• Follow Us on
Latest News

Home မြောင်မြို့နယ်၊ လက်ယက်မကျေးရွာရှိ PDF အထိုင်စခန်း ရှင်းလင်းခံရ

မြောင်မြို့နယ်၊ လက်ယက်မကျေးရွာရှိ PDF အထိုင်စခန်း ရှင်းလင်းခံရ

Share this post

မကွေး၊ အောက်တိုဘာ ၁၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ လက်ယက်မကျေးရွာအနီးရှိ PDF အထိုင်စခန်း ရှင်းလင်းခံခဲ့ရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

အဆိုပါ အထိုင်စခန်းကို လုံခြုံရေးအဖွဲ့က ဝင်ရောက်ရှင်းလင်းရာ လုပ်သေနတ်များ၊ ပြုလုပ်ဆဲလုပ်သေနတ်များ နှင့် ဖောက်ခွဲရေးပစ္စည်းများအပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းခံရကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရပါတယ်။

 

မြောင်မြို့နယ်သည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းကြားရှိ မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံ PDF အဖွဲ့တို့ အား ကောင်းသော မြို့နယ်တစ်ခုဖြစ်ပါတယ်။

 

အဆိုပါ မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန် ဒေသခံ PDF အဖွဲ့က ဖိအားပေးဆောင်ရွက်လျက်ရှိသည်။

 

#PeopleMedia #မြောင်မြို့

 

(unicode)


………………………………………………………….

 


 


 


 


 


 



Share this post