• Follow Us on

Home မြောက်ဥက္ကလာပမြို့နယ်(ဋ)ရပ်ကွက်၌ ဗုံးလာပစ်သူနှစ်ဦး ဖမ်းဆီးခံရ

မြောက်ဥက္ကလာပမြို့နယ်(ဋ)ရပ်ကွက်၌ ဗုံးလာပစ်သူနှစ်ဦး ဖမ်းဆီးခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် သုနန္ဒာလမ်းနှင့် ကရုဏာလမ်းဆုံ၌ စက်တင် ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီခွဲက လက်လုပ်မိုင်း လာရောက်ပစ်ခတ်ဖောက်ခွဲသူ (၂) ဦးကို အနီးရှိ ပြည်သူ များက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်ခဲ့သည်။

 

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် သုနန္ဒာလမ်းနှင့် ကရုဏာလမ်းဆုံ၌ စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီခွဲက ဆိုက်ကယ်ဖြင့် အမျိုးသား (၂) ဦး ရောက်ရှိလာပြီး၊ လက်လုပ်မိုင်းနှင့် ပစ်ခတ်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးခြင်းကြောင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တရားခံ (၂) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တရားခံ (၂) ဦးမှာ သိန်းဇော်(ခ)ပါကျဲ ၂၆ နှစ်နှင့် ရဲမြင့်အောင် ၂၆ နှစ် တို့ဖြစ်ပြီး၊ လက်လုပ်မိုင်းကြောင့် လူနှင့် အဆောက်အဦးများ ထိခိုက်ပစ္စည်းမှုမရှိကြောင်းနှင့် ဖမ်းဆီးရမိနှစ်ဦးအား ထိရောက်အရေးယူဆောင် ရွက်နိုင်ရေးအတွက် လိုအပ်တာများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မြို့အတွင်း လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)

မွောကျဥက်ကလာပမွို့နယျ(ဋ)ရပျကှကျ၌ ဗုံးလာပဈသူနှဈဦး ဖမျးဆီးခံရ

………………………………………………………………

 


 


 


 


 

#PeopleMedia


Share this post