• Follow Us on

Home မြောင်မြို့နယ်၌ အများပြည်သူသွား ကားလမ်းဘေး၌ ထောင်ထားသည့် လက်လုပ်ရှော့တိုက်မိုင်း ၁၀ လုံးကို တာဝန်ရှိသူများ ရှင်းလင်း

မြောင်မြို့နယ်၌ အများပြည်သူသွား ကားလမ်းဘေး၌ ထောင်ထားသည့် လက်လုပ်ရှော့တိုက်မိုင်း ၁၀ လုံးကို တာဝန်ရှိသူများ ရှင်းလင်း

Share this post

မုံရွာ၊ ဇန်နဝါရီ ၁၉ (People Media)

 

ဇန်နဝါရီ ၁၈ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဖွားစောကျေးရွာနှင့် လှေတင်ဦး ကျေးရွာကြား၊ ကားလမ်းဘေး၌ ထောင်ထားသည့် လက်လုပ်ရှော့တိုက်မိုင်း ၁၀ လုံးကို တာဝန်ရှိ သူများက သက်မဲ့ပြုလုပ်ပြီး ရှင်းလင်းခဲ့သည်။

 

“တော်တော်ပေါက်ကွဲအားပြင်းတဲ့ လက်လုပ်ရှော့တိုက်မိုင်းပါ။ စုစုပေါင်း ၁၀ လုံးပါ။ တာဝန်ရှိသူတွေ လာရောက် ရှင်းလင်းခဲ့ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာချင်းဆက်လမ်းများ၊ မြို့နယ်ချင်းဆက် လမ်း များ၌ လက်လုပ်ရှော့တိုက်မိုင်းများ တွေ့ရှိခဲ့မှုကြောင့် တာဝန်ရှိသူများက သက်မဲ့ပြုလုပ်ပြီး ရှင်းလင်းခဲ့သည်။

 

သို့သော် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့၌ လမ်းဘေးမိုင်းများ၊ လက်လုပ်ရှော့တိုက်မိုင်းများကို ရှင်းလင်း စဉ် တာဝန်ရှိသူအချို့ ကျဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် တိုင်းဒေသကြီးဖြစ်ပြီး လက်ရှိအချိန်၌ န-မ-ခတိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်သန်းထိုက်သည် နယ်မြေတည်ငြိမ်ရေးအတွက် စစ်ရေးအရ ဆောင်ရွက်လျက်ရှိ နေသည်။

 

#PeopleMedia #မြောင်မြို့နယ်

 

(unicode)


…………………………………………………….

 


 


 


 


 


 


 



Share this post