• Follow Us on

Home ေျမာက္ဦးၿမိဳ႕နယ္၌ လုံၿခံဳေရးယာဥ္တန္း မုိင္းခြဲခံရ၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ႏွစ္ဦးႏွင့္ ေဒသခံႏွစ္ဦးဒဏ္ရာရ

ေျမာက္ဦးၿမိဳ႕နယ္၌ လုံၿခံဳေရးယာဥ္တန္း မုိင္းခြဲခံရ၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ႏွစ္ဦးႏွင့္ ေဒသခံႏွစ္ဦးဒဏ္ရာရ

Share this post

စစ္ေတြ၊ ႏုိဝင္ဘာ – ၁

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ ေျမာက္ဦး-ပန္းေျမာင္ကားလမ္းတစ္ေလွ်ာက္ လမ္းေၾကာင္း လုံၿခဳံေရး ေဆာင္႐ြက္လ်က္ရွိေသာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား AA အဖြဲ႕မွ ေအာက္တိုဘာ ၃၀ ရက္ နံနက္ ၇ နာရီခြဲ ခန္႔တြင္ ႐ြာေဟာင္းေတာေက်း႐ြာ၏ ေတာင္ဘက္ မီတာ ၅၀ဝ ခန္႔အကြာရွိ ကားလမ္းပုခုံး ဝဲယာဘက္မွ အေဝးထိန္းမိုင္း ၂ လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့သျဖင့္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ႏွစ္ဦးႏွင့္ ေဒသခံျပည္သူႏွစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

ျဖစ္စဥ္ေနရာတစ္ဝိုက္အား မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ရာ မိုင္းေပါက္ကြဲခဲ့သည့္ေနရာ၏ အေရွ႕ ဘက္ ၂၅ မီတာခန္႔တြင္ ကြန္ၾကဴးပိုက္ျဖင့္ ျပဳလုပ္ထားေသာ အေဝးထိန္း မိုင္းတစ္လုံးအား ေဖာ္ထုတ္ရရွိခဲ့ၿပီး မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္စဥ္ ကားလမ္း ယာဘက္လမ္းပုခုံးတြင္ ေထာင္ထားေသာ အေဝးထိန္းမိုင္းတစ္လုံးအား AA အဖြဲ႕က အေဝးမွ ထပ္မံေဖာက္ခြဲ တိုက္ခိုက္ခဲ့သည္။

မိုင္းေပါက္ကြဲမႈေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ႏွစ္ဦးႏွင့္ မိုင္းေပါက္ကြဲစဥ္ ပန္းေျမာင္ေက်း႐ြာဘက္မွ ေျမာက္ဦးၿမိဳ႕ သို႔ ဆိုင္ကယ္စီးနင္းလာေသာ ေျမာက္ဦးၿမိဳ႕၊ ဗႏၶဳလရပ္ကြက္ေန ေမာင္ေက်ာ္ထြန္းစိန္ႏွင့္ ေအာင္တပ္ရပ္ကြက္ ေန ေမာင္ေက်ာ္နိုင္ထြန္းတို႔ ႏွစ္ဦးတြင္ မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ေသာေၾကာင့္ စစ္ေတြၿမိဳ႕ရွိ တပ္မေတာ္ ေဆး႐ုံႏွင့္ ျပည္သူ႕ေဆး႐ုံတို႔သို႔ ပို႔ေဆာင္၍ ေဆးဝါးကုသမႈမ်ား ခံယူေစလ်က္ရွိသည္။

#PeopleMedia #RakhineState

မွတ္ခ်က္ ။ ။ ယခင္မုိင္းခြဲခံရေသာ ကားမ်ား

(unicode)
မြောက်ဦးမြို့နယ်၌ လုံခြုံရေးယာဉ်တန်း မိုင်းခွဲခံရ၊ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ဒေသခံနှစ်ဦးဒဏ်ရာရ
…………………………………………………………

စစ်တွေ၊ နိုဝင်ဘာ – ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောက်ဦး-ပန်းမြောင်ကားလမ်းတစ်လျှောက် လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား AA အဖွဲ့မှ အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီခွဲ ခန့်တွင် ရွာဟောင်းတောကျေးရွာ၏ တောင်ဘက် မီတာ ၅၀ဝ ခန့်အကွာရှိ ကားလမ်းပုခုံး ဝဲယာဘက်မှ အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်နေရာတစ်ဝိုက်အား မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မိုင်းပေါက်ကွဲခဲ့သည့်နေရာ၏ အရှေ့ ဘက် ၂၅ မီတာခန့်တွင် ကွန်ကြူးပိုက်ဖြင့် ပြုလုပ်ထားသော အဝေးထိန်း မိုင်းတစ်လုံးအား ဖော်ထုတ်ရရှိခဲ့ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် ကားလမ်း ယာဘက်လမ်းပုခုံးတွင် ထောင်ထားသော အဝေးထိန်းမိုင်းတစ်လုံးအား AA အဖွဲ့က အဝေးမှ ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် မိုင်းပေါက်ကွဲစဉ် ပန်းမြောင်ကျေးရွာဘက်မှ မြောက်ဦးမြို့ သို့ ဆိုင်ကယ်စီးနင်းလာသော မြောက်ဦးမြို့၊ ဗန္ဓုလရပ်ကွက်နေ မောင်ကျော်ထွန်းစိန်နှင့် အောင်တပ်ရပ်ကွက် နေ မောင်ကျော်နိုင်ထွန်းတို့ နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သောကြောင့် စစ်တွေမြို့ရှိ တပ်မတော် ဆေးရုံနှင့် ပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်၍ ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိသည်။

#PeopleMedia #RakhineState

မှတ်ချက် ။ ။ ယခင်မိုင်းခွဲခံရသော ကားများ


Share this post