစ်ခတ်မှုဖြစ်သွားတာ။ တပ်က တပ်ကြပ်ကြီး တစ်ယောက်ကျသွားတယ်။ PDF က လေးယောက်သေတယ်။ အရှင်က ၇ ယောက်မိတယ်” လို့ ပြောဆိုသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ ရန်ကုန်မြို့၌ လှည့်ကင်းဆောင်ရွက်နေသည့် တပ်မတော်မှ ယာဉ်တစ်စီး သည် လက်ပစ်ဗုံးပစ်သွင်းခံရမှုကြောင့် အရာရှိ၊ စစ်သည်အချို့ ကျဆုံးမှုရှိခဲ့သည်။

 

#PeopleMedia #စမ်းချောင်းမြို့

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post