• Follow Us on

Home မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးရန် တရုတ်နှင့် ရုရှား တောင်းဆို

မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးရန် တရုတ်နှင့် ရုရှား တောင်းဆို

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂ (People Media)

 

၂၀၁၉ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံ၏ ပို့ကုန်/သွင်းကုန် အရေးယူပိတ်ဆို့ထားမှုများကို ပယ်ဖျက်ပေးရန် ကြိုး ပမ်းခဲ့မှုကို ပြန်လည်ဖော်ထုတ်ခြင်းအားဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ်ချမှတ်ထားသည့် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က တွန်အား ပေးလျက်ရှိသည်။

 

မြောက်ကိုရီးယားနိုင်ငံ၏ပို့ကုန်ဖြစ်သော ရေထွက်ပစ္စည်းများနှင့် အထည်အလိပ်လုပ်ငန်းများ ပြည်ပသို့တင်ပို့ ခြင်းနှင့် လောင်စာဆီများတင်သွင်းခြင်းကို ကုလသမဂ္ဂက ကန့်သတ်တားမြစ်ထားခဲ့သည်။

 

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အာရှတိုက်၏အထီးကျန်တိုင်းပြည်ဖြစ် သော မြောက်ကိုရီးယားနိုင်ငံမှ သာမန်ပြည်သူများ၏ စားဝတ်နေရေးပြေလည်စေရန်ရည်ရွယ်၍ အဆိုပါအရေး ယူဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က အလိုရှိနေကြသည်။

 

မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်စီမံကိန်းတို့ကြောင့် ၂၀၀၆ ခုနှစ်မှစ၍ ကုလသမဂ္ဂ၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုကို ခံနေရသောနိုင်ငံဖြစ်သည်။

 

တင်ပြထားသည့်အဆိုပြုလွှာထဲတွင် ပြည်ပနိုင်ငံများတွင်အလုပ်လုပ်ကိုင်နေကြသော မြောက်ကိုရီးယားနိုင်ငံ သားများအပေါ် အရေးယူပိတ်ဆို့မှုများဖယ်ရှားပေးရေး၊ မြောက်ကိုရီးယားနိုင်ငံတွင်း ရထားလမ်းနှင့် ကားလမ်း များ ပူးပေါင်းဖောက်လုပ်ရေးစီမံကိန်းလုပ်ငန်းများကို အရေးယူပိတ်ဆို့ထားခြင်းမှ ကင်းလွတ်ခွင့်ပေးရေးအပါအ ဝင် လွန်ခဲ့သည့်နှစ်နှစ်ခန့်က ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံက အဆိုပြုထားသော အရေးယူပိတ်ဆို့မှုဖယ်ရှားရေးအ ကြောင်းအရာများလည်းပါဝင်သည်။

 

ပြန်လည်ပြုပြင်ထားသော တင်ပြထားသည့်အဆိုပြုလွှာမှာ အထောက်အပံ့မရသလောက်အခြေအနေသာရှိ ကြောင်း အမည်မဖော်လိုသည့် ကုသမဂ္ဂသံတမန်သုံးလေးယောက်က ပြောသည်။

 

၂၀၁၉ ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံ အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ရေး အဆိုပြုလွှာနှင့်ပတ်သက်၍ ရုရှား နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အလွတ်သဘောဆွေးနွေးပွဲ နှစ်ကြိမ်ကျင်းပခဲ့သော်လည်း ကုလသမဂ္ဂတွင် မဲခွဲ ဆုံးဖြတ်ရမည့် တရားဝင်ဆွေးနွေးပွဲဖြစ်မလာခဲ့ပေ။

 

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ၎င်းတို့၏ ပြန်လည်ပြုပြင်ထားသောအဆိုပြုလွှာအတွက် ဆွေးနွေးရန် အစီ အစဉ်ရေးဆွဲထားခြင်းမရှိသေးကြောင်း သံတမန်များက အောက်တိုဘာလ ၁ ရက်နေ့ကပြောသည်။

 

ကုသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်တစ်ခုကိုထောက်ခံအတည်ပြုရန် မဲ ကိုးမဲလိုအပ်ပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းရန် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး မကန့် ကွက်ရန် လိုအပ်သည်။

 

Ref: China, Russia revive push to lift UN sanctions on North Korea

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: China, Russia revive push to lift UN sanctions on North Korea

 

#PeopleMedia


Share this post