• Follow Us on

Home ေျမာက္ဒဂံု CB ဘဏ္ကို ဗံုးအတုျဖင့္ ဓါးျပတိုက္ခဲ့ျခင္းျဖစ္ေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ေျပာ

ေျမာက္ဒဂံု CB ဘဏ္ကို ဗံုးအတုျဖင့္ ဓါးျပတိုက္ခဲ့ျခင္းျဖစ္ေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ေျပာ

Share this post

ေျမာက္ဒဂံု CB ဘဏ္ကို ဗံုးအတုျဖင့္ ဓါးျပတိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျမာက္ဒဂံုမဲဆႏၵနယ္အမွတ္(၁) တိုင္းေဒသ ႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးတင္ထြန္းႏိုင္ကေျပာပါတယ္။

ယေန႔နံနက္ပိုင္းတြင္ ေျမာက္ဒဂံု ၃၅ ရပ္ကြက္ရွိ CB ဘဏ္ ဓားျပတိုက္ခံရမႈတစ္ရပ္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ဘဏ္ထဲက ေျပးထြက္လာတာ။ တစ္ကိုယ္လံုးအနက္ႀကီးပဲ၊ ဆိုင္ကယ္ဦးထုပ္ေဆာင္းထားတာ။ မ်က္ႏွာလည္း အကုန္စည္းထားတာ ဘာမွမျမင္ရဘူး။ ဘဏ္ေဘးလမ္းၾကားထဲကို ေျပးသြားတာ။ ကၽြန္ေတာ္ကၾကည့္ေနတာ ဘာျဖစ္လို႔လည္းမသိဘူးဆိုၿပီး၊ ပ႐ိုေဘာက္အျဖဴေရာင္ကားက ရပ္ထားတာ။ ၿပီးမွဘဏ္ထဲကလူကေျပးထြက္ လာတာ၊ အဲ့ေကာင္လိုက္ အဲ့ေကာင္လိုက္ဆိုၿပီး အဲ့နားမွာ ေမာ္တာျပင္ဆိုင္ဦးေလးႀကီးရွိတယ္။ အဲ့ဒီဦးေလးႀကီး ကို ဘဏ္ကလူကအကူအညီေတာင္းလိုက္တာ။ ဆိုင္ကယ္နဲ႔ေနာက္ကလိုက္သြားတာ၊ သိပ္မကြာဘူး။ သူ႔ဆီမွာ ေက်ာပိုးအိတ္ႀကီးတစ္လံုးေတာ့ပါတယ္။ ၿပီးေတာ့ အဲ့ဒီကားေပၚတက္သြားတယ္”ဟု အနီး၀န္းက်င္ေနထိုင္သူ တစ္ဦးက ဆိုသည္။

ျဖစ္စဥ္မွာ ေျမာက္ဒဂံု ၃၅ ရပ္ကြက္၊ ပင္လံုလမ္း အမွတ္ ၁၂၁၇ ရွိ CB တြင္ လံုၿခံဳေရးတာ၀န္ထမ္းအား အမ်ဳိး သားႏွစ္ဦးမွ ေသနတ္ႏွင့္ေထာက္၍ ဘဏ္အတြင္းသို႔၀င္ေရာက္ၿပီး ေသနတ္ျဖင့္ခ်ိန္၍ သိန္း ၆၀၀(တစ္ေသာင္း တန္)အား ယူေဆာင္ၿပီး ဘဏ္အတြင္းရွိ မိုင္းႏွစ္လံုးေထာင္ခဲ့ၿပီး CC-9965 ပ႐ိုေဘာက္အျဖဴေရာင္ယာဥ္ျဖင့္ ဘဏ္အေရွ႕အဏၰ၀ါလမ္းအတိုင္း ထြက္ေျပးခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ရဲတပ္ဖြဲ႕၀င္မ်ားအပါအ၀င္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက ျဖစ္စဥ္ႏွင့္ပတ္သက္၍ စံုစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။

Photo – Credit

#PeopleMedia

(Unicode)
မြောက်ဒဂုံ CB ဘဏ်ကို ဗုံးအတုဖြင့် ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ပြော
………………………………………………………

မြောက်ဒဂုံ CB ဘဏ်ကို ဗုံးအတုဖြင့် ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဒဂုံမဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်ကပြောပါတယ်။

ယနေ့နံနက်ပိုင်းတွင် မြောက်ဒဂုံ ၃၅ ရပ်ကွက်ရှိ CB ဘဏ် ဓားပြတိုက်ခံရမှုတစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဘဏ်ထဲက ပြေးထွက်လာတာ။ တစ်ကိုယ်လုံးအနက်ကြီးပဲ၊ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတာ။ မျက်နှာလည်း အကုန်စည်းထားတာ ဘာမှမမြင်ရဘူး။ ဘဏ်ဘေးလမ်းကြားထဲကို ပြေးသွားတာ။ ကျွန်တော်ကကြည့်နေတာ ဘာဖြစ်လို့လည်းမသိဘူးဆိုပြီး၊ ပရိုဘောက်အဖြူရောင်ကားက ရပ်ထားတာ။ ပြီးမှဘဏ်ထဲကလူကပြေးထွက် လာတာ၊ အဲ့ကောင်လိုက် အဲ့ကောင်လိုက်ဆိုပြီး အဲ့နားမှာ မော်တာပြင်ဆိုင်ဦးလေးကြီးရှိတယ်။ အဲ့ဒီဦးလေးကြီး ကို ဘဏ်ကလူကအကူအညီတောင်းလိုက်တာ။ ဆိုင်ကယ်နဲ့နောက်ကလိုက်သွားတာ၊ သိပ်မကွာဘူး။ သူ့ဆီမှာ ကျောပိုးအိတ်ကြီးတစ်လုံးတော့ပါတယ်။ ပြီးတော့ အဲ့ဒီကားပေါ်တက်သွားတယ်”ဟု အနီးဝန်းကျင်နေထိုင်သူ တစ်ဦးက ဆိုသည်။

ဖြစ်စဉ်မှာ မြောက်ဒဂုံ ၃၅ ရပ်ကွက်၊ ပင်လုံလမ်း အမှတ် ၁၂၁၇ ရှိ CB တွင် လုံခြုံရေးတာဝန်ထမ်းအား အမျိုး သားနှစ်ဦးမှ သေနတ်နှင့်ထောက်၍ ဘဏ်အတွင်းသို့ဝင်ရောက်ပြီး သေနတ်ဖြင့်ချိန်၍ သိန်း ၆၀၀(တစ်သောင်း တန်)အား ယူဆောင်ပြီး ဘဏ်အတွင်းရှိ မိုင်းနှစ်လုံးထောင်ခဲ့ပြီး CC-9965 ပရိုဘောက်အဖြူရောင်ယာဉ်ဖြင့် ဘဏ်အရှေ့အဏ္ဏဝါလမ်းအတိုင်း ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Photo – Credit

#PeopleMedia


Share this post