• Follow Us on

Home မြောက်ကိုရီးယားစစ်သင်္ဘောကို တောင်ကိုရီးယားက သတိပေးပစ်ခတ်

မြောက်ကိုရီးယားစစ်သင်္ဘောကို တောင်ကိုရီးယားက သတိပေးပစ်ခတ်

Share this post

နိုင်ငံတကာ၊ မတ် ၉

 

တောင်ကိုရီးယားတပ်မတော်က မြောက်ကိုရီးယားစစ်သင်္ဘောတစ်စီးကို နှစ်နိုင်ငံနယ်စပ်ရေပိုင်နက်ထဲမှာ အင်္ဂါ နေ့ (မတ်လ ၈ ရက်) မနက်ပိုင်းက သတိပေးပစ်ခတ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

 

မြောက်ကိုရီးယားစစ်သင်္ဘောဟာ တောင်ကိုရီးယားရေပိုင်နက် နယ်စပ်မျဉ်းကိုဖြတ်သွားခဲ့ပြီး တောင်ကိုရီးယား ဘက်က သတိပေးပစ်ခတ်လိုက်ပြီးတဲ့နောက်မှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

 

ချဉ်းကပ်လာတဲ့သင်္ဘောဟာ မြောက်ကိုရီးယားစစ်သင်္ဘောဖြစ်တယ်လို့ သတင်းတချို့ကပြောသလို ဒီသင်္ဘော က သင်္ဘောသားခုနစ်ဦးနဲ့အတူ အဲဒီသင်္ဘောကို စစ်ဆေးမေးမြန်းဖို့အတွက် တောင်ကိုရီးယား ဘေးညောင်း ကျွန်း (Baengnyeong island) ကို ခေါ်သွားတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

 

Arirang ရေဒီယိုအသံလွှင့်ဌာနရဲ့ပြောကြားချက်အရ အဲဒီသင်္ဘောဟာ ပင်လယ်ထဲမှာမျောနေတဲ့ငါးဖမ်းသင်္ဘော လို့လည်း ဆိုပါတယ်။

 

ကိုးရီးယားကျွန်းဆွယ်ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ မြောက်ပိုင်းကန့်သတ်မျဉ်း (Northern Limit Line-NLL) လို့ခေါ်တဲ့ ကန့်သတ်နေရာကို မြောက်ကိုရီးယားနိုင်ငံက အသိအမှတ်မပြုပါဘူး။

 

၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲပြီးတဲ့နောက်ပိုင်းမှာ နှစ်နိုင်ငံကြားရန်လိုမှုများကို ဟန့်တားကာကွယ်ဖို့ဆိုပြီး ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ထောက်ခံချက်နဲ့ မြောက်ပိုင်းကန့်သတ်မျဉ်း (NLL) ကို တစ်ဖက်သတ်ရေးဆွဲထားတာ လို့ ဆိုပါတယ်။

 

ကိုရီးယားစစ်ပွဲအပြီး နောက်ပိုင်းမှာလည်း နှစ်နိုင်ငံစစ်သင်္ဘောတွေဟာ အဲဒီနယ်စပ်ဒေသမှာ မကြာခဏ တိုက် ပွဲဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

 

Ref: South Korean navy fires warning shots at military boat from North Korea

 

#PeopleMedia

 

(unicode)


………………………………..

 


 


 


 


 


 


 


 


 

Ref: South Korean navy fires warning shots at military boat from North Korea

 

#PeopleMedia


Share this post