• Follow Us on

Home နွေရာသီအမီ ကျောက်ဖြူမြို့နယ်ရှိ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး (၁၉၅) မဂ္ဂါဝပ်ထိ တိုးတက် ထုတ်လုပ်ပေးနိုင်ရေးဆောင်ရွက်နေကြောင်း လျှပ်စစ်ဝန်ကြီး ပြောကြား

နွေရာသီအမီ ကျောက်ဖြူမြို့နယ်ရှိ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး (၁၉၅) မဂ္ဂါဝပ်ထိ တိုးတက် ထုတ်လုပ်ပေးနိုင်ရေးဆောင်ရွက်နေကြောင်း လျှပ်စစ်ဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ မတ် ၂၂

 

၂၀၂၂ ခုနှစ် နွေရာသီအမီ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး စုစုပေါင်း ၁၉၅ မဂ္ဂါဝပ်ထိ တိုးတက်ထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းတွင်  သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ရခိုင်ပြည်နယ် အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ ရာတွင် ပြောကြားခဲ့သည်။

 

“လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ရဲ့ တိုးတက်သုံးစွဲလာတဲ့ လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ ၂၀၂၂ ခုနှစ် နွေရာသီအမီ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရွှေကမ်းလွန်သဘာဝဓာတ် ငွေ့ကို အသုံးပြုပြီး စုစုပေါင်း ၁၉၅ မဂ္ဂါဝပ်ထိ တိုးတက်ထုတ်လုပ်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါအပြင် ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကိုလည်း ဆောလျှင်စွာ ပြီးစီးနိုင်ဖို့ တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်များကို ကြိုတင်တွက်ချက်၍ တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင်ရယူသုံးစွဲမှုများ ကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်ဓာတ်အားခများအား သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိ ရေး မြို့နယ်၊ ခရိုင်၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဘဏ္ဍာရေး တာဝန်ခံများက အောက်ခြေထိကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

(unicode)


…………………………………….

 


 


 


 


 



Share this post