• Follow Us on

Home ေျမၿပိဳ၍ ေသဆုံးခဲ့သည့္ ေရမေဆးေက်ာက္ရွာေဖြသူမ်ားအား ေလာဘေၾကာင့္ဟု သုံးႏႈန္းသည့္ ျပည္ေထာင္စု ၀န္ႀကီးဦးအုန္း၀င္းအေနျဖင့္ ၎တို႔၏ မိသားစု၀င္မ်ားကို ျပန္လည္ေတာင္းပန္သင့္ဟု ျပည္သူ့ေရွ႕ေဆာင္ပါတီ ဒုဥကၠ႒ေဝဖန္ေထာက္ျပ

ေျမၿပိဳ၍ ေသဆုံးခဲ့သည့္ ေရမေဆးေက်ာက္ရွာေဖြသူမ်ားအား ေလာဘေၾကာင့္ဟု သုံးႏႈန္းသည့္ ျပည္ေထာင္စု ၀န္ႀကီးဦးအုန္း၀င္းအေနျဖင့္ ၎တို႔၏ မိသားစု၀င္မ်ားကို ျပန္လည္ေတာင္းပန္သင့္ဟု ျပည္သူ့ေရွ႕ေဆာင္ပါတီ ဒုဥကၠ႒ေဝဖန္ေထာက္ျပ

Share this post

ရန္ကုန္၊ ဇူလိုင္ – ၆

ကခ်င္ျပည္နယ္ ဖားကန္႔တြင္ ေသဆုံးသည့္ ေရမေဆးေက်ာက္ရွာေဖြသူမ်ားအား ေလာဘေၾကာင့္ဟု သုံးႏႈန္း သည့္ ျပည္ေထာင္စု၀န္ႀကီး ဦးအုန္း၀င္းအေနျဖင့္ သက္ဆိုင္သူမိသားစု၀င္မ်ားကို ျပန္လည္ေတာင္းပန္သင့္ ေၾကာင္း ျပည္သူ့ေရွ႕ေဆာင္ပါတီ ဒုဥကၠ႒ ဦးေက်ာ္ေဇယ်ကေဝဖန္ေထာက္ျပေျပာဆိုလိုက္သည္။

ကခ်င္ျပည္နယ္ ဖားကန္႔တြင္ ေသဆုံးသည့္ေရမေဆးေက်ာက္ရွာေဖြသူမ်ားအေပၚ အသုံးအႏႈန္းႏွင့္ပတ္သက္၍ ဇူလိုင္၆ရက္ PEOPLE MEDIA မွ ဆက္သြယ္ေမးျမန္းရာတြင္ ျပည္သူ့ေရွ႕ေဆာင္ပါတီဒုဥကၠ႒ ဦးေက်ာ္ေဇယ် ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“အဲဒါဗ်ာ ကြၽန္ေတာ္ၾကားၾကားခ်င္း ေဖ့စ္ဘုတ္တင္ထားပါေသးတယ္။ ေလာဘေၾကာင့္ ဘာညာ အဲဒါေတာ့ မေျပာသင့္ဘူး။ ေလာဘေၾကာင့္မဟုတ္ဘူး။ ၀မ္းမ၀တာေၾကာင့္သာျဖစ္တယ္။ အဲဒီလိုသူေျပာတာေတာ့ ဘယ္ ေျပာသင့္မလဲဗ်ာ။ အစိုးရအဖြဲ႕ရဲ႕တာ၀န္ရွိသူေလ။ တာ၀န္ရွိသူေတာင္ ေလာေလာဆယ္ ဒီကိစၥကို တာ၀န္ယူၿပီး အျဖစ္မွန္ေပၚေပါက္ေရးအတြက္ ခန္႔အပ္လိုက္တဲ့တာ၀န္အရွိဆုံးပုဂၢိဳလ္။ ဒီပုဂၢိဳလ္ကဒီလိုစကားမ်ိဳးေျပာတာဟာ မေကာင္းပါဘူး။ တခ်ိဳ႕ၾကေတာ့လည္း ဒါေလးကဘာမွမဟုတ္ပါဘူးဆိုတယ္။ ဒါကရမ္းေျပာလို႔မရဘူးေလ။ အခု သူေျပာတာကို ျပန္ေတာင္းပန္သင့္တယ္။ ဒါကကိုယ့္ျပည္သူေတြပဲ။ အရင္တုန္းကလည္း ဒီလိုပဲဒီလိုပဲ။ ဒီလိုပဲလို႔ မရဘူးေလ။ ဒီလိုပဲကိုေျပာင္းလဲခ်င္လို႔ ဒီမိုကေရစီအစိုးရကို မဲေပးလိုက္တာေလ’’ဟု ၎ကေျပာသည္။

ကခ်င္ျပည္နယ္၊ ဖားကန္႔ေဝွခါလဂူးေခ်ာင္ ေက်ာက္စိမ္းလုပ္ကြက္ေဟာင္းမွ ေျမစာပုံၿပိဳက်ေသာေၾကာင့္ ေရမ ေဆးေက်ာက္ရွာေဖြသူလူ ၁၇၄ ဦးေသဆုံးခဲ့ၿပီး လူ ၅၀ ေက်ာ္ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။

“ကြၽန္ေတာ့္သေဘာထားအျမင္အရ ဒီကိစၥက သူနဲ႔ဆိုင္တယ္။ ဒီၿပိဳက်တဲ့ျဖစ္စဥ္ကို စုံစမ္းဖို႔ သူ႔ကိုတာ၀န္ေပး တာေတာင္ ကြၽန္ေတာ့္အျမင္ဆိုရင္ သူ႔ကိုတာ၀န္မေပးသင့္ဘူး။ သူကတိုက္႐ိုက္တာ၀န္ရွိေနတဲ့လူေလ’’ဟု ဦး ေက်ာ္ေဇယ်ကထပ္မံေျပာသည္။

