• Follow Us on

Home ေျမာက္ဦးၿမိဳ႕၌ AA ႏွင့္ တပ္မေတာ္တုိက္ပြဲျဖစ္ပြားရာ တိန္ညိဳတုိက္နယ္ေဆး႐ုံးအတြင္း၌ လက္နက္ထိမွန္၍ လူနာမ်ားႏွင့္ က်န္း မာေရးဝန္ထမ္းမ်ား ေျမာက္ဦးေဆး႐ုံသုိ႔ ေရြ႕ေျပာင္း

ေျမာက္ဦးၿမိဳ႕၌ AA ႏွင့္ တပ္မေတာ္တုိက္ပြဲျဖစ္ပြားရာ တိန္ညိဳတုိက္နယ္ေဆး႐ုံးအတြင္း၌ လက္နက္ထိမွန္၍ လူနာမ်ားႏွင့္ က်န္း မာေရးဝန္ထမ္းမ်ား ေျမာက္ဦးေဆး႐ုံသုိ႔ ေရြ႕ေျပာင္း

Share this post

ရန္ကုန္၊ မတ္ – ၁၃

ရခုိင္ျပည္နယ္ေျမာက္ပုိင္း၊ ေျမာက္ဦးၿမိဳ႕နယ္၌ AA ႏွင့္ တပ္မေတာ္တုိက္ပြဲျဖစ္ပြားရာ တိန္ညိဳတုိက္နယ္ေဆး႐ုံအတြင္း၌ လက္နက္ထိမွန္၍ လူနာမ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားေျမာက္ဦးေဆး႐ုံသုိ႔ ေရြ႕ေျပာင္းရန္ စီစဥ္ထားေၾကာင္း ရခုိင္ျပည္ နယ္အစုိးရအဖြဲ႕က အတည္ျပဳေျပာဆုိပါတယ္။

မတ္လ(၁၃)ရက္ နံနက္(၆)နာရီအခ်ိန္၌ ရန္ကုန္-စစ္ေတြလမ္းမတြင္ တပ္မေတာ္ယာဥ္တန္း မုိင္းခြဲခံလုိက္ရပါတယ္။

အဆုိပါျဖစ္စဥ္ျဖစ္ေပၚၿပီးေနာက္ ႏွစ္ဖက္ပစ္ခတ္မႈမ်ား ျဖစ္ေပၚခဲ့ၿပီး တိန္ညိဳတုိက္နယ္ေဆး႐ုံအတြင္းသုိ႔ လက္နက္ထိမွန္ခဲ့တာ လည္းျဖစ္ပါတယ္။

အဆုိပါ ျဖစ္စဥ္တြင္ AA ႏွင့္ တပ္မေတာ္ႏွစ္ဖက္ အျပန္အလွန္ပစ္ခတ္တုိက္ခုိက္မႈေၾကာင့္ တိန္ညိဳစစ္ေရွာင္စခန္းႏွင့္ ေဒသခံမ်ား ထိခုိက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျပည္နယ္အစုိးရအဖြဲ႕တာဝန္ရွိသူက ေျပာပါတယ္။

#PeopleMedia #AA

(Unicode)
မြောက်ဦးမြို့၌ AA နှင့် တပ်မတော်တိုက်ပွဲဖြစ်ပွားရာ တိန်ညိုတိုက်နယ်ဆေးရုံးအတွင်း၌ လက်နက်ထိမှန်၍ လူနာများနှင့် ကျန်း မာရေးဝန်ထမ်းများ မြောက်ဦးဆေးရုံသို့ ရွေ့ပြောင်း
…………………………………………………………

ရန်ကုန်၊ မတ် – ၁၃

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ်၌ AA နှင့် တပ်မတော်တိုက်ပွဲဖြစ်ပွားရာ တိန်ညိုတိုက်နယ်ဆေးရုံအတွင်း၌ လက်နက်ထိမှန်၍ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများမြောက်ဦးဆေးရုံသို့ ရွေ့ပြောင်းရန် စီစဉ်ထားကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့က အတည်ပြုပြောဆိုပါတယ်။

မတ်လ(၁၃)ရက် နံနက်(၆)နာရီအချိန်၌ ရန်ကုန်-စစ်တွေလမ်းမတွင် တပ်မတော်ယာဉ်တန်း မိုင်းခွဲခံလိုက်ရပါတယ်။

အဆိုပါဖြစ်စဉ်ဖြစ်ပေါ်ပြီးနောက် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး တိန်ညိုတိုက်နယ်ဆေးရုံအတွင်းသို့ လက်နက်ထိမှန်ခဲ့တာ လည်းဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်တွင် AA နှင့် တပ်မတော်နှစ်ဖက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုကြောင့် တိန်ညိုစစ်ရှောင်စခန်းနှင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

#PeopleMedia #AA


Share this post