• Follow Us on

Home ေျမာက္ကိုရီးယားပိုင္နက္အတြင္းအရပ္သားေသဆံုးသည့္ျဖစ္ရပ္အတြက္ လိုအပ္ပါက၂ ႏိုင္ငံပူးေပါင္းစံုစမ္း မည္ဟု ေတာင္ကိုရီးယားေျပာ

ေျမာက္ကိုရီးယားပိုင္နက္အတြင္းအရပ္သားေသဆံုးသည့္ျဖစ္ရပ္အတြက္ လိုအပ္ပါက၂ ႏိုင္ငံပူးေပါင္းစံုစမ္း မည္ဟု ေတာင္ကိုရီးယားေျပာ

Share this post

ဆိုးလ္၊ စက္တင္ဘာ ၂၆

ေတာင္ကိုရီးယားအရာ႐ွိတစ္ေယာက္ ေျမာက္ကိုရီးယားပိုင္နက္အတြင္းေသဆံုးသည့့္ျဖစ္ရပ္အတြက္ ထပ္မံစံုစမ္းေထာက္လွမ္းရန္ ေျမာက္ကိုရီးယားကို ေတာင္းဆိုသြားမည္ဟု ေတာင္ကိုရီးယားသမၼတ႐ံုးက စေနေန႔တြင္ေျပာသည္။

ေသာၾကာေန႔ညပိုင္း အမ်ိဳးသားလံုၿခံဳေရးေကာင္စီအစည္းအေ၀းအၿပီးတြင္ အကယ္၍လိုအပ္ပါက ႏွစ္ဖက္ပူးေပါင္းစံုစမ္းစစ္ေဆးရန္ ေျမာက္ကိုရီးယားကိုေတာင္းဆိုသြားမည္ဟုလည္း ေျပာသည္။

ၾကာသပေတးေန႔က ေတာင္ကိုရီးယားငါးလုပ္ငန္းဌာနအရာ႐ွိတစ္ေယာက္ကို ေျမာက္ကိုရီးယားစစ္သားမ်ားက အေသပစ္သတ္ၿပီး ဓာတ္ဆီေလာင္းမီး႐ွိဳ႕ခဲ့သည္ဟု ေတာင္ကိုရီးယားစစ္တပ္ကေျပာသည္။

တရားမ၀င္က်ဴးေက်ာ္လာသူကို စစ္သားမ်ားက ပစ္ခတ္ခဲ့ေၾကာင္းႏွင့္ အေလာင္းကိုမီး႐ွိဳ႕ခဲ့သည္ကိုျငင္းဆို ေၾကာင္း ေသာၾကာေန႔တြင္ ေျမာက္ကိုရီးယားဘက္ကေျပာသည္။

ေသာၾကာေန႔တြင္ပင္ ႐ွားပါးျဖစ္ရပ္တစ္ခုအေနျဖင့္ ေတာင္ကိုရီးယားသမၼတမြန္ေဂ်းအင္ႏွင့္ႏိုင္ငံသားမ်ားကို စိတ္အေႏွာင့္အယွက္ျဖစ္ေစသည့္ျဖစ္ရပ္အတြက္ ေတာင္းပန္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအြန္ကေျပာသည္။

Ref : South Korea asks North Korea to probe fatal shooting of South Korean official

#PeopleMedia

(Unicode)
မြောက်ကိုရီးယားပိုင်နက်အတွင်းအရပ်သားသေဆုံးသည့်ဖြစ်ရပ်အတွက် လိုအပ်ပါက၂ နိုင်ငံပူးပေါင်းစုံစမ်း မည်ဟု တောင်ကိုရီးယားပြော
…………………………………………………

ဆိုးလ်၊ စက်တင်ဘာ ၂၆

တောင်ကိုရီးယားအရာရှိတစ်ယောက် မြောက်ကိုရီးယားပိုင်နက်အတွင်းသေဆုံးသည့့်ဖြစ်ရပ်အတွက် ထပ်မံစုံစမ်းထောက်လှမ်းရန် မြောက်ကိုရီးယားကို တောင်းဆိုသွားမည်ဟု တောင်ကိုရီးယားသမ္မတရုံးက စနေနေ့တွင်ပြောသည်။

သောကြာနေ့ညပိုင်း အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးအပြီးတွင် အကယ်၍လိုအပ်ပါက နှစ်ဖက်ပူးပေါင်းစုံစမ်းစစ်ဆေးရန် မြောက်ကိုရီးယားကိုတောင်းဆိုသွားမည်ဟုလည်း ပြောသည်။

ကြာသပတေးနေ့က တောင်ကိုရီးယားငါးလုပ်ငန်းဌာနအရာရှိတစ်ယောက်ကို မြောက်ကိုရီးယားစစ်သားများက အသေပစ်သတ်ပြီး ဓာတ်ဆီလောင်းမီးရှို့ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်ကပြောသည်။

တရားမဝင်ကျူးကျော်လာသူကို စစ်သားများက ပစ်ခတ်ခဲ့ကြောင်းနှင့် အလောင်းကိုမီးရှို့ခဲ့သည်ကိုငြင်းဆို ကြောင်း သောကြာနေ့တွင် မြောက်ကိုရီးယားဘက်ကပြောသည်။

သောကြာနေ့တွင်ပင် ရှားပါးဖြစ်ရပ်တစ်ခုအနေဖြင့် တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်နှင့်နိုင်ငံသားများကို စိတ်အနှောင့်အယှက်ဖြစ်စေသည့်ဖြစ်ရပ်အတွက် တောင်းပန်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကပြောသည်။

Ref : South Korea asks North Korea to probe fatal shooting of South Korean official

#PeopleMedia


Share this post