• Follow Us on

Home မြောက်ကိုရီးယားက အမေရိကန်နှင့် ပြန်လည်ဆွေးနွေးရန် အရေးယူပိတ်ဆို့မှုများ လျှော့ချစေချင်ဟု တောင်ကိုရီးယားအမတ်များပြော

မြောက်ကိုရီးယားက အမေရိကန်နှင့် ပြန်လည်ဆွေးနွေးရန် အရေးယူပိတ်ဆို့မှုများ လျှော့ချစေချင်ဟု တောင်ကိုရီးယားအမတ်များပြော

Share this post

ဆိုးလ်၊ သြဂုတ် ၃ (People Media)

 

မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် နျူကလီးယားလက် နက်များဖယ်ရှားရေးဆွေးနွေးပွဲ ပြန်လည်မစတင်မီ ၎င်းနိုင်ငံ၏ ဓာတ်သတ္တုပို့ကုန်များ၊ လောင်စာဆီသွင်းကုန်များနှင့် အခြားလိုအပ်သော ကုန်စည်များအပေါ် နိုင်ငံတကာမှ အရေးယူပိတ်ဆို့ထားမှုများအား ဖြေလျှော့ရုပ် သိမ်းပေးစေလိုကြောင်း သြဂုတ်လ ၃ ရက်နေ့တွင် တောင်ကိုရီးယားအမတ်များကပြောကြားလိုက်သည်။

 

ပြုံယမ်းအစိုးရအနေဖြင့် အကောင်းစားအရက်များနှင့် ဝတ်စုံများအပါအဝင် ဇိမ်ခံပစ္စည်းများတင်သွင်းမှုကို ဒဏ် ခတ်ပိတ်ဆို့ထားမှုအား ဖြေလျှော့ပေးရန်တောင်းဆိုထားသည်ဟု တောင်ကိုးရီးယားအမျိုးသားထောက်လှမ်းရေး အဖွဲ့ (NIS) အကြီးအကဲ ပတ်ဂျုံဝန်နှင့် ဆွေးနွေးပြီးနောက် လွှတ်တော်အမတ်များကပြောဆိုခဲ့ခြင်းဖြစ်သည်။

 

မြောက်ကိုရီးယားနိုင်ငံက လွန်ခဲ့သည့်တစ်နှစ်က ရပ်ဆိုင်းထားသည့် သီးသန့်တယ်လီဖုန်းလိုင်းကို ကိုရီးယား လူမျိုးနှစ်ဦးက ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် တစ်ပတ်အကြာတွင် ဆွေးနွေးကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်း တယ်လီဖုန်းလိုင်းပြန်လည်ဖွင့်လှစ်ခဲ့ခြင်းမှာ လပေါင်းများစွာအတွင်း မြောက်ကိုရီးယားက ပြန်လည်ဆက်သွယ် ရန် ပိုမိုလိုလားကြောင်း ပထမဦးဆုံး အရိပ်အမြွက်ပြခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

 

“ကြိုတင်သတ်မှတ်ချက်တစ်ခုအဖြစ် အမေရိကန်ပြည်ထောင်စုက ဓာတ်သတ္တုတင်ပို့တာတွေ၊ လောင်စာဆီနဲ့ တခြားလိုအပ်တဲ့ကုန်စည်တွေတင်သွင်းတာတွေကို ခွင့်ပြုသင့်ပါတယ်။” ဟု ပါလီမန်ထောက်လှမ်းရေးကော်မတီ ဝင် ဟာမေးကောင်က ထောက်လှမ်းရေးအကြီးအကဲပတ်ဂျုံဝန်စကားကိုကိုးကားပြီး သတင်းထောက်များကို ပြောသည်။

 

“ဘယ်ပစ္စည်းတွေကို အလိုချင်ဆုံးလဲလို့ ကျွန်တော်မေးကြည့်ပါတယ်။ အဆင့်မြင့်အရက်တွေနဲ့ ဝတ်စုံတွေပါ တယ်လို့ သူတို့ကပြောတယ်။ ဒါတွေဟာ ကင်ဂျုံအန်တစ်ယောက်တည်းသုံးဖို့ မဟုတ်ပါဘူး။ ပြုံယမ်းမှာရှိတဲ့ အထက်တန်းလွှာလူကြီးတွေအတွက်လည်းပါပါတယ်လို့ပြောတယ်” ဟု မြောက်ကိုရီးယားခေါင်းဆောင်၏ စကားကိုကိုးကားပြီး ၎င်းကပြောသည်။

