• Follow Us on

Home ေျမာက္ဥကၠလာမွ လက္နက္မ်ားစုေဆာင္းသူကို ဖမ္းဆီးရမိ

ေျမာက္ဥကၠလာမွ လက္နက္မ်ားစုေဆာင္းသူကို ဖမ္းဆီးရမိ

Share this post

ရန္ကုန္၊ ဧၿပီ ၃၀

ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (စ်)ရပ္ကြက္၌ ဖမ္းဆီးရမိေသာ လက္နက္ခဲယမ္းမ်ား စုေဆာင္းထားသူကို ယမန္ေန႔ ည ၁၀ နာရီခန္႔က မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕၌ဖမ္းမိေၾကာင္း ေဒသခံတစ္ဦးထံမွသိရသည္။ က်ိဳက္ထိုၿမိဳ႕နယ္ သိမ္ဇရပ္နယ္ေျမရဲစခန္းအပိုင္ စစ္ေတာင္းတံတားေဟာင္း၌ ကားေရာလူပါဖမ္းမိျခင္းျဖစ္သည္ဟု ၎က ေျပာ သည္။

“ဖမ္းဆီးရမိတယ္ဆိုတာဟုတ္ပါတယ္၊ သိမ္ဇရပ္ကေနေခၚလာေနပါၿပီခင္ဗ် ” ဟု၎ကေျပာသည္။

ဦးျပည့္စုံဝင္းဘို၏ေနအိမ္၌ က်ည္ဆံႏွင့္လက္ႏွက္မ်ား လက္ဝယ္ထားရွိသည္ဟူသည့္သတင္းေပးပို႔ခ်က္အရ ယခုလ ၂၈ ရက္ညတြင္ အေရွ႕ပိုင္းခ႐ုိင္ရဲတပ္ဖြဲ႕မွဴးဒုရဲမွဴးႀကီးေအာင္ခိုင္ ဦးစီးတပ္ဖြဲ႕ဝင္မ်ား ဝင္ေရာက္ရွာေဖြရာ လက္ႏွက္မ်ိဳးစုံကိုဦးျပည့္စုံဝင္းဘိုအိပ္ခန္းထဲ၌ ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

တရားခံျပည့္စုံဝင္းဘိုသည္ ဆိုင္ကယ္ပြဲစားလုပ္ငန္းကိုလည္း လုပ္ကိုင္ေသာေၾကာင့္ လက္နက္မ်ားရရွိႏုိင္သည့္ နယ္စပ္ေဒသမ်ားသို႔ မၾကာခဏေရာက္ရွိျခင္းေၾကာင့္ ျပန္လည္ေရာင္းခ်ရန္စုေဆာင္းထားရွိျခင္းလည္း ျဖစ္ႏုိင္ ေၾကာင္း ေျမာက္ဥကၠလာပၿမိဳ႕နယ္ အမွတ္ ၂ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္လြင္က သုံးသပ္ သည္။

“လက္ရွိမွာ အဖြဲ႕ဖြဲ႕ၿပီးစစ္ေဆးေနပါတယ္၊ ျဖစ္ႏုိင္ေျခေတြက အမ်ားႀကီးရွိပါတယ္၊ တိတိက်က်ေျပာဖို႔ေတာ့ ေစာပါေသးတယ္ဗ် “ဟု ၎ကေျပာသည္။

ဖမ္းဆီးရမိေသာပစၥည္းမ်ားမွာ တရားမဝင္ေလေသနတ္ေလးလက္၊ ေကာ္ေစ့ျဖင့္ ပစ္ခတ္သည့္ ေကာ္ပစၥတို ေသနတ္ႏွစ္လက္၊ ေလေသနတ္က်ည္ ၂၅၄၈ ေတာင့္၊ သံေဘာေစ့မ်ိဳးစုံ ၅၆၅၀ ေစ့၊ ဓါးမ်ိဳးစုံ ၂၅ လက္၊ ပုဆိန္ တစ္လက္၊ ဂ်င္ကလိ ၁၉ ေခ်ာင္းႏွင့္ က်ည္မ်ိဳးစုံ ၁၁၁၃ ေတာင့္တို႔ကိုဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။ အဆိုပါလက္ႏွက္ခဲယမ္းမ်ားႏွင့္အတူ ေတြ႕ရွိခဲ့ေသာဖခင္ျဖစ္သူဦးဝင္းဘိုႏွင့္ ထြက္ေျပးတိမ္းေရွာင္ခဲ့သူ ျပည့္စုံ ဝင္းဘိုအား ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းမွ ပ ၉၈၂/၂၀၂၀ လက္ႏွက္ဥပေဒပုဒ္မ ၁၉ (စ)နဲ႔အေရးယူထား ေၾကာင္း သိရသည္။

