• Follow Us on
Latest News

Home မြောက်ကိုရီးယားနိုင်ငံက အာကာသသို့ ထောက်လှမ်းရေးဂြိုဟ်တုများ ပိုမိုလွှတ်တင်သွားမည်

မြောက်ကိုရီးယားနိုင်ငံက အာကာသသို့ ထောက်လှမ်းရေးဂြိုဟ်တုများ ပိုမိုလွှတ်တင်သွားမည်

Share this post

နိုင်ငံတကာ၊ မတ် ၁၀

 

မြောက်ကိုရီးယားနိုင်ငံ(DPRK) ၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံသည် အာကာ သသို့ အမျိုးမျိုးသော စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုများကို လွှတ်တင်သွားမည်ဟု ပြောကြားခဲ့ ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက မတ် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

 

ကင်ဂျုံအန်က မကြာသေးမီတွင် အမျိုးသား အာကာသယာဉ် တည်ဆောက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အုပ်ချုပ်ရေးအဖွဲ့(NADA) အား စစ်ဆေးကြည့်ရှုခဲ့စဉ်အတွင်း ထိုသို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ကင်ဂျုံအန်သည် ဖေဖော်ဝါရီ ၂၇ ရက် နှင့် မတ် ၅ ရက်တို့တွင် ထောက်လှမ်းရေးဂြိုဟ်တု နှစ်စင်း တီထွင်စမ်း သပ်မှုပြုလုပ်ခဲ့သည့် NADA ၏ ကြီးမားသည့်စမ်းသပ်မှုရလဒ်များအပေါ် များစွာကျေနပ်အားရကြောင်း ထုတ် ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

 

အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားအား ကာကွယ်ခြင်းနှင့် မိမိကိုယ်ကို ခုခံကာကွယ်ရန် တရားဝင် အခွင့်အရေးများ အသုံးချခြင်းအတွက် ထောက်လှမ်းရေးဂြိုဟ်တုများ ဖွံ့ဖြိုးတိုးတက်မှုသည် လုပ်စရာတစ်ခု ဖြစ်သည်ဟု မှတ်ယူကြောင်း၊ နိုင်ငံ၏ စစ်ပြင်ဆင်မှုအား တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းဖြင့် စစ်ပွဲ အသင့်ရှိမှုစွမ်းရည်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ခြင်း အရေးပေါ်စီမံကိန်းသည် အမြင့်ဆုံး တော်လှန်ရေး လုပ်ငန်းတာဝန်၊ ပါတီနှင့် အစိုးရအဖွဲ့ အရေးကြီးဆုံး အလေးထားသည့် နိုင်ငံရေးနှင့် စစ်ရေး ဦးစားပေးတာဝန် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးဂြိုဟ်တုများ တီထွင်ထုတ်လုပ်ခြင်းနှင့် လုပ်ဆောင်ခြင်း ရည်ရွယ်ချက်သည် ၎င်းအားဆန့်ကျင်သည့် စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ မြောက်ကိုရီးယားစစ်တပ်အား အချိန်နှင့် တစ် ပြေးညီ သတင်းအချက်အလက်များ ထောက်ပံ့ပေးရန်ဖြစ်ကြောင်း ကင်ဂျုံအန်၏ ပြောကြားချက်အရ သိရသည်။

 

ဂြိုဟ်တုများဖြင့် စစ်ရေးအရတန်ဖိုးရှိသောသတင်းစုဆောင်းခြင်းအတွက် ခိုင်မာသော စွမ်းရည်အား ပိုင်ဆိုင်ရန် အတွက် (၂၀၂၁ – ၂၀၂၅) ငါးနှစ်စီမံကိန်းကာလတွင် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုအများအပြား အား sun-synchronous ပတ်လမ်းကြောင်းအတွင်းသို့ အမျိုးမျိုးကွဲပြားခြားနားစွာ ထားရှိနိုင်ရေးနှင့်ပတ်သက်၍ အမျိုးသားအာကာသယာဉ်တည်ဆောက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်မှုအုပ်ချုပ်ရေးအဖွဲ့(NADA) ၏ ဆုံးဖြတ် ချက်အား ပါတီဗဟိုကော်မတီက အပြည့်အဝထောက်ခံကြောင်း ကင်ဂျုံအန်က ဖြည့်စွက်ပြောကြားခဲ့သည်။

 

(Xinhua)

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 


 

(Xinhua)

 

#PeopleMedia


Share this post