• Follow Us on

Home မြောက်ဥက္ကလာပမြို့နယ်၌ အငြိမ်းစား ကျောင်းဆရာမကြီးတစ်ဦးသည် နေအိမ်မှ ဈေးသို့ ဆိုက်ကားဖြင့် သွားစဉ် သေနတ်ဖြင့် ကိုးချက် ပစ်ခတ်လုပ်ကြံခံရ၍ သေဆုံး

မြောက်ဥက္ကလာပမြို့နယ်၌ အငြိမ်းစား ကျောင်းဆရာမကြီးတစ်ဦးသည် နေအိမ်မှ ဈေးသို့ ဆိုက်ကားဖြင့် သွားစဉ် သေနတ်ဖြင့် ကိုးချက် ပစ်ခတ်လုပ်ကြံခံရ၍ သေဆုံး

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရက်ကွက်၌ အငြိမ်းစား ကျောင်းဆရာမကြီးတစ်ဦးသည် နေအိမ်မှ ဈေးသို့ ဆိုက်ကားဖြင့်သွားစဉ် သေနတ်ဖြင့် ကိုးချက် ပစ်ခတ်လုပ်ကြံခံရ၍ သေဆုံးသွားကြောင်း ဒေ သခံများ၏ အတည်ပြုပြောဆိုချက်အရ သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်၊ သုနန္ဒာ(၅)လမ်း ဆေးဆိုင်ရှေ့၌ အငြိမ်းစားကျောင်းအုပ်ဆရာမကြီးသည် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးသွားခဲ့သည်။

 

“ဆရာမကြီးက အိမ်ကနေ ဈေးကို ဆိုက်ကားနဲ့အသွား ဆိုက်ကားနောက်ကနေ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား နှစ်ဦးက ပစ္စတိုနဲ့ ဆက်တိုက်ပစ်သွားတာ။ ၉ ချက်လို့ သိရတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ဆရာမကြီးသည် ရရှိဒဏ်ရာများဖြင့် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဆေးရုံအရောက်၌ ကွယ်လွန်သွားသည်။

 

ဖြစ်စဉ်၌ ကျူးလွန်သူများကို လက်တလော၌ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

အလားတူ ယနေ့ နံနက်ပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးသွားသည်။

 

Photo – ပုံအဟောင်း အသုံးပြုထားသည်။

 

#PeopleMedia #မြောက်ဥက္ကလာပ #ပညာရေးဝန်ထမ်းငြိမ်း

 

(unicode)


………………………………………………………..

 


 


 


 


 


 


 


 


 



Share this post