• Follow Us on

Home မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘင်္ဂါလီ)ကျေးရွာ ရာအိမ်မှူးနှင့် အဖွဲ့အား ဘင်္ဂါလီ (၆) ဦးမှ ဓါးဖြင့်ခုတ်ကာ လေးခွဖြင့် ပစ်ခတ်ကာ ထွက်ပြေး

မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘင်္ဂါလီ)ကျေးရွာ ရာအိမ်မှူးနှင့် အဖွဲ့အား ဘင်္ဂါလီ (၆) ဦးမှ ဓါးဖြင့်ခုတ်ကာ လေးခွဖြင့် ပစ်ခတ်ကာ ထွက်ပြေး

Share this post

နေပြည်တော်၊ မတ် ၄

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘင်္ဂါလီ)ကျေးရွာ၌ မတ်လ ၃ရက်နေ့ ညပိုင်း ၈ နာရီခန့်က  ပေါင်းတုတ်(ဘင်္ဂါလီ)ကျေးရွာ ရာအိမ်မှူးဦးနော်ဂျူအဖွဲ့အား ဘင်္ဂါလီ ၆ ဦး ဓါးဖြင့်ခုတ်ကာ လေးခွဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပေါင်းတုတ်(ဘင်္ဂါလီ)ကျေးရွာ ရာအိမ်မှူးဦးနော်ဂျူသည် အစ်ကိုဖြစ်သူ လှမောင်နှင့် အိမ်ချင်းကပ်နေ သူ ကာလာတို့နှင့်အတူ ခြံဝင်းအတွင်း၌ ရှိနေစဉ် တစ်ရွာတည်းနေ ဦးကာလာချေ၊ ရော်ဘူရာ၊ ဟူဆောင်၊ အာဂျူဂျူဟတ်၊ အဒူရော်ဆုတ်နှင့် မော်ဟိဒူလာတို့ (၆)ဦးမှ အရက်သေစာများသောက်စားမူးယစ်ပြီး ဓါးနှင့် လေးခွများကိုင်ဆောင်ကာ ရာအိမ်မှူး ဦးနော်ဂျူ၏ အိမ်ရှေ့လမ်းမပေါ်မှ ဦးနော်ဂျူအား အော်ဟစ်ဆဲဆိုခဲ့ ကြောင်း၊ ထိုသို့ အော်ဟစ်ဆဲဆိုနေကြသဖြင့် ဦးနော်ဂျူ၊ ဦးလှမောင်နှင့် ဦးကာလာတို့(၃)ဦးမှ ဆဲဆိုနေသူများ ထံသို့ သွားရောက်ပြီး မေးမြန်းရာ ဘင်္ဂါလီ (၆)ဦးမှ ၎င်းတို့၌ အသင့်ပါလာသည့် အရှည်(၂)ပေခန့်ရှိ ဓါးများဖြင့် ဝိုင်းဝန်းခုတ်ခဲ့ကာ လေးခွဖြင့်ပစ်ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

ယင်းကဲ့သို့ တိုက်ခိုက်ခံမှုကြောင့် ဦးနော်ဂျူးတွင် နဖူးလေးခွ မှန်ဒဏ်ရာ(၁)ချက်၊ လှမောင်တွင် လည်ဂုတ်ပြတ်ရှိ ဒဏ်ရာ (၁)ချက်၊ နောက်ကျောခုံးတွင် ပြတ်ရှဒဏ်ရာ(၁)ချက် နှင့် ကာလာတွင် ဦးခေါင်းပြတ်ရှဒဏ်ရာ (၁)ချက်၊ ယာဘက်ဂျိုင်းအောက်ပြတ်ရှဒဏ်ရာ(၁)ချက်တို့ အသီးသီးရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူ (၃)ဦးအား မြောင်းတွေ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………..

 


 


 


 


 

#PeopleMedia


Share this post