 

ဆွေးနွေးပွဲများပြန်လည်စတင်ရန် အရေးယူပိတ်ဆို့မှုများပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုချက်နှင့်ပတ် သက်၍ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းမီဒီယာများတွင် မည်သည့်ဖော်ပြချက်မှမတွေ့ရပေ။

 

အမေရိကန်အစိုးရက ဆွေးနွေးပွဲများမစတင်မီ အရေးယူပိတ်ဆို့မှုများဖြေလျှော့ပေးရန် လိုလားသည့် မည်သည့် အရိပ်လက္ခဏာမျိုးကိုမှ ထုတ်ဖော်ပြသခြင်းမရှိသေးပေ။ မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်ပိတ် ဆို့မှုများအား ပြည့်ပြည့်ဝဝဆောင်ရွက်ရန် ယခုအပတ်အတွင်းကျင်းပခဲ့သည့် အင်တာနက်လိုင်း ပေါ်မှအစည်းအ ဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အရှေ့တောင်အာရှနိုင်ငံများ မှ နိုင်ငံခြားရေး ဝန်ကြီးများကိုတောင်းဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က တနင်္လာနေ့က ပြောကြားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုအနေဖြင့် ကြိုတင်သတ်မှတ်ချက်များမပါဘဲ မည်သည့်အချိန်၊ မည်သည့်နေရာတွင် မဆို မြောက်ကိုရီးယားနှင့်တွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေကြောင်း အင်္ဂါနေ့တွင် ပရိုက်စ်က ထပ်လောင်း ပြောကြားခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှမတွေ့ရပေ။

 

“တစ်ချိန်တည်းမှာပဲ ဘယ်လိုပုံစံချိန်းဆိုချက်မဆို ပျက်ကွက်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလ သမဂ္ဂအရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ဆက်လက်တည်ရှိနေမှာဖြစ်ပြီး နိုင်ငံတကာလူ့အဖွဲ့အစည်းတွေနဲ့အ တူ ကျွန်တော်တို့နိုင်ငံကလည်း သူတို့ကို ဆက်လက်ဖိအားပေးသွားမှာပဲဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာ န ပြောရေးဆိုခွင့်ရှိသူ အခြားတစ်ဦးကလည်း ဖြည့်စွက်ပြောသည်။

 

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များနှင့် ပဲ့ထိန်းဒုံးကျည်များ ထုတ်လုပ်မှုနှင့်ပတ်သက်၍ မြောက် ကိုးရီးယားနိုင်ငံအပေါ် ကြီးမားကျယ်ပြန့်သော အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ကုလသမဂ္ဂက ချမှတ်ထားခဲ့ သလို အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများကလည်း အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ကြသည်။

 

မြောက်ကိုရီးယားနိုင်ငံသည် ၂၀၁၇ ခုနှစ်ကတည်းက နျူကလီးယားလက်နက်နှင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် တို့ စမ်းသပ်ပစ်လွှတ်မှုကိုဆောင်ရွက်ခြင်းမပြုတော့ပေ။ ၂၀၁၈ ခုနှစ်တွင်ပြုလုပ်ခဲ့သည့် ကင်ဂျုံအန်နှင့် အမေရိ ကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ကြားက သမိုင်းဝင်တွေ့ဆုံမှုက သံတမန်ဆိုင်ရာအခက်အခဲပြဿနာများ ကိုထိုးဖောက်ကျော်လွှားနိုင်မှုအဖြစ် မျှော်လင့်ခဲ့ကြသည်။

 

ထရမ့်သည် ကင်နှင့် နောက်ဆက်တွဲနှစ်ကြိမ်တွေ့ဆုံနိုင်ခဲ့သော်လည်း အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပေးရေး အတွက် နျူကလီးယားနှင့် ဒုံးကျည်စီမံချက်များ စွန့်လွှတ်ရန် မြောက်ကိုးရီးယားကို နားချရာတွင် မည်သည့် အောင်မြင်မှုမှမရရှိခဲ့ပေ။

 