ေသြးသစ္(ရန္ကုန္)

#PeopleMedia

(Unicode)
မြောက်ဥက္ကလာမှ လက်နက်များစုဆောင်းသူကို ဖမ်းဆီးရမိ
…………………………………………………

ရန်ကုန်၊ ဧပြီ ၃၀

မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၌ ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများ စုဆောင်းထားသူကို ယမန်နေ့ ည ၁၀ နာရီခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ဖမ်းမိကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်နယ်မြေရဲစခန်းအပိုင် စစ်တောင်းတံတားဟောင်း၌ ကားရောလူပါဖမ်းမိခြင်းဖြစ်သည်ဟု ၎င်းက ပြော သည်။

“ဖမ်းဆီးရမိတယ်ဆိုတာဟုတ်ပါတယ်၊ သိမ်ဇရပ်ကနေခေါ်လာနေပါပြီခင်ဗျ ” ဟု၎င်းကပြောသည်။

ဦးပြည့်စုံဝင်းဘို၏နေအိမ်၌ ကျည်ဆံနှင့်လက်နှက်များ လက်ဝယ်ထားရှိသည်ဟူသည့်သတင်းပေးပို့ချက်အရ ယခုလ ၂၈ ရက်ညတွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးအောင်ခိုင် ဦးစီးတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေရာ လက်နှက်မျိုးစုံကိုဦးပြည့်စုံဝင်းဘိုအိပ်ခန်းထဲ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တရားခံပြည့်စုံဝင်းဘိုသည် ဆိုင်ကယ်ပွဲစားလုပ်ငန်းကိုလည်း လုပ်ကိုင်သောကြောင့် လက်နက်များရရှိနိုင်သည့် နယ်စပ်ဒေသများသို့ မကြာခဏရောက်ရှိခြင်းကြောင့် ပြန်လည်ရောင်းချရန်စုဆောင်းထားရှိခြင်းလည်း ဖြစ်နိုင် ကြောင်း မြောက်ဥက္ကလာပမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က သုံးသပ် သည်။

“လက်ရှိမှာ အဖွဲ့ဖွဲ့ပြီးစစ်ဆေးနေပါတယ်၊ ဖြစ်နိုင်ခြေတွေက အများကြီးရှိပါတယ်၊ တိတိကျကျပြောဖို့တော့ စောပါသေးတယ်ဗျ “ဟု ၎င်းကပြောသည်။

ဖမ်းဆီးရမိသောပစ္စည်းများမှာ တရားမဝင်လေသေနတ်လေးလက်၊ ကော်စေ့ဖြင့် ပစ်ခတ်သည့် ကော်ပစ္စတို သေနတ်နှစ်လက်၊ လေသေနတ်ကျည် ၂၅၄၈ တောင့်၊ သံဘောစေ့မျိုးစုံ ၅၆၅၀ စေ့၊ ဓါးမျိုးစုံ ၂၅ လက်၊ ပုဆိန် တစ်လက်၊ ဂျင်ကလိ ၁၉ ချောင်းနှင့် ကျည်မျိုးစုံ ၁၁၁၃ တောင့်တို့ကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါလက်နှက်ခဲယမ်းများနှင့်အတူ တွေ့ရှိခဲ့သောဖခင်ဖြစ်သူဦးဝင်းဘိုနှင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူ ပြည့်စုံ ဝင်းဘိုအား မြောက်ဥက္ကလာပမြို့မရဲစခန်းမှ ပ ၉၈၂/၂၀၂၀ လက်နှက်ဥပဒေပုဒ်မ ၁၉ (စ)နဲ့အရေးယူထား ကြောင်း သိရသည်။

သွေးသစ်(ရန်ကုန်)

#PeopleMedia


Share this post