• Follow Us on

Home မြောက်ဥက္ကလာ၌ တံတားလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရ

မြောက်ဥက္ကလာ၌ တံတားလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရ

Share this post

ရန်ကုန်၊ အောက်တိုဘာ ၁၄ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ တံတားလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦးသည် ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပါတယ်။

 

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ ခေမာသီလမ်းရှိ တံတား၌ လုံခြုံရေးတာဝန်ထမ်းဆောင် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်သမားများက ယာဉ်ပေါ်မှ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

 

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပေါ်ပြီးနောက် သေနတ်သမားများအသုံးပြုခဲ့သည့် ပရိုဘောက်ယာဉ်နှင့် ကျူး လွန်သူများကို ရှာဖွေနေတယ်လို့ ကနဦး သိရှိရပါတယ်။

 

ကျည်ဆံထိမှန်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်ကို တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေ တယ်လို့ ကနဦး သိရှိရပါတယ်။

 

Photo – ပုံအဟောင်း အသုံးပြုထားသည်။

 

#PeopleMedia #မြောက်ဥက္ကလာ #လုံခြုံရေးတပ်ဖွဲ့ #ပစ်ခတ်မှု

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 

#PeopleMedia #မွောကျဥက်ကလာ #လုံခွုံရေးတပျဖှဲ့ #ပဈခတျမှု


Share this post