မြောက်ကိုရီးယားနိုင်ငံသည် စမ်းသပ်ပိတ်ဆို့ထားမှုများကို ဖြေလျှော့ပေးရန် ကမ်းလှမ်းမှုမရှိသည့်အတွက် အ မေရိကန်အစိုးရအပေါ် တအုံနွေးနွေးမကျေမနပ်ဖြစ်နေပုံရကြောင်း တောင်ကိုရီးယားအမတ် ကမ်ဗျောင်ကီးက ပြောသည်။

 

“အမေရိကန်ပြည်ထောင်စုအနေနဲ့ အရေးယူပိတ်ဆို့မှုတချို့ကို ပြန်လည်ညှိနှိုင်းပြီး သူတို့ကို ဆွေးနွေးပွဲကို ပြန် လည်ခေါ်ဆောင်သင့်ပါတယ်” ဟု ထောက်လှမ်းရေးအကြီးအကဲပတ်၏စကားကို ကိုးကားပြီး ကမ်ကပြော သည်။

 

တောင်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများဆောင်ရွက်နေပြီး  ယင်းလေ့ကျင့်မှုများမှာ ကျူးကျော်မှုအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် မြောက်ကိုရီးယားနိုင်ငံကရှုမြင်ထား ကြောင်းနှင့် ယင်းလေ့ကျင့်မှုများမှာ နှစ်နိုင်ငံဆက်ဆံရေးတင်မာမှုများလျော့ပါးလာခြင်းအပေါ် ထိခိုက်လာမည် ဖြစ်ကြောင်း ကင်ဂျုံအန်၏ညီမ ကမ်ယိုဂျောင်က စနေနေ့က တောင်ကိုးရီးယားနိုင်ငံကိုသတိပေးလိုက်သည်။

 

“တောင်ကိုရီးယား- အမေရိကန် စစ်ရေးလေ့ကျင့်မှုတွေကို ပြောင်းလွယ်ပြင်လွယ်တုံ့ပြန်နိုင်ရေး ချင့်ချိန် စဉ်း စားဖို့ဆိုတာ လိုအပ်ချက်တစ်ရပ်ဖြစ်ပါတယ်။” ဟု ထောက်လှမ်းရေးအကြီးအကဲပတ်၏စကားကို ကိုးကားပြီး ကမ်ဗျောင်ကီး ကပြောသည်။

 

ကမ်ဂျုံအန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်တို့သည် ယုံကြည်မှုပြန်လည်တည်ဆောက်ရန်နှင့် ဆက် ဆံရေးတိုးမြှင့်ရန် လိုလားလျက်ရှိကြောင်း ဧပြီလကတည်းက ထုတ်ဖော်ပြောကြားခဲ့ကြပြီး ကမ်က သီးသန့်ဖုန်း လိုင်းကိုပြန်လည်ဆက်သွယ်ရန် အမိန့်ပေးခဲ့ကြောင်း ဟာတေးကောင်က ပြောသည်။

 

ကိုရိုနာဗိုင်းရပ်စ်နှင့် ဆိုးရွားလှသောရာသီဥတုကြောင့် စီးပွားရေးချုံးချုံးကျလျက်ရှိသဖြင့် စစ်ပွဲအတွက်အရန် ထားရှိသောဆန်များကို ထုတ်ယူသုံးစွဲသည့်တိုင် မြောက်ကိုးရီးယားအနေဖြင့် ဆန်တန်ချိန် ၁ သန်းခန့် လိုအပ် လျက်ရှိကြောင်း တောင်ကိုရီးယားအမတ်များကပြောသည်။

 

“သူတို့တွေ အရန်ဆန်တွေထုတ်သုံးနေတာ ကုန်တော့မယ်။ သူတို့စိုက်ပျိုးထားတဲ့ မုယောစပါးနဲ့ အာလူးတွေ အပါအဝင် နွေစပါးတန်ချိန် ၄၀၀,၀၀၀ ကို မှီခိုနေကြရတယ်” ဟု ကမ်ဗျောင်ကီး ကပြောသည်။

 

ရိုက်တာ

 

Ref; N.Korea wants sanctions eased to restart U.S. talks -S.Korea lawmakers

 

(unicode)


……………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref; N.Korea wants sanctions eased to restart U.S. talks -S.Korea lawmakers


Share this post