• Follow Us on

Home မြောက်ကိုရီးယား ရေငုပ်သင်္ဘောအခြေစိုက်ပဲ့ထိန်းဒုံးကျည်သည် တောင်ကိုရီးယားထက် ပိုမိုကြီးမားသာ လွန်ကြောင်း မြောက်ကိုရီးယားပြော

မြောက်ကိုရီးယား ရေငုပ်သင်္ဘောအခြေစိုက်ပဲ့ထိန်းဒုံးကျည်သည် တောင်ကိုရီးယားထက် ပိုမိုကြီးမားသာ လွန်ကြောင်း မြောက်ကိုရီးယားပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၁ (People Media)

 

တောင်ကိုရီးယားနိုင်ငံ၏ ရေငုပ်သင်္ဘောအခြေစိုက်ပဲ့ထိန်းဒုံးကျည် new submarine-launched ballistic missile (SLBM) သည် မြောက်ကိုရီးယားနိုင်ငံ၏ SLBM ထက် အဆင့်နိမ့်ကြောင်း မြောက်ကိုရီးယား တပ်မ တော်အရာရှိတစ်ဦးက စက်တင်ဘာလ ၂၀ ရက်နေ့ကပြောကြားလိုက်သည်။

 

တောင်ကိုရီးယား SLBM မှာ အခြေခံအဆင့်လောက်တွင်သာ တိုးတက်မှုရှိသေးကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ ၏ ဒုံးကျည်အသစ်များ စဉ်ဆက်မပြတ်ထုတ်လုပ်နေမှုကို ရင်ဆိုင်ရာတွင် စိတ်မသက်မသာဖြစ်နေသောကြောင့် တောင်ကိုရီးယားက ဒုံးကျည်များကို ကတိုက်ကရိုက် တိုးမြှင့်ထုတ်လုပ်နေကြောင်း အမျိုးသားကာကွယ်ရေး တက္ကသိုလ်ဥက္ကဋ္ဌ ဂျန်းချောင်းဟာ၏စကားကိုးကား၍ မြောက်ကိုရီးယား ဗဟိုသတင်းဌာနကထုတ်လွှင့်ခဲ့သည်။

 

တောင်ကိုရီးယား၏ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုသည် ကိုရီးယားကျွန်းဆွယ်တွင် ပိုမိုဆိုးရွားစေသော စစ်ရေးတင်း မာမှုအတွက် ထင်ရှားသောနမိတ်ပင်ဖြစ်ကြောင်း၊ ယင်းစမ်းသပ်ပစ်ခတ်မှုက မြောက်ကိုရီးယားနိုင်ငံ ဘာလုပ် သင့်သည်ကို နောက်ထပ်တစ်ကြိမ်နှိုးဆွပေးနေခြင်းဖြစ်ကြောင်း ဂျန်းချောင်းဟာကပြောသည်။

 

တောင်ကိုရီးယား၏ စက်တင်ဘာလ ၁၅ ရက်နေ့က ရေငုပ်သင်္ဘောအခြေစိုက်ပဲ့ထိန်းဒုံးကျည် SLBM စမ်းသပ် ပစ်ခတ်မှ အများသိနေသောအချက်အလက်များပေါ်အခြေပြု၍ နည်းပညာပိုင်းဆိုင်ရာဆန်းစစ်လေ့လာအကဲ ခတ်မှုပြုလုပ်သွားရန် မြောက်ကိုရီးယားမှ ကြယ်သုံးပွင့်ဗိုလ်ချုပ်ကြီး ဆန်ဂျောင်းကပြောသည်။ ဗိုလ်ချုပ်ကြီး ဆန်ဂျောင်းသည် မြောက်ကိုရီးယား၏ ၂၀၁၇ နိုဝင်ဘာလကပြုလုပ်ခဲ့သော ဟွာဆောင် ၁၅ တိုက်ချင်းပစ် ပဲ့ ထိန်းဒုံးကျည် (ICBM) စမ်းသပ်ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့သူဖြစ်ပြီး ကင်ဂျုံအန် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ တွင်ပါဝင်ခဲ့သူဖြစ်သည်။

 

တောင်ကိုရီးယား၏ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုမှာ ရေအောက်မှပစ်လွှတ်ဖို့နေနေသာသာ ရေငုပ်သင်္ဘောအခြေ စိုက်ပဲ့ထိန်းဒုံးကျည် SLBM တစ်စင်း လုံးဝမဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးဆန်ဂျောင်းကပြောသော်လည်း ၎င်း၏ ပြောဆိုချက်မှာ အလွန်မှားယွင်းကြောင်း နိုင်ငံတကာငြိမ်းချမ်းရေးကာနက်ဂျီထောက်ပံ့မှုအဖွဲ့၏ ထိပ်တန်းအဖွဲ့ ဝင်ဖြစ်သူ အန်ကစ်ပန်ဒါကပြောသည်။ “တောင်ကိုရီးယားနိုင်ငံက ရေငုပ်သင်္ဘောအခြေ စိုက်ပဲ့ထိန်းဒုံးကျည် SLBM ကို အမှန်တကယ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။” ဟု ပန်ဒါကပြောသည်။

 

မြောက်ကိုရီးယားနိုင်ငံက ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ပဲ့ထိန်းဒုံးကျည်တစ်စင်းပစ်ခတ်ခဲ့သော်လည်း အ ဆိုပါပဲ့ထိန်းဒုံးကျည်မှာ ရေငုပ်သင်္ဘောအခြေစိုက်ပဲ့ထိန်းဒုံးကျည် SLBM မဟုတ်ဘဲ ၂၀၁၆ ခုနှစ်ကပစ်ခတ်ခဲ့ သော ရေအောက်အခြေစိုက်ဒုံးကျည်ပစ်စင်တစ်ခုမှပစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် မြောက်ကိုရီးယားနိုင်ငံသည် Pukguksong-class ရေငုပ်သင်္ဘောအခြေစိုက်ပဲ့ထိန်းဒုံးကျည် SLBM များကို ၂၀၂၀ ခုနှစ် အောက်တိုဘာလနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတို့တွင် ကျင်းပခဲ့သော စစ်ရေးပြပွဲများတွင် ထုတ်ဖော်ပြသခဲ့သည်။ မြောက်ကိုရီးယား၏ လက်နက်ထုတ်လုပ်မှုဆိုင်ရာသိပ္ပံပညာမှာ အဆင့်အားလုံးကို ဖြတ်သန်းကျော်လွှားခဲ့ပြီးပြီ ဖြစ်ကြောင်း ဗိုလ်ချုပ် ကြီးဆန်ဂျောင်းကပြောသည်။

 

Ref: North Korea says their submarine missiles are bigger, better than South’s

 

#PeopleMedia

 

(unicode)


…………………………………………………………………………………

 


 


 


 


 


 


 


 

Ref: North Korea says their submarine missiles are bigger, better than South’s

 

#PeopleMedia


Share this post