• Follow Us on

Home ေျမျပင္အေျခစိုက္ သေဘၤာဖ်က္မစ္ဇိုင္း ပါကစၥတန္ စမ္းသပ္ပစ္ခတ္

ေျမျပင္အေျခစိုက္ သေဘၤာဖ်က္မစ္ဇိုင္း ပါကစၥတန္ စမ္းသပ္ပစ္ခတ္

Share this post

ပါကစၥတန္ေရတပ္ဟာ ကမ္း႐ုိးတန္းေဒသစစ္ေရးေလ့က်င့္မႈအေနနဲ႔ ႏို၀င္ဘာ ၅ ရက္ေန႔က ေျမျပင္အေျခစိုက္ သေဘၤာဖ်က္မစ္ဇိုင္း Zarb ကို ပစ္ခတ္စမ္းသပ္ခဲ့ပါတယ္။

စမ္းသပ္ပစ္ခတ္မႈမွာ သတ္မွတ္ထားတဲ့ ပစ္မွတ္ကို ေအာင္ျမင္စြာ ထိမွန္ခဲ့ၿပီး ပစ္ခတ္မႈကို ပါကစၥတန္ေရတပ္ ဦးစီးခ်ဳပ္ကိုယ္တုိင္ လာေရာက္ၾကည့္ရႈခဲ့ပါတယ္။

Zarb မစ္ဇိုင္းကို ၂၀၁၆ ခုႏွစ္ ဧၿပီ ၉ ရက္ေန႔မွာ ပထမဦးဆံုးအႀကိမ္ ေအာင္ျမင္စြာစမ္းသပ္ပစ္ခတ္ထားႏုိင္ၿပီး ၂၀၁၈ ခုႏွစ္ ဧၿပီလကလည္း ထပ္မံပစ္ခတ္စမ္းသပ္မႈျပဳလုပ္ထားခဲ့ပါတယ္။

စစ္လက္နက္ကၽြမ္းက်င္သူေတြရဲ႕ အဆိုအရ ပါကစၥတန္ေရတပ္မွာ အသံုးျပဳေနတဲ့ Zarb မစ္ဇိုင္းဟာ တ႐ုတ္ ႏုိင္ငံက ျပည္ပကို ေရာင္းခ်ေပးေနတဲ့ C-602 မစ္ဇိုင္းနဲ႔ ဆင္တူတယ္လို႔သိရပါတယ္။

Ref; www.dawn.com

(unicode)
မြေပြင်အခြေစိုက် သင်္ဘောဖျက်မစ်ဇိုင်း ပါကစ္စတန် စမ်းသပ်ပစ်ခတ်
…………………………………………………………

ပါကစ္စတန်ရေတပ်ဟာ ကမ်းရိုးတန်းဒေသစစ်ရေးလေ့ကျင့်မှုအနေနဲ့ နိုဝင်ဘာ ၅ ရက်နေ့က မြေပြင်အခြေစိုက် သင်္ဘောဖျက်မစ်ဇိုင်း Zarb ကို ပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။

စမ်းသပ်ပစ်ခတ်မှုမှာ သတ်မှတ်ထားတဲ့ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့ပြီး ပစ်ခတ်မှုကို ပါကစ္စတန်ရေတပ် ဦးစီးချုပ်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပါတယ်။

Zarb မစ်ဇိုင်းကို ၂၀၁၆ ခုနှစ် ဧပြီ ၉ ရက်နေ့မှာ ပထမဦးဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်ပစ်ခတ်ထားနိုင်ပြီး ၂၀၁၈ ခုနှစ် ဧပြီလကလည်း ထပ်မံပစ်ခတ်စမ်းသပ်မှုပြုလုပ်ထားခဲ့ပါတယ်။

စစ်လက်နက်ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ပါကစ္စတန်ရေတပ်မှာ အသုံးပြုနေတဲ့ Zarb မစ်ဇိုင်းဟာ တရုတ် နိုင်ငံက ပြည်ပကို ရောင်းချပေးနေတဲ့ C-602 မစ်ဇိုင်းနဲ့ ဆင်တူတယ်လို့သိရပါတယ်။

Ref; www.dawn.com


Share this post