• Follow Us on

Home ေျမာက္ကိုရီးယားႏိုင္ငံက မၾကာမီ မဟာဗ်ဴဟာေျမာက္ လက္နက္သစ္တစ္ခု ထုတ္ေဖာ္ျပသႏိုင္ဟု ေတာင္ကိုရီးယား ဗိုလ္ခ်ဳပ္ႀကီး ေျပာ

ေျမာက္ကိုရီးယားႏိုင္ငံက မၾကာမီ မဟာဗ်ဴဟာေျမာက္ လက္နက္သစ္တစ္ခု ထုတ္ေဖာ္ျပသႏိုင္ဟု ေတာင္ကိုရီးယား ဗိုလ္ခ်ဳပ္ႀကီး ေျပာ

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၆

ေျမာက္ကိုရီးယားႏိုင္ငံက ဒုံးက်ည္ထုတ္လုပ္မႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးအျဖစ္ အဆိုျပဳခံထားရသူ ဗိုလ္ခ်ဳပ္ႀကီး ဆူဝုတ္ခ္က ယေန႔ ေျပာၾကားလိုက္ၿပီး ရန္စမႈမ်ားကို တင္းတင္းမာမာ တုံ႔ျပန္မည္ဟု ဆိုသည္။

ေအာက္တိုဘာလ ၁၀ ရက္တြင္က်ေရာက္မည့္ အာဏာရပါတီတည္ေထာင္မႈ ၇၅ ႏွစ္ေျမာက္ ႏွစ္ပတ္ လည္အခမ္းအနား၌ ေျမာက္ကိုရီးယားႏိုင္ငံက မဟာဗ်ဴဟာေျမာက္ လက္နက္သစ္တစ္ခု ထုတ္ေဖာ္ျပသႏိုင္သည္ ဟူေသာ ထင္ျမင္ယူဆခ်က္ ထြက္ေပၚေနစဉ္ အမ်ိဳးသားလႊတ္ေတာ္ ၾကားနာမႈတစ္ခု၌ အဖြင့္မိန္႔ခြန္းေျပာၾကားစဉ္ ၄င္းက အဆိုပါမွတ္ခ်က္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေျမာက္ကိုရီးယားႏိုင္ငံက ဇြန္လအတြင္း စစ္ေရးလႈပ္ရွားမႈေတြ ရပ္ဆိုင္းၿပီးေနာက္ အာဏာရပါတီတည္ ေထာင္တဲ့ ၇၅ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အခမ္းအနားအတြက္ ျပင္ဆင္မႈေတြ ေဆာင္ရြက္ေနပါတယ္။ ဒါေပမယ့္ ဒုံးက်ည္ထုတ္လုပ္မႈအပါအဝင္ စစ္ေရးလႈပ္ရွားမႈေတြ ဆက္လက္ ေဆာင္ရြက္ေနၿပီး ကြၽန္ေတာ္တို႔ အဲဒီလႈပ္ရွားမႈ ေတြကို အနီးကပ္ ေစာင့္ၾကည့္ေနပါတယ္” ဟု ၄င္းက ဆိုသည္။

ေျမာက္ကိုရီးယားႏိုင္ငံက ဇြန္လအတြင္း နယ္စပ္ၿမိဳ႕ ေကေဆာင္ရွိ ႏွစ္ႏိုင္ငံဆက္ဆံေရး႐ုံးအား ဗုံးခြဲဖ်က္ ဆီးျခင္း၊ ေတာင္ကိုရီးယားႏိုင္ငံအေပၚ စစ္ေရးေဆာင္ရြက္ခ်က္မ်ား လုပ္ေဆာင္ျခင္းျဖင့္ ကိုရီးယားကြၽန္းဆြယ္၌ တင္းမာမႈမ်ား ျမင့္တက္လာေစခဲ့သည္။

ေတာင္ကိုရီးယားတပ္မေတာ္က ရန္စမႈကို လက္တုံ႔ျပန္မည္ျဖစ္သလို ကိုရီးယားကြၽန္းဆြယ္၌ ၿငိမ္းခ်မ္း ေရးႀကိဳးပမ္းမႈမ်ား ေထာက္ခံသည့္ ကိုရီးယားႏွစ္ႏိုင္ငံၾကား အျပန္အလွန္လည္ပတ္မႈမ်ားကို တက္ႂကြစြာ ပံ့ပိုးမည္ ဟု သူက ဆိုသည္။

