• Follow Us on

Home မြောင်မြို့နယ်၌ ထွေအုပ်စာရေးဝန်ထမ်း သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံး၊ ၎င်း၏ သားဖြစ်သူ ဒဏ်ရာရ

မြောင်မြို့နယ်၌ ထွေအုပ်စာရေးဝန်ထမ်း သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံး၊ ၎င်း၏ သားဖြစ်သူ ဒဏ်ရာရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ လက်မယက်ကျေးရွာအုပ်စု၊ လက်မယက်ရွာမှ ထွေ/အုပ်စာရေးဝန် ထမ်းအိမ်တွင် စက်တင်ဘာ ၁၇ ရက် ညနေပိုင်းအချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ မြောင်မြို့နယ်၊ လက်မယက်ကျေးရွာအုပ်စုမှ ရပ်ကျေးစာရေးဝန်ထမ်း ဦးတင်ထွန်း၏နေအိမ်တွင် ပစ် ခတ်မှုဖြစ်ပွားခဲ့ပြီး မျက်နှာဖျက်ထားသည့် လူ ၈ ဦးမှ အိမ်ထဲသို့ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ဓားများဖြင့်ခုတ် ခြင်းကြောင့် ဦးတင်ထွန်းသည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး သားဖြစ်သူမှ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါ အသက် ၅၅ နှစ်အရွယ် ထွေအုပ်စာရေးဦးတင်ထွန်းသည် ရင်ဘတ်ကျည်ဆံဖောက်ဝင်ဒဏ်ရာနှင့် ပြတ် ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး သားဖြစ်သူမှာ နောက်ကျောဘက် ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ယင်းမြောင်မြို့နယ်သည် ရပ်ကျးအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်ထောက် ခံသူများ၊ USDP ပါတီဝင်များနှင့် ဝန်းရံသူများကို လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည့် မြို့ နယ်တစ်ခုဖြစ်သည်။

 

#PeopleMedia #မြောင် #ထွေအုပ်စာရေး

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post