• Follow Us on

Home မြောင်းထဲဆင်း၍ ကော်ပုံး ဆင်းဆယ်သည့် ကလေးငယ်တစ်ဦး လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်၍ သေဆုံး

မြောင်းထဲဆင်း၍ ကော်ပုံး ဆင်းဆယ်သည့် ကလေးငယ်တစ်ဦး လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်၍ သေဆုံး

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်၊ စီမံကိန်း ၁/၂ တံတားရှိ မြောင်းထဲမှ မျော ပါလာသော ကော်ပုံးတစ်ခုကို ကလေးငယ်နှစ်ဦးအနက် တစ်ဦးသည် ပေါက်ကွဲမှုဖြစ်၍ သေဆုံးသွားသည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးသည် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 

“လမ်းထဲမှာ သံတိုသံစ ကော်ပုံးလိုက်ကောက်တဲ့ကလေးတွေပါ မျောလာတဲ့ပုံးကို ရေသန့်ဗူးတို့ အချိုရည် ဗူးတို့လည်းပါမယ်။ မျောလာတဲ့ပုံးခွံကို ရောင်းစားမယ်ဆိုတဲ့အတွေးနဲ့ ဆင်းဆယ်ကျတာနဲ့ တူတယ်။ ကလေး တစ်ယောက်ကတော့ အခင်းဖြစ်ရာနေရာမှာပဲသေဆုံးပါတယ်။ နောက်ကလေးတစ်ဦးကတော့ ဆေးရုံမှာတင် ထားပါတယ်” ဟု တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်တွင် နေထိုင်သူတစ်ဦက ပြောသည်။

 

လက်ရှိအချိန်၌ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများ စာသင်ကျောင်းများ ဘုန်းတော်ကြီးကျောင်းအချို့၌ ပေါက်ကွဲမှုအချို့ ဖြစ်ပေါ်လျက်ရှိခဲ့သည်။

 

Photo – ပုံအဟောင်း အသုံးပြုထားသည်။

 

#PeopleMedia #တောင်ဥက္ကလာပ #ဗုံးပေါက်ကွဲ

 

(unicode)


…………………………………………………………

 


 


 


 


 


 


 

#PeopleMedia #တောငျဥက်ကလာပ #ဗုံးပေါကျကှဲ


Share this post