ေတာင္ကိုရီးယား-အေမရိကန္ မဟာမိတ္ျပဳမႈႏွင့္ ေဒသတြင္း ၿငိမ္းခ်မ္းေရးရရွိေစရန္ အိမ္နီးခ်င္းတိုင္း ျပည္မ်ားႏွင့္ ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္သြားရန္ ၄င္းက သံႏၷိဌာန္ခ်ခဲ့သည္။

“ခိုင္မာတဲ့ ေတာင္ကိုရီးယား-အေမရိကန္ မဟာမိတ္ျပဳမႈကို အေျခခံၿပီး စစ္ပြဲကာလ စစ္ဆင္ေရးဆိုင္ရာ ထိန္းခ်ဳပ္မႈ (OPCON) လႊဲေျပာင္းေရးကို အရွိန္ျမႇင့္လုပ္ေဆာင္မွာျဖစ္ပါတယ္” ဟု ၄င္းက ေျပာသည္။

ကိုးကား – ယြန္ဟပ္

Ref; N. Korea continues missile development: defense minister nominee

#PeopleMedia

(unicode)
မြောက်ကိုရီးယားနိုင်ငံက မကြာမီ မဟာဗျူဟာမြောက် လက်နက်သစ်တစ်ခု ထုတ်ဖော်ပြသနိုင်ဟု တောင်ကိုရီးယား ဗိုလ်ချုပ်ကြီး ပြော
………………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၁၆

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်ထုတ်လုပ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအဖြစ် အဆိုပြုခံထားရသူ ဗိုလ်ချုပ်ကြီး ဆူဝုတ်ခ်က ယနေ့ ပြောကြားလိုက်ပြီး ရန်စမှုများကို တင်းတင်းမာမာ တုံ့ပြန်မည်ဟု ဆိုသည်။

အောက်တိုဘာလ ၁၀ ရက်တွင်ကျရောက်မည့် အာဏာရပါတီတည်ထောင်မှု ၇၅ နှစ်မြောက် နှစ်ပတ် လည်အခမ်းအနား၌ မြောက်ကိုရီးယားနိုင်ငံက မဟာဗျူဟာမြောက် လက်နက်သစ်တစ်ခု ထုတ်ဖော်ပြသနိုင်သည် ဟူသော ထင်မြင်ယူဆချက် ထွက်ပေါ်နေစဉ် အမျိုးသားလွှတ်တော် ကြားနာမှုတစ်ခု၌ အဖွင့်မိန့်ခွန်းပြောကြားစဉ် ၄င်းက အဆိုပါမှတ်ချက် ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြောက်ကိုရီးယားနိုင်ငံက ဇွန်လအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းပြီးနောက် အာဏာရပါတီတည် ထောင်တဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအတွက် ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ဒုံးကျည်ထုတ်လုပ်မှုအပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက် ဆောင်ရွက်နေပြီး ကျွန်တော်တို့ အဲဒီလှုပ်ရှားမှု တွေကို အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု ၄င်းက ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံက ဇွန်လအတွင်း နယ်စပ်မြို့ ကေဆောင်ရှိ နှစ်နိုင်ငံဆက်ဆံရေးရုံးအား ဗုံးခွဲဖျက် ဆီးခြင်း၊ တောင်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးဆောင်ရွက်ချက်များ လုပ်ဆောင်ခြင်းဖြင့် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်လာစေခဲ့သည်။

တောင်ကိုရီးယားတပ်မတော်က ရန်စမှုကို လက်တုံ့ပြန်မည်ဖြစ်သလို ကိုရီးယားကျွန်းဆွယ်၌ ငြိမ်းချမ်း ရေးကြိုးပမ်းမှုများ ထောက်ခံသည့် ကိုရီးယားနှစ်နိုင်ငံကြား အပြန်အလှန်လည်ပတ်မှုများကို တက်ကြွစွာ ပံ့ပိုးမည် ဟု သူက ဆိုသည်။

တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ပြုမှုနှင့် ဒေသတွင်း ငြိမ်းချမ်းရေးရရှိစေရန် အိမ်နီးချင်းတိုင်း ပြည်များနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ၄င်းက သံန္နိဌာန်ချခဲ့သည်။

“ခိုင်မာတဲ့ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ပြုမှုကို အခြေခံပြီး စစ်ပွဲကာလ စစ်ဆင်ရေးဆိုင်ရာ ထိန်းချုပ်မှု (OPCON) လွှဲပြောင်းရေးကို အရှိန်မြှင့်လုပ်ဆောင်မှာဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ကိုးကား – ယွန်ဟပ်

Ref; N. Korea continues missile development: defense minister nominee

#PeopleMedia


Share this post