• Follow Us on

Home မြောက်ကိုရီးယားက တာဝေးပစ်ခရုစ်ဒုံးကျည်အသစ်ပစ်လွှတ်ပြီးနောက် ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယား သံတမန်များ သုံးပွင့်ဆိုင်ဆွေးနွေး

မြောက်ကိုရီးယားက တာဝေးပစ်ခရုစ်ဒုံးကျည်အသစ်ပစ်လွှတ်ပြီးနောက် ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယား သံတမန်များ သုံးပွင့်ဆိုင်ဆွေးနွေး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄ (People Media)

 

မြောက်ကိုရီးယားအစိုးရက ၎င်းတို့နိုင်ငံ၏ တာဝေးပစ်ခရုစ်ဒုံးကျည်အသစ်ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ် နိုင်ကြောင်းကြေညာပြီးနောက် ဂျပန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ထိပ်တန်း အဆင့်သံတမန်သုံးဦးသည် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုနှင့် နျူကလီးယားလက်နက်ထုတ်လုပ်မှု များအကြောင်း ဆွေးနွေးရန် သြဂုတ်လ ၁၄ ရက်နေ့က တိုကျိုမြို့တွင် စုဝေးခဲ့ကြသည်။

 

အဆိုပါထိပ်တန်းသံတမန်သုံးဦးမှာ မြောက်ကိုရီးယားမူဝါဒဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်ဆောင်ကမ်၊ ကိုးရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ တောင်ကိုရီးယားအထူးကိုယ်စားလှယ် နိုကျူဒက်နှင့် ဂျပန်နိုင်ငံမှ အာရှနှင့်အိုရှန်းဒေသဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် တာကီဟီရိုဖူနာကိုရှီတို့ဖြစ်သည်။

 

သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ မြောက်ကိုရီးယား၏ တာဝေးပစ်ခရုစ်ဒုံးကျည်သစ်မပစ်လွှတ်ခင်ကတည်းက စီစဉ်ထား ပြီးသားဖြစ်ကြောင်း၊ သို့သော် မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်ပြီးနောက်နေ့မှ ကျင်းပဖြစ်သည့်သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ သုံးနိုင်ငံကြားရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းအတည်ပြုလိုက်သည့်ဖြစ်ရပ်ဖြစ် ကြောင်း၊ မြောက်ကိုရီးယား၏နောက်ဆုံးအခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးတိုရှီမိစုမိုတီဂျိကပြောသည်။

 

မြောက်ကိုရီးယားက တာဝေးပစ်ခရုစ်ဒုံးကျည်အသစ်ပစ်လွှတ်ခြင်းမှာ ဒေသတွင်း ခြိမ်းခြောက်မှုအသစ်ဖြစ် ကြောင်း ဂျပန်အရာရှိများနှင့်စစ်ရေးကျွမ်းကျင်သူအချို့ကပြောသည်။ မြောက်ကိုရီးယားက ပစ်လွှတ်လိုက်သည့် တာဝေးပစ်ဒုံးကျည်သည် ကီလိုမီတာ ၁,၅၀၀ (မိုင် ၉၃၀) ရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်ကြောင်း မြောက်ကိုရီး ယားအစိုးရပိုင် ကိုရီးယားဗဟိုသတင်းဌာနက စက်တင်ဘာလ ၁၃ ရက်နေ့က ပြောသည်။

 

အဆိုပါဒုံးကျည်သစ်များကို နျူကလီးယားထိပ်ဖူးများတပ်ဆင်အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ် ကြောင်းပြောဆိုရင်း မြောက်ကိုရီးယားနိုင်ငံက ၎င်းနိုင်ငံ၏ ဒုံးကျည်သစ်များကို “အလွန်အရေးပါသည့် မဟာဗျူ ဟာမြောက်လက်နက်” အဖြစ်ရည်ညွှန်းဂုဏ်ပြုလိုက်သည်။ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ရန်လို မှုကိုကာကွယ်ဟန့်တားရန် မြောက်ကိုးရီးယားနိုင်ငံအတွက် နျူကလီးယားလက်နက်များလိုအပ်ကြောင်း မြောက်ကိုရီးယားအစိုးရကပြောသည်။

 

Ref: Japan, US, S Korea discuss N Korea day after missile launch

 

#PeopleMedia

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 

Ref: Japan, US, S Korea discuss N Korea day after missile launch

 

#PeopleMedia


Share this post