• Follow Us on

Home မြောက်ဦးဆရာတော် ကျန်းမာရေးမကောင်း၍ အာရှတော်ဝင်ဆေးရုံ၌ တက်ရောက်ကုသနေ

မြောက်ဦးဆရာတော် ကျန်းမာရေးမကောင်း၍ အာရှတော်ဝင်ဆေးရုံ၌ တက်ရောက်ကုသနေ

Share this post

နေပြည်တော်၊ မတ် ၉

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီတောရကျောင်းတိုက် မြောက်ဦးဆရာတော် အရှင်ဝါယာ မိန္ဒ ကျန်းမာရေးမကောင်း၍ အာရှတော်ဝင်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေလျက်ရှိကြောင်း ဆရာတော်၏ သမီး တော်ထံမှ သိရသည်။

 

“ပြီးခဲ့တဲ့လတုန်းက တရားစခန်းအပြီး ဗိုက်နာပြီး အန်တာကနေ စဖြစ်တာ၊ ကျန်မာရေးကတော့ ကောင်းတယ် ဆိုပေမယ့် ဗိုက်တို့ ဒူးတို့ ခါးတို့ နာနေတာ၊ ခုထိ မပျောက်ဘူးဖြစ်နေတာ” ဟု မြောက်ဦးဆရာတော်၏ သမီး တော်က ပြောသည်။

 

မြောက်ဦးဆရာတော်သည် ပြီးခဲ့သည့် လကုန်ပိုင်း တရားစခန်းတစ်ခုအပြီးတွင် ဗိုက်နာပြီး အန်ရာမှစ၍ ယခု လဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးရုံတွင် ဆေးကုမှုခံယူနေလျက်ရှိကြောင်း သိရသည်။

 

ဆရာတော်ကြီး၏ ကျန်းမာရေးမှာ စိုးရိမ်စရာ သိပ်မရှိသော်လည်း ဗိုက်၊ ခါးနှင့် ဒူးခေါင်းတို့မှာ နာကျင်မှု ခံစား နေရသေး၍ ဆေးရုံ၌ ဆက်လက်ကုသမှုခံယူရအုန်းမည်ဖြစ်ကြောင်း သိရသည်။

 

မြောက်ဦးဆရာတော်သည် ရခိုင်ပြည်နယ်တွင် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်နေသည့် ထင်ရှားသည့် ဆရာတော်တစ်ပါးဖြစ်ပြီး၊ လက်ရှိ ရခိုင်ပြည်နယ်တွင် စက္ခုဒါနဆေးရုံ၊ အံတော်သိမ်စေတီပုထိုးတော်တို့ တည် ဆောက်ရေးအတွက်လည်း အကောင်အထည်ဖောင်ဆောင်ရွက်နေလျက်ရှိသည်။

 

#PeopleMedia

 

(unicode)


………………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post