• Follow Us on

Home မြောင်းမြအကျဉ်းထောင် ရဲစခန်း၊ တရားရုံးများနှင့် အချုပ်ခန်းများ၏ စစ်ဆေးတွေ့ရှိချက်များကို သက် ဆိုင်ရာသို့ အကြံပြုချက်များပေးပို့သွားမည်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ ထုတ်ပြန်

မြောင်းမြအကျဉ်းထောင် ရဲစခန်း၊ တရားရုံးများနှင့် အချုပ်ခန်းများ၏ စစ်ဆေးတွေ့ရှိချက်များကို သက် ဆိုင်ရာသို့ အကြံပြုချက်များပေးပို့သွားမည်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ ထုတ်ပြန်

Share this post

ရန်ကုန်၊ အောက်တိုဘာ ၇ (People Media)

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့သည် မြောင်းမြအကျဉ်းထောင်၊ မြောင်းမြမြို့ပေါ်ရှိ ရဲစခန်းနှင့် တရားရုံး၊ အချုပ်ခန်းတို့ကို သွားရောက်စစ်ဆေးတွေ့ရှိချက်များနှင့်ပတ်သက်သည့် အကြံပြုချက် များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ် ကြောင်း အဆိုပါကော်မရှင်မှ ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သောအဖွဲ့ သည် အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်တွင် မြောင်းမြအကျဉ်းထောင်၊ မြောင်းမြမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံးနှင့် အချုပ်ခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများကို အုပ်စုခွဲတွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင် စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ၊ မရှိ၊ ထောင်ဝင်စာပစ္စည်းများ ပြည့်စုံစွာရရှိမှု ရှိ မရှိ၊ ရသင့်ရထိုက် သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိ နှင့် အကျဉ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိတို့ကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများနှင့် တွေ့ဆုံကာ ၎င်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ကြကြောင်း သိရသည်။

 

ထို့နောက် အကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏အိပ်ဆောင်များ၊ ဆေးရုံ ဆောင်၊ တိုက်ခန်းများ၊ စာကြည့်တိုက်(ဝဲပုံ)၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိကို လည်းကောင်း၊ လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ် – ၁၉ ရောဂါကာကွယ်ရေးနှင့် ယင်းနောက် အကျဉ်းသား/ အချုပ်သားများ အသိပညာတိုးပွားစေရန် ရည်ရွယ်၍ အကျဉ်းထောင် စာကြည့် တိုက်တွင် ထားရှိရန် သုတ၊ ရသ၊ ကျန်းမာရေး၊ ဘာသာရေးစာအုပ်မျိုးစုံ အုပ်ရေ ၂၀၀ နှင့် ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း မြန်မာပြန် မှတ်စုစာအုပ် ၆၉၀ တို့ကို လှူဒါန်းခဲ့ကြကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ #မြောင်းမြ #အကျဉ်းထောင်

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post