• Follow Us on

Home ေျမာင္းျမၿမိဳ႕၌ ဖမ္းမိခဲ့သည့္ ခုိးဝင္ဘဂၤါလီ (၁၆) ေယာက္ကုိ က်န္းမာေရးစစ္ေဆးမႈျပဳလုပ္ရန္ ေစာင့္ၾကည့္လူနာအျဖစ္ ေျမာင္းျမၿမိဳ႕၌ ထားရွိေၾကာင္း ဧရာဝတီတုိင္းအစုိးရ အတည္ျပဳ

ေျမာင္းျမၿမိဳ႕၌ ဖမ္းမိခဲ့သည့္ ခုိးဝင္ဘဂၤါလီ (၁၆) ေယာက္ကုိ က်န္းမာေရးစစ္ေဆးမႈျပဳလုပ္ရန္ ေစာင့္ၾကည့္လူနာအျဖစ္ ေျမာင္းျမၿမိဳ႕၌ ထားရွိေၾကာင္း ဧရာဝတီတုိင္းအစုိးရ အတည္ျပဳ

Share this post

ရန္ကုန္၊ ဇြန္ – ၂၄

ဧရာဝတီတုိင္းေဒသႀကီး၊ ေျမာင္းၿမိဳ႕နယ္၊ ျမင္းကကြင္းေက်းရြာ၌ ဖမ္းမိခဲ့သည့္ ခုိးဝင္ဘဂၤါလီ(၁၆)ဦးကုိ က်န္းမာေရးစစ္ေဆးရန္ ေျမာင္းျမၿမိဳ႕ေပၚရွိ ပရဟိ္တေက်ာင္းတစ္ေက်ာင္း၌ ထားရွိထားေၾကာင္း ဧရာဝတီတုိင္းေဒသႀကီးအစုိးရအဖြဲ႕က PeopleMedia သုိ႔ ဇြန္(၂၄)ရက္၌ အတည္ျပဳေျပာဆုိလုိက္ပါတယ္။

ျဖစ္စဥ္မွာ ဇြန္လ(၂၃)ရက္ေန႔၌ ေျမာင္းျမၿမိဳ႕နယ္၊ ျမင္းကကြင္းေက်းရြာရွိ ဓနီေတာအတြင္း၌ ဘဂၤါလီမ်ားေရာက္ရွိေနေၾကာင္း သတင္းရရွိ၍ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ ရဲတပ္ဖြဲ႕မ်ား၊ ေဒသခံမ်ား စုေပါင္းၿပီး သြားေရာက္ရွာေဖြခဲ့ရာ ဘဂၤါလီ(၁၆)ဦး ဖမ္းမိခဲ့ပါတယ္။

ဖမ္းမိ ဘဂၤါလီ(၁၆)ဦး၌ အမ်ဳိးသား၊ အမ်ဳိးသမီးအပါအဝင္ ကေလးငယ္မ်ားပါဝင္ေၾကာင္း တုိင္းအစုိးရအဖြဲ႕တာဝန္ရွိသူတစ္ဦးက အတည္ျပဳေျပာဆုိပါတယ္။

လက္ရွိအခ်ိန္၌၌ ဖမ္းဆီးရမိခဲ့သည့္ ဘဂၤါလီ(၁၆)ဦးကုိ ေျမာင္းျမၿမိဳ႕ရွိ ပရဟိတေက်ာင္းတစ္ေက်ာင္း၌ ထားရွိ၍ ေစာင့္ၾကည့္ လူနာအျဖစ္ထားရွိထားၿပီး ၎တုိ႔ကုိ COVID-19 ႏွင့္ ပတ္သက္၍ က်န္းမာေရးစစ္ေဆးမႈမ်ားျပဳလုပ္လွ်က္ရွိေၾကာင္း တုိင္းအစုိးရ တာဝန္ရွိသူကဆုိသည္။

