• Follow Us on
Latest News

Home မြောက်ဒဂုံရဲစခန်းနှင့် ပင်လုံခန်းမအနီး၌ ဗုံးပေါက်ကွဲ

မြောက်ဒဂုံရဲစခန်းနှင့် ပင်လုံခန်းမအနီး၌ ဗုံးပေါက်ကွဲ

Share this post

နေပြည်တော်၊ စက်တင်ဘာ – ၄ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် ရဲစခန်းအရှေ့နှင့်  (ပင်လုံခန်းမအနီး) ဗိုလ်မင်းရောင်လမ်း၊ အိမ်ရာ ထောင့်၌ စက်တင်ဘာ ၃ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ယင်းမြို့နယ်နေ ထိုင်သူများထံမှ သိရပါတယ်။

 

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် စက်တင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီ ၁ မိနစ်အချိန်တွင် မြောက်ဒဂုံ ၄၂ ရပ်ကွက် (ပင်လုံခန်းမအနီး) ဗိုလ်မင်းရောင်လမ်း၊ အိမ်ရာထောင့်မှာ ပေါက်ကွဲမူဖြစ်ပေါ်ခဲ့သလို ည ၁၁ နာရီ ၄၄ မိနစ်အချိန်က မြောက်ဒဂုံမြို့နယ် ၄၆ ရပ်ကွက်ရှိ ရဲစခန်းရှေ့မှာ ဗုံးထပ်မံ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ်။

 

အဆိုပါ ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုမရှိခဲ့ကြောင်း သိရပါတယ်။

 

#PeopleMedia #မြန်မာနိုင်ငံရဲတပ်ဖွဲ့

 

(unicode)


………………………………………………

 


 


 


 


 



Share this post