• Follow Us on

Home မြောက်ကိုရီးယားစစ်အင်အားပြပွဲကျင်းပခဲ့ကြောင်း တောင်ကိုရီးယားတပ်မတော်ပြော

မြောက်ကိုရီးယားစစ်အင်အားပြပွဲကျင်းပခဲ့ကြောင်း တောင်ကိုရီးယားတပ်မတော်ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၉ (People Media)

 

မြောက်ကိုရီးယားအစိုးရသည် မြို့တော်ပြုံယမ်းတွင် ညဘက်အချိန် စစ်အင်အားပြချီတက်ပွဲပြုလုပ်ခဲ့ဖွယ်ရှိ ကြောင်း တောင်ကိုရီးယားတပ်မတော်ကပြောကြားလိုက်သည်။

 

မြောက်ကိုရီးယားအစိုးရ၏ စစ်အင်အားပြချီတက်ပွဲသည် နျူကလီးယားသံတမန်အရေး ဖြေလျှော့ပေးရေးနှင့် ပတ်သက်၍ အမေရိကန်အစိုးရအပေါ်ဖိအားပေးရာတွင် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ဖွယ် ရှိကြောင်းသိရသည်။ မြောက်ကိုရီးယား၏ စစ်အင်အားပြပွဲအရိပ်လက္ခဏာများအား စုံစမ်းထောက်လှမ်းခဲ့ပြီး နောက် အနီးကပ်စောင့် ကြည့်လေ့လာနေကြောင်း တောင်ကိုရီးယားပူးတွဲတပ်ဖွဲ့ဝင်များ၏ စစ်ဦးစီးချုပ်ကပြော သည်။

 

မြောက်ကိုရီးယားနိုင်ငံထူထောင်ခြင်း ၇၃ နှစ်မြောက် အခမ်းအနားအဖြစ် ကျင်းပခဲ့သည့် ယင်းစစ်အင်အားပြပွဲ တွင် မည်သည့်လက်နက်အမျိုးအစားများထုတ်ဖော်ပြသထားသည်ကိုမသိရသလို မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်ကင်ဂျုံအန်တက်ရောက်ခြင်းရှိမရှိကိုလည်း မသိရပေ။

 

စစ်အင်အားပြပွဲနှင့်ပတ်သက်၍ မြောက်ကိုရီးယားအစိုးရသတင်းဌာနမှ သြဂုတ်လ ၉ ရက်နေ့ နံနက်ခင်းသတင်း စီအစဉ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းမရှိပေ။ မြောက်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့်နှစ် ဇန်နဝါရီနှင့် အောက် တိုဘာလများအတွင်း ကျင်းပခဲ့သည့် စစ်အင်အားပြပွဲများတွင်လည်း ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုများမရှိခဲ့ဘဲ နောက်ပိုင်းကျမှ ရေဒီယိုမှအသံလွှင့်ခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံသည် ပြုံယမ်းမြို့တော်ရှိ ကင်အီဆွန်းရင်ပြင်တွင် ချီတက်လာသောတပ်ဖွဲ့ဝင်ထောင် ပေါင်းများစွာနှင့်အတူ ခေတ်အမီဆုံးစစ်လက်နက်စ္စည်းများကို ထုတ်ဖော်ပြသပြီး နိုင်ငံတော်အခမ်းအနားများ ကို မကြာခဏကျင်းပလေ့ရှိသည်။

 

ဇန်နဝါရီလအတွင်း အလုပ်သမားပါတီညီလာခံကျင်းပနေစဉ်အတွင်း ရေငုပ်သင်္ဘောများမှပစ်ခတ်နိုင်သည့် ထုတ်လုပ်နေဆဲ ဒုံးကျည်အသစ်များကို  မြောက်ကိုရီးယားအစိုးရက ထုတ်ဖော်ပြသခဲ့သည်။ အမေရိကန်၏ ရန်လိုမှုကို တုံ့ပြန်ရင်ဆိုင်ရာတွင် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ထုတ်လုပ်ရေးအစီအစဉ်များ ကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းညီလာခံတွင် ကင်ဂျုံအန်က ပြောကြားခဲ့သည်။

 

အာဏာရပါတီ၏ ၇၅ နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် လွန်ခဲ့သည့်နှစ် အောက်တိုဘာလအ တွင်းပြုလုပ်ခဲ့သော စစ်အင်အားပြအခမ်းအနားတွင် ယနေ့အချိန်အထိ အကြီးမားဆုံးတိုက်ချင်းပစ်ပဲ့ထိန်း ဒုံးပျံ ကို မြောက်ကိုရီးယားအစိုးရက ထုတ်ဖော်ပြသခဲ့သည်။ ၂၀၁၇ ခုနှစ်ကလည်း မြောက်ကိုရီးယားအစိုးရသည် အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်သော တိုက်ချင်းပစ်ဒုံးပျံ (ICBM) များကို စမ်းသပ်ပစ်လွှတ်ပြခဲ့သည်။

 

စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများအားပြန်လည်ရုပ်သိမ်းပေးရန် ၂၀၁၉ ခုနှစ်တွင် မြောက်ကိုရီးယားအစိုးရက တောင်းဆိုခဲ့ရာ ထိုစဉ်က ဒေါ်နယ်ထရမ့်ဦးဆောင်သောအမေရိကန်အစိုးရကပယ်ချခဲ့သည်။ နှစ်နိုင်ငံကြား ပျက်ပြားခဲ့သည့်ဆွေးနွေးပွဲများကို ယနေ့အချိန်အထိ ပြန်လည်စတင်နိုင်ခြင်းမရှိသေးပေ။

 

ယင်းအချိန်ကတည်းက ကင်ဂျုံအန်က ၎င်းနိုင်ငံ၏ နျူကလီးယားအစီအစဉ်များကိုပြန်လည်မြှင့်တင်ဆောင်ရွက် ရန် တွန်းအားပေးခဲ့သည်။ ကင်ဂျုံအန်သည် လက်ရှိအချိန်အထိ ဘိုင်ဒန်ဦးဆောင်သော အမေရိကန်အစိုးရက ကမ်းလှမ်းသည့် ဆွေးနွေးမှုများကိုပယ်ချခဲ့ကာ အမေရိကန်၏ ရန်လိုသည့်မူဝါဒကို အရင်ဦးဆုံးစွန့်လွှတ်ရန် တောင်းဆိုခဲ့သည်။

 

Ref: Seoul’s military says N Korea likely staged military parade

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Seoul’s military says N Korea likely staged military parade

 

#PeopleMedia


Share this post