• Follow Us on
Latest News

Home မြောင်မြို့နယ်သူဌေးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးအား ခေါင်းဖြတ်ပြီး ဘောလုံးကန်ခဲ့ကြောင်း နှလုံးလှလူမိုက် ကြီးများအဖွဲ့ ထုတ်ပြန်

မြောင်မြို့နယ်သူဌေးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးအား ခေါင်းဖြတ်ပြီး ဘောလုံးကန်ခဲ့ကြောင်း နှလုံးလှလူမိုက် ကြီးများအဖွဲ့ ထုတ်ပြန်

Share this post

စစ်ကိုင်း၊ သြဂုတ် ၁၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်မှ အကြမ်းဖက်စစ်ကောင်စီခန့် သူဌေးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးအား ဦးခေါင်းဖြတ်၍ ဘောလုံးကန်ခဲ့ကြောင်း ဩဂုတ်လ (၁၆) ရက်နေ့ ညပိုင်းတွင် နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

 

ယင်းသို့ ထုတ်ပြန်ရာတွင် ယမန်နေ့ ၇ နာရီ ၂၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် သူဌေးကုန်း ကျေးရွာနေ စကစခန့်အပ်ထားသော အုပ်ကြီး(အောင်မြင့်စိန်)အား နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ နောင်တက် လာမည့် ဥက္ကဋ္ဌများ စံနမူနာယူနိုင်ရန်အတွက် ခေါင်းကိုဖြတ်၍ ဘောလုံးကန်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

 

၎င်းအုပ်ကြီးနှင့်အတူပါလာသော ပျူစောထီးသင်တန်းဆင်းကလေးအား သနားငှဲ့ညှာသောအားဖြင့် မသေစေ နိုင်သော ခန္ဓာကိုယ်အား ရွေးခြယ်၍ ယဉ်ကျေးစွာဆုံးမပစ်ခတ်ပေးခဲ့ပါကြောင်း ထုတ်ပြန်ခဲ့သည်။

 

ယခင်လများအတွင်းမှာလည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဦးခေါင်းဖြတ်အသတ်ခံမှုများ ဖြစ်ပွားခဲ့ပြီး၊ သတင်းပေးဆိုသူများလည်း မကြာခဏ အသတ်ခံနေရကြောင်း သိရသည်။

 

#PeopleMedia #မြောင်မြို့နယ် #ရပ်ကျေးအုပ်ကြီး

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post