• Follow Us on

Home မြောင်မြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များမရှိသည့် ရဲစခန်းရှိ အဆောက်အဦးနှင့် ရဲလိုင်းခန်းများကို PDF အဖွဲ့မှ မီးရှို့ ဖျက်ဆီး

မြောင်မြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များမရှိသည့် ရဲစခန်းရှိ အဆောက်အဦးနှင့် ရဲလိုင်းခန်းများကို PDF အဖွဲ့မှ မီးရှို့ ဖျက်ဆီး

Share this post

မကွေး၊ အောက်တိုဘာ ၂၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာရှိ ရဲစခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံ PDF အဖွဲ့က ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်ထားပါတယ်။

 

“ရဲစခန်းက နယ်မြေအခြေအနေအရ စခန်းစွန့်သွားတာကြာပါပြီ။ စခန်းထဲမှာရှိတဲ့ အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးသွားတယ်။ ဖြစ်စဉ်ကို ထွက်မကြည့်ရဲဘူးလို့” ဒေသခံတစ်ဦးက ပြောပါတယ်။

 

အဆိုပါ ရဲစခန်းကို မီးရှို့ဖျက်ဆီးရာ၌ ဒေသခံ PDF လူငယ် အမျိုးသမီးငယ်များနှင့် အမျိုးသားများပါဝင်ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရပါတယ်။

 

၎င်းရဲစခန်းကို မီးရှို့ဖျက်စီးရာ၌ မြောင်မြို့နယ်ရှိ PDF အဖွဲ့ (၇) ဖွဲ့မှ စုပေါင်းပြီး ဆောင်ရွက်ခဲ့တယ်လို့ သိရ ပါတယ်။

 

Photo – PDF

 

#PeopleMedia #မြောင်မြို့နယ် #နဂါးပေါက်ကျေးရွာ #မြန်မာနိုင်ငံရဲတပ်ဖွဲ့ #ပြည်ထဲရေးဝန်ကြီးဌာန

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – PDF

 



Share this post