• Follow Us on

Home ေ႐ြးေကာက္ပြဲကာလေခ်းေငြအေၾကာင္းျပၿပီး အစိုးရကိုဆန္႔က်င္တဲ့ပါတီကို ဖြဲ႔စည္းပံု တရား႐ံုး က ဖ်က္သိမ္း

ေ႐ြးေကာက္ပြဲကာလေခ်းေငြအေၾကာင္းျပၿပီး အစိုးရကိုဆန္႔က်င္တဲ့ပါတီကို ဖြဲ႔စည္းပံု တရား႐ံုး က ဖ်က္သိမ္း

Share this post

ေဖေဖာ္ဝါရီ ၂၁၊ ဘန္ေကာက္

Future Forwardပါတီမဲဆြယ္စည္း႐ံုးမႈေတြကိုေငြေၾကးေထာက္ပံ့ဖို႔ ပါတီေခါင္းေဆာင္သာနာသြန္း ဂၽြမ္ဂ႐ြန္ဂေရာင္ကစ္ထံမွေငြေခ်းယူခဲ့လို႔ ပါတီဖ်က္သိမ္းဖို႔ ထိုင္းဖြဲ႔စည္းပံုအေျခခံဥပေဒဆိုင္ရာတရား႐ံုးက ေဖေဖာ္ဝါရီ ၂၁ ရက္မွာ အမိ္န္႔ခ်လိုက္ပါတယ္။
ႏိုင္ငံေရးပါတီမ်ားဆိုင္ရာအေျခခံဥပေဒမ်ားကိုခ်ိဳးေဖာက္တယ္လို႔ဆိုၿပီး ထိုင္းေ႐ြးေကာက္ပြဲေကာ္မ႐ွင္က တရား႐ံုးထံတိုင္ၾကားခဲ့ၿပီးေနာက္ အခုလိုအမိန္႔ခ်တာပါ။
အဲဒီဥပေဒမ်ားအရ ႏိုင္ငံေရးပါတီမ်ားႏွင့္အလုပ္အမႈေဆာင္မ်ားကို တရားမ၀င္ရထားသည့္ေငြႏွင့္အျခားပိုင္ဆိုင္မႈပစၥည္းမ်ားလက္မခံရန္တားျမစ္ထားပါတယ္။
၂၀၁၉ ခုႏွစ္၊ မတ္လမွာက်င္းပခဲ့တဲ့ထိုင္းအေထြေထြေ႐ြးေကာက္ပြဲတြင္ မဲဆြယ္စည္း႐ံုးဖို႔ သာနာသြန္းထံမွ ဘတ္ ၁၉၁ သန္းလက္ခံခဲ့ၿပီးေနာက္ စြဲခ်က္ထြက္ေပၚလာတာပါ။
တရား႐ံုးစီရင္ခ်က္အရ Future Forwardပါတီအလုပ္အမႈေဆာင္ ၁၆ ေယာက္ကို ေဖေဖာ္ဝါရီ ၂၁ ရက္ကစတင္ၿပီး ေနာက္ထပ္ ၁၀ ႏွစ္ႏိုင္ငံေရးလႈပ္႐ွားခြင့္ပိတ္ထားပါတယ္။
၂၀၁၈ ခုႏွစ္တြင္တည္ေထာင္ခဲ့တဲ့ Future Forwardပါတီဟာ ၂၀၁၉ ထိုင္းေ႐ြးေကာက္ပြဲမွာ တတိယမဲအမ်ားဆံုးရခဲ့တဲ့ပါတီျဖစ္ပါတယ္။

Source- CNA

Photo- Bangkok Post

#PeopleMedia #FF #FutureForward #Thailand

(unicode)
ရွေးကောက်ပွဲကာလချေးငွေအကြောင်းပြပြီး အစိုးရကိုဆန့်ကျင်တဲ့ပါတီကို ဖွဲ့စည်းပုံ တရားရုံး က ဖျက်သိမ်း
……………………………………………………………………………………

ဖေဖော်ဝါရီ ၂၁၊ ဘန်ကောက်

Future Forwardပါတီမဲဆွယ်စည်းရုံးမှုတွေကိုငွေကြေးထောက်ပံ့ဖို့ ပါတီခေါင်းဆောင်သာနာသွန်း ဂျွမ်ဂရွန်ဂရောင်ကစ်ထံမှငွေချေးယူခဲ့လို့ ပါတီဖျက်သိမ်းဖို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဖေဖော်ဝါရီ ၂၁ ရက်မှာ အမိ်န့်ချလိုက်ပါတယ်။
နိုင်ငံရေးပါတီများဆိုင်ရာအခြေခံဥပဒေများကိုချိုးဖောက်တယ်လို့ဆိုပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်က တရားရုံးထံတိုင်ကြားခဲ့ပြီးနောက် အခုလိုအမိန့်ချတာပါ။
အဲဒီဥပဒေများအရ နိုင်ငံရေးပါတီများနှင့်အလုပ်အမှုဆောင်များကို တရားမဝင်ရထားသည့်ငွေနှင့်အခြားပိုင်ဆိုင်မှုပစ္စည်းများလက်မခံရန်တားမြစ်ထားပါတယ်။
၂၀၁၉ ခုနှစ်၊ မတ်လမှာကျင်းပခဲ့တဲ့ထိုင်းအထွေထွေရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးဖို့ သာနာသွန်းထံမှ ဘတ် ၁၉၁ သန်းလက်ခံခဲ့ပြီးနောက် စွဲချက်ထွက်ပေါ်လာတာပါ။
တရားရုံးစီရင်ချက်အရ Future Forwardပါတီအလုပ်အမှုဆောင် ၁၆ ယောက်ကို ဖေဖော်ဝါရီ ၂၁ ရက်ကစတင်ပြီး နောက်ထပ် ၁၀ နှစ်နိုင်ငံရေးလှုပ်ရှားခွင့်ပိတ်ထားပါတယ်။
၂၀၁၈ ခုနှစ်တွင်တည်ထောင်ခဲ့တဲ့ Future Forwardပါတီဟာ ၂၀၁၉ ထိုင်းရွေးကောက်ပွဲမှာ တတိယမဲအများဆုံးရခဲ့တဲ့ပါတီဖြစ်ပါတယ်။

Source- CNA

Photo- Bangkok Post

#PeopleMedia #FF #FutureForward #Thailand


Share this post