• Follow Us on

Home မြောက်ကိုရီးယားက နောက်ဆုံးပေါ်ခေတ်မီအမြောက်များ ပစ်ခတ်စမ်းသပ်

မြောက်ကိုရီးယားက နောက်ဆုံးပေါ်ခေတ်မီအမြောက်များ ပစ်ခတ်စမ်းသပ်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၈ (People Media)

 

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ရန်လိုသောမူဝါဒကိုစွန့်လွှတ်ရန် မြောက်ကိုရီးယားနိုင်ငံက ဆက် လက်ဖိအားပေးနေစဉ်အတွင်း မြောက်ကိုရီးယားအစိုးရသည် ၎င်းတို့၏ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ရန်အ တွက် ၎င်းတို့၏နောက်ဆုံးပေါ်လက်နက်များဖြစ်သော အမြောက်ကြီးများကို ပစ်ခတ်လေ့ကျင့်ခဲ့ကြောင်း အစိုးရ ပိုင်မီဒီယာက နိုဝင်ဘာလ ၇ ရက်နေ့ကကြေညာခဲ့သည်။

 

ခေတ်မီအမြောက်တပ်ဖွဲ့များကြားတွင် အမြောက်ပစ်ခတ်လေ့ကျင့်မှုပြိုင်ပွဲတစ်ရပ်ကျင်းပခဲ့ပြီး ယင်းစစ်ရေးလေ့ ကျင့်မှုပြိုင်ပွဲကို အစိုးရထိပ်တန်းအရာရှိများနှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ခဲ့ကြောင်း ကိုရီးယား ဗဟိုသတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

 

လွန်ခဲ့သည့်နှစ်ကကျင်းပခဲ့သော အမြောက်ပစ်လေ့ကျင့်ခန်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ် တိုင်ကြီးကြပ်ခဲ့သော်လည်း ယခုနှစ်အမြောက်ပစ်ပြိုင်ပွဲအား ကင်ဂျုံအန်စောင့်ကြည့်လေ့လာခြင်းမရှိကြောင်း သိ ရပြီး သတင်းထဲတွင်လည်း ကင်ဂျုံအန်အကြောင်းဖော်ပြခြင်းမရှိချေ။

 

ယခုနှစ်စစ်ရေးလေ့ကျင့်မှုမှာ ခေတ်မီအမြောက်တပ်ဖွဲ့များ၏ ရွေ့လျားပစ်ခတ်နိုင်စွမ်းနှင့် တိုက်ပွဲဝင်နိုင်သည့်တိုး တက်မှုများကို စစ်ဆေးကြည့်ရှုရန်နှင့် မြောက်ကိုရီးယားတပ်မတော်၏ စစ်ရေးလေ့ကျင့်မှုယှဉ်ပြိုင်နိုင်စွမ်းကို ထပ်မံတိုးမြှင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။

 

ယခုနှစ် စက်တင်ဘာလကတည်းက မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်မဟာမိတ်များဖြစ်သော တောင် ကိုရီးယားနှင့် ဂျပန်နိုင်ငံအထိ ပစ်ခတ်နိုင်သော နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သည့် ဒုံးကျည်များအပါအ ဝင် အသစ်ထုတ်လုပ်ထားသော ဒုံးကျည်များကို စမ်းသပ်ပစ်ခတ်ခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံသည် ၎င်းကို နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံအဖြစ် ပြိုက်ဘက်နိုင်ငံများက လက်ခံစေချင်နေကြောင်းနှင့် နိုင်ငံအပေါ်ချမှတ်ထားသော နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကို ဖြေလျှော့စေ ချင်နေကြောင်း ကျွမ်းကျင်သူအချို့ကပြောသည်။

 

မြောက်ကိုရီးယားနိုင်ငံ၏ အမြောက်ပစ်ခတ်မှုကို ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများလောက် အထူးသဖြင့် ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ပေါင်းအမျိုးမျိုးဖြင့်ပိတ်ပင်တားမြစ်ထားသည့် ပဲ့ထိန်းဒုံကျည်ပစ်ခတ်မှု လောက် ပြင်ပကမ္ဘာက စိတ်ဝင်စားခြင်းမရှိပေ။ သို့သော် တောင်ကိုရီးယားနယ်စပ်အနီးတပ်ဖြန့်ချထားသည့် မြောက်ကိုရီးယားနိုင်ငံ၏ တာဝေးပစ်အမြောက်များကမူ တောင်ကိုရီးယား၏ လူဦးရေထူထပ်သောမြို့ကြီးများ နှင့် အခြားဒေသများအတွက် အန္တရာယ်ရှိသည့်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း ကျွမ်းကျင်သူများကပြော သည်။

 

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစီမံကိန်းအဆုံးသတ်ရန် အမေရိကန်ဦးဆောင်သည့် ဆွေးနွေးပွဲများမှာ မြောက်ကိုရီးယားနိုင်ငံပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများနှင့်ပတ်သက်၍ ငြင်းခုန်နေကြစဉ်အတွင်း ၂၀၁၉ ခု နှစ် အစောပိုင်းကာလတွင် ပျက်ပြားသွားခဲ့သည်။

 

မြောက်ကိုရီးယားအရေးဆွေးနွေးပွဲများကို ကြိုတင်သတ်မှတ်ချက်များမထားရှိဘဲ ပြန်လည်စတင်ရန် မကြာသေး မီကာလက အမေရိကန်အရာရှိများကကမ်းလှမ်းခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံကမူ အမေရိကန်ပြည်ထောင်စုက ရန်လိုသည့်မူဝါဒကို မစွန့်လွှတ်လျှင် ဆွေးနွေးပွဲများကို ပြန်လည်စတင်မည်မဟုတ်ကြောင်းပြောသည်။ မြောက်ကိုရီးယားပြောဆိုသည့်ရန်လိုသောမူဝါဒဆိုသည်မှာ ၎င်း တို့နိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့ထားခြင်းနှင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပုံမှန်စစ်ရေးလေ့ ကျင့်ခြင်းများကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

 

Ref: North Korea stages artillery firing drill in latest weapons test

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: North Korea stages artillery firing drill in latest weapons test

 

#PeopleMedia


Share this post