“ဖမ္းမိသူေတြကုိ Q ဝင္ထားတယ္။ Q ဝင္ၿပီးရင္ က်န္တဲ့ဥပေဒအရ ဆက္လက္ေဆာင္ရြက္သြားမွာျဖစ္တယ္”လုိ႔ တုိင္းအစုိးရ တာဝန္ရွိသူက ေျပာသည္။

ဧရာဝတီတုိင္းေဒသႀကီးသည္ ရခုိင္ျပည္နယ္ႏွင့္ ေရျပင္၊ ေျမျပင္ထိဆက္ေနသည့္ ေဒသျဖစ္ျခင္းေၾကာင့္ ဘဂၤလီမ်ားသည္ ကုန္ လမ္း၊ ေရလမ္းမွ နည္းမ်ဳိးစုံျဖင့္ ခုိ္းဝင္္လ်က္ရွိပါတယ္။

Photo-Credit

#PeopleMedia #COVID #ဘဂၤလီ #ေျမာင္းျမၿမိဳ႕

(unicode)
မြောင်းမြမြို့၌ ဖမ်းမိခဲ့သည့် ခိုးဝင်ဘင်္ဂါလီ (၁၆) ယောက်ကို ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် စောင့်ကြည့်လူနာအဖြစ် မြောင်းမြမြို့၌ ထားရှိကြောင်း ဧရာဝတီတိုင်းအစိုးရ အတည်ပြု
……………………………………………………

ရန်ကုန်၊ ဇွန် – ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြို့နယ်၊ မြင်းကကွင်းကျေးရွာ၌ ဖမ်းမိခဲ့သည့် ခိုးဝင်ဘင်္ဂါလီ(၁၆)ဦးကို ကျန်းမာရေးစစ်ဆေးရန် မြောင်းမြမြို့ပေါ်ရှိ ပရဟိ်တကျောင်းတစ်ကျောင်း၌ ထားရှိထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က PeopleMedia သို့ ဇွန်(၂၄)ရက်၌ အတည်ပြုပြောဆိုလိုက်ပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ(၂၃)ရက်နေ့၌ မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာရှိ ဓနီတောအတွင်း၌ ဘင်္ဂါလီများရောက်ရှိနေကြောင်း သတင်းရရှိ၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့များ၊ ဒေသခံများ စုပေါင်းပြီး သွားရောက်ရှာဖွေခဲ့ရာ ဘင်္ဂါလီ(၁၆)ဦး ဖမ်းမိခဲ့ပါတယ်။

ဖမ်းမိ ဘင်္ဂါလီ(၁၆)ဦး၌ အမျိုးသား၊ အမျိုးသမီးအပါအဝင် ကလေးငယ်များပါဝင်ကြောင်း တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

လက်ရှိအချိန်၌၌ ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ(၁၆)ဦးကို မြောင်းမြမြို့ရှိ ပရဟိတကျောင်းတစ်ကျောင်း၌ ထားရှိ၍ စောင့်ကြည့် လူနာအဖြစ်ထားရှိထားပြီး ၎င်းတို့ကို COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း တိုင်းအစိုးရ တာဝန်ရှိသူကဆိုသည်။

“ဖမ်းမိသူတွေကို Q ဝင်ထားတယ်။ Q ဝင်ပြီးရင် ကျန်တဲ့ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်”လို့ တိုင်းအစိုးရ တာဝန်ရှိသူက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးသည် ရခိုင်ပြည်နယ်နှင့် ရေပြင်၊ မြေပြင်ထိဆက်နေသည့် ဒေသဖြစ်ခြင်းကြောင့် ဘင်္ဂလီများသည် ကုန် လမ်း၊ ရေလမ်းမှ နည်းမျိုးစုံဖြင့် ခို်းဝင်လျက်ရှိပါတယ်။

Photo-Credit

#PeopleMedia #COVID #ဘင်္ဂလီ #မြောင်းမြမြို့


Share this post