• Follow Us on

Home မြောက်ဥက္ကလာပမြို့နယ်အတွင်း တပ်မတော်သားအယောင်ဆောင်သူတစ်ဦး ဖမ်းဆီးရမိ


Share this post

 
 
 
#PeopleMedia
 
(unicode)
မြောက်ဥက္ကလာပမြို့နယ်အတွင်း တပ်မတော်သားအယောင်ဆောင်သူတစ်ဦး ဖမ်းဆီးရမိ ………………………………………… နေပြည်တော်၊ နိုဝင်ဘာ – ၁၆ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာဝီလမ်း၊ အောင်စတိုးဆိုင်ရှေ့၌ နိုဝင်ဘာ ၁၃ ရက် ညနေ ၆ နာရီခန့် တွင် တပ်မတော်မှ ဗိုလ်မှူးအဆင့်တံဆိပ်အမှတ်အသားပါ ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးအား လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက မသင်္ကာသဖြင့် သက်သေများ ရှေ့၌စစ်ဆေးမေးမြန်းရာ ၎င်းမှာ တပ်မတော်သားတစ်ဦးမဟုတ်ဘဲ ကျော်ကျော်မျိုး၊ (၃၃)နှစ်၊ ကျပန်း၊ ကင်ပွန်းချောင်းကျေးရွာ၊ ကျိုက်ထိုမြို့နယ်၊ မွန်ပြည်နယ် နေသူဖြစ်သည်။ အဆိုပါ တပ်မတော်တွင်တာဝန်ထမ်းဆောင်နေသူမဟုတ်ဘဲ တပ်မတော်သားဟုယုံကြည်စေရန်ရည်ရွယ်၍ တပ်မတော်သားများ၏ စစ်ဝတ်တန်ဆာအားဝတ်ဆင်ခြင်းနှင့် စစ်အမှတ်အသားတံဆိပ်များကိုကိုင်ဆောင်သွားလာနေသူ ကျော်ကျော်မျိုးအား မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းမှ (ပ)၁၆၂၂/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၁၄၀ ဖြင့်အမှုဖွင့်ဖမ်းဆီးအရေးယူထားသည်။
#PeopleMedia

Share this post