ေျမၿပိဳက်မႈျဖစ္စဥ္အား ႏိုင္ငံေတာ္သမၼတမွ အမိန္႔ေၾကာ္ျငာစာအမွတ္ ၈၄/၂၀၂၀ ဇူလိုင္ ၃ ရက္ ေန႔ရက္စြဲျဖင့္ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးအုန္း၀င္းအား စုံစမ္းစစ္ ေဆးေရးအဖြဲ႕ ဥကၠ႒ တာ၀န္ေပးအပ္၍ စုံစမ္းစစ္ေဆးေစခဲ့သည္။

#PeopleMedia #ဖားကန္႔

(unicode)
မြေပြို၍ သေဆုံးခဲ့သည့် ရေမဆေးကျောက်ရှာဖွေသူများအား လောဘကြောင့်ဟု သုံးနှုန်းသည့် ပြည်ထောင်စု ဝန်ကြီးဦးအုန်းဝင်းအနေဖြင့် ၎င်းတို့၏ မိသားစုဝင်များကို ပြန်လည်တောင်းပန်သင့်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌဝေဖန်ထောက်ပြ
……………………………………………………

ရန်ကုန်၊ ဇူလိုင် – ၆

ကချင်ပြည်နယ် ဖားကန့်တွင် သေဆုံးသည့် ရေမဆေးကျောက်ရှာဖွေသူများအား လောဘကြောင့်ဟု သုံးနှုန်း သည့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအနေဖြင့် သက်ဆိုင်သူမိသားစုဝင်များကို ပြန်လည်တောင်းပန်သင့် ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျကဝေဖန်ထောက်ပြပြောဆိုလိုက်သည်။

ကချင်ပြည်နယ် ဖားကန့်တွင် သေဆုံးသည့်ရေမဆေးကျောက်ရှာဖွေသူများအပေါ် အသုံးအနှုန်းနှင့်ပတ်သက်၍ ဇူလိုင်၆ရက် PEOPLE MEDIA မှ ဆက်သွယ်မေးမြန်းရာတွင် ပြည်သူ့ရှေ့ဆောင်ပါတီဒုဥက္ကဋ္ဌ ဦးကျော်ဇေယျ ကပြောကြားခဲ့ခြင်းဖြစ်သည်။

“အဲဒါဗျာ ကျွန်တော်ကြားကြားချင်း ဖေ့စ်ဘုတ်တင်ထားပါသေးတယ်။ လောဘကြောင့် ဘာညာ အဲဒါတော့ မပြောသင့်ဘူး။ လောဘကြောင့်မဟုတ်ဘူး။ ဝမ်းမဝတာကြောင့်သာဖြစ်တယ်။ အဲဒီလိုသူပြောတာတော့ ဘယ် ပြောသင့်မလဲဗျာ။ အစိုးရအဖွဲ့ရဲ့တာဝန်ရှိသူလေ။ တာဝန်ရှိသူတောင် လောလောဆယ် ဒီကိစ္စကို တာဝန်ယူပြီး အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ခန့်အပ်လိုက်တဲ့တာဝန်အရှိဆုံးပုဂ္ဂိုလ်။ ဒီပုဂ္ဂိုလ်ကဒီလိုစကားမျိုးပြောတာဟာ မကောင်းပါဘူး။ တချို့ကြတော့လည်း ဒါလေးကဘာမှမဟုတ်ပါဘူးဆိုတယ်။ ဒါကရမ်းပြောလို့မရဘူးလေ။ အခု သူပြောတာကို ပြန်တောင်းပန်သင့်တယ်။ ဒါကကိုယ့်ပြည်သူတွေပဲ။ အရင်တုန်းကလည်း ဒီလိုပဲဒီလိုပဲ။ ဒီလိုပဲလို့ မရဘူးလေ။ ဒီလိုပဲကိုပြောင်းလဲချင်လို့ ဒီမိုကရေစီအစိုးရကို မဲပေးလိုက်တာလေ’’ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်ဝှေခါလဂူးချောင် ကျောက်စိမ်းလုပ်ကွက်ဟောင်းမှ မြေစာပုံပြိုကျသောကြောင့် ရေမ ဆေးကျောက်ရှာဖွေသူလူ ၁၇၄ ဦးသေဆုံးခဲ့ပြီး လူ ၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“ကျွန်တော့်သဘောထားအမြင်အရ ဒီကိစ္စက သူနဲ့ဆိုင်တယ်။ ဒီပြိုကျတဲ့ဖြစ်စဉ်ကို စုံစမ်းဖို့ သူ့ကိုတာဝန်ပေး တာတောင် ကျွန်တော့်အမြင်ဆိုရင် သူ့ကိုတာဝန်မပေးသင့်ဘူး။ သူကတိုက်ရိုက်တာဝန်ရှိနေတဲ့လူလေ’’ဟု ဦး ကျော်ဇေယျကထပ်မံပြောသည်။

မြေပြိုကျမှုဖြစ်စဉ်အား နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာအမှတ် ၈၄/၂၀၂၀ ဇူလိုင် ၃ ရက် နေ့ရက်စွဲဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား စုံစမ်းစစ် ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ပေးအပ်၍ စုံစမ်းစစ်ဆေးစေခဲ့သည်။

#PeopleMedia #ဖားကန့်


Share this post