• Follow Us on

Home ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ ဖမ္းမိေသာလက္နက္မ်ားမွာ ေလေသ နက္မ်ားျဖစ္သည္ဟု လႊတ္ေတာ္ကိုယ္စား လွယ္ေျပာ

ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ ဖမ္းမိေသာလက္နက္မ်ားမွာ ေလေသ နက္မ်ားျဖစ္သည္ဟု လႊတ္ေတာ္ကိုယ္စား လွယ္ေျပာ

Share this post

ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ ဖမ္းမိေသာလက္နက္မ်ားမွာ ေလေသ နက္မ်ားျဖစ္သည္ဟု လႊတ္ေတာ္ကိုယ္စား လွယ္ေျပာ
……………………………………………………

ရန္ကုန္၊ ဧၿပီ – ၂၉

ေျမာက္ဥကၠလာ၊ (စ်)ရပ္ကြက္၊ စကၠ၀တ္ ၃ လမ္း၊ ယေန႔နံနက္ပိုင္းက ဖမ္းစီးရမိခဲ့ေသာ ေသနက္မ်ားသည္ ထိုင္းႏိုင္ငံထုတ္ ခဲက်ည္ဆံမ်ား ထည့္ပစ္ရသည့္ ေသနက္မ်ားျဖစ္ေၾကာင္း ဧၿပီလ ၂၉ ရက္ေန႔က ေျမာက္ဥကၠ လာပ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္လြင္ကေျပာသည္။

“လက္နက္ကေတာ့ ေလေသနက္ပါ၊ ခဲသီးနဲ႔ပစ္တဲ့ေသနက္၊ ထိုင္းကေနထြက္တယ္”ဟု ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ဦးျမင့္လြင္ကေျပာသည္။

လက္ရွိတြင္ အဆိုပါတရားခံႏွစ္ဦးအနက္ ဖခင္ျဖစ္သူအားဖမ္းမိထားၿပီး က်န္ရွိသည့္တရားခံကိုလဲ ဖမ္းမိႏိုင္ေရး က်ိဳးပမ္းေဆာင္ရြက္ေနေၾကာင္း ၎အားဆိုသည္။

“ေျပာရရင္ေတာ့ ဆိုင္ကယ္အေရာင္းအ၀ယ္သမားေပါ႔၊ ထိုင္းဆိုင္ကယ္ အႀကီးႀကီးေတြ အေရာင္းအ၀ယ္လုပ္ တယ္၊ ပိုက္ဆံခ်မ္းသာေတာ့ ထိုင္းဘက္ကိုသြားသြားၿပီးေတာ့ ဆိုင္ကယ္သြားသယ္ဘာသယ္လုပ္ေတာ့ ဒါေတြ ၀ယ္လာမွာေပါ့” ၎ကေျပာသည္။

အဆိုပါလက္နက္မ်ား ဖမ္းစီးရမႈႏွင့္ပက္သတ္၍ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ရဲစခန္းအား ဆက္သြယ္ခဲ့ေသာ္လည္း ျပန္လည္ေျဖၾကားျခင္း မရရွိခဲ့ပါ။

#PeopleMedia

(Unicode)
မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းမိသောလက်နက်များမှာ လေသေ နက်များဖြစ်သည်ဟု လွှတ်တော်ကိုယ်စား လှယ်ပြော
……………………………………………………

ရန်ကုန်၊ ဧပြီ – ၂၉

မြောက်ဥက္ကလာ၊ (ဈ)ရပ်ကွက်၊ စက္ကဝတ် ၃ လမ်း၊ ယနေ့နံနက်ပိုင်းက ဖမ်းစီးရမိခဲ့သော သေနက်များသည် ထိုင်းနိုင်ငံထုတ် ခဲကျည်ဆံများ ထည့်ပစ်ရသည့် သေနက်များဖြစ်ကြောင်း ဧပြီလ ၂၉ ရက်နေ့က မြောက်ဥက္က လာပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကပြောသည်။

“လက်နက်ကတော့ လေသေနက်ပါ၊ ခဲသီးနဲ့ပစ်တဲ့သေနက်၊ ထိုင်းကနေထွက်တယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်လွင်ကပြောသည်။

လက်ရှိတွင် အဆိုပါတရားခံနှစ်ဦးအနက် ဖခင်ဖြစ်သူအားဖမ်းမိထားပြီး ကျန်ရှိသည့်တရားခံကိုလဲ ဖမ်းမိနိုင်ရေး ကျိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းအားဆိုသည်။

“ပြောရရင်တော့ ဆိုင်ကယ်အရောင်းအဝယ်သမားပေါ့၊ ထိုင်းဆိုင်ကယ် အကြီးကြီးတွေ အရောင်းအဝယ်လုပ် တယ်၊ ပိုက်ဆံချမ်းသာတော့ ထိုင်းဘက်ကိုသွားသွားပြီးတော့ ဆိုင်ကယ်သွားသယ်ဘာသယ်လုပ်တော့ ဒါတွေ ဝယ်လာမှာပေါ့” ၎င်းကပြောသည်။

အဆိုပါလက်နက်များ ဖမ်းစီးရမှုနှင့်ပက်သတ်၍ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းအား ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရရှိခဲ့ပါ။

#PeopleMedia


Share this post