• Follow Us on

Home မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်တစ်စင်း ထပ်မံစမ်းသပ် ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်တစ်စင်း ထပ်မံစမ်းသပ် ပစ်လွှတ်

Share this post

နိုင်ငံတကာ၊ မတ် ၂၁

 

မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်အမြောက်အမြား ပစ်နိုင်တဲ့ ပစ်စင်ကိုသုံးပြီး ဒုံးကျည်တစင်း ထပ်မံစမ်းသပ် ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားစစ်တပ်က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။

 

ဒါပေမယ့် ဒုံးကျည်အမျိုးအစား၊ ရောက်ခဲ့တဲ့ အကွာအဝေးနဲ့ နေရာတွေကိုတော့ တောင်ကိုရီးယားစစ်တပ်က အသေးစိတ် ပြောဆိုထားခြင်းမရှိပါဘူး။ ဒီလို စမ်းသပ်ပစ်လွှတ်တာနဲ့ပတ်သက်ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။

 

ပြုံယမ်းပြည်နယ်ကနေ တစ်နာရီအတွင်းမှာ ဒုံးကျည်လေးစင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား သတင်း ဌာန Yonhap က ဆိုပါတယ်။

 

ခုလို ပစ်လွှတ်ခဲ့ပြီးတဲ့နောက် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကို အရေးပေါ် ဆင့်ခေါ်ခဲ့ပါတယ်။ အရင်အပတ်တုန်းကလည်း ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပေမယ့် လေထဲမှာ ပေါက်ကွဲသွား ခဲ့တာကြောင့် အပျက်အစီး အပိုင်းအစတွေဟာ ပြုံယမ်းအနီးမှာ ကျလာခဲ့ပါသေးတယ်။

 

ခုအချိန်အထိ မြောက်ကိုရီးယားဟာ ဒီနှစ်အတွင်းမှာ ၁၁ ကြိမ်အထိ ပစ်လွှတ်ခဲ့ပြီး မကြာမီ တိုက်ချင်းပစ် ပဲ့ထိန်း တပ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်လိမ့်မယ်လို့ အမေရိကန်တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

 

အခုစမ်းသပ်တဲ့ ဒုံးကျည်ဟာ တာဝေးပစ် ဒုံးကျည်တွေလောက် အန္တရာယ်မကြီးမားပေမယ့် တောင်ကိုရီးယား ကိုတော့ အဓိကခြိမ်းခြောက်နိုင်တဲ့ လက်နက်မျိုး ဖြစ်တယ်လို့ သိရပါတယ်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 


 

#PeopleMedia


Share this post