• Follow Us on

Home မြေပြင်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ စိုးမိုးထားသည့် ကျေးရွာပေါင်းများစွာရှိနေပြီး တော်လှန်ရေး နောက်တစ်ဆင့်ထပ်တက်မည်ဟု NUG ဆို

မြေပြင်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ စိုးမိုးထားသည့် ကျေးရွာပေါင်းများစွာရှိနေပြီး တော်လှန်ရေး နောက်တစ်ဆင့်ထပ်တက်မည်ဟု NUG ဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀ (People Media)

 

မြေပြင်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ စိုးမိုးထားသည့် ကျေးရွာပေါင်းများစွာရှိနေပြီး မကြာခင်တွင် တော်လှန်ရေးနောက်တစ်ဆင့်ထပ်တက်မည်ဟု NUG မှ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် ၎င်း၏လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသားပြောဆိုထားသည်။

 

“အာဏာသိမ်းစစ်အုပ်စုအနေနဲ့ မြို့ပြနဲ့ လမ်းမတန်းတွေ လက်မလွှတ်ရအောင် အနိုင်နိုင်ထိန်းနေရတယ်” ဟု လည်း ၎င်းမှဆိုသည်။

 

ထို့အပြင် တော်လှန်ရေးအတွင်း အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးခဲ့သည့် အပြစ်မဲ့ပြည်သူတွေအတွက် ပြည်သူ့အစိုးရမှ တာဝန်ယူပါလိမ့်မည်ဟုလည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရေးသားပြောဆိုထားသည်။

 

အလားတူ စက်တင်ဘာလ ၇ ရက်နေ့တွင် (NUG) မှ အရေးပေါ်အခြေအနေကြေညာပြီး တစ်တိုင်းပြည်လုံး ရ ရာလက်နက်စွဲကိုင်တော်လှန်ကြရန် နှိုးဆော်လိုက်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် (PDF) တို့ တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့သည်။

 

#PeopleMedia #NUG #ဦးရည်မွန်

 

(unicode)


………………………………………………………………………

 


 


 


 


 


 



Share this post