• Follow Us on

Home ေ႐ြးေကာက္ပြဲမဲဆြယ္ခြင့္ကို အာဏာရပါတီအေနျဖင့္ က်န္ပါတီမ်ားနည္းတူ တန္းတူရည္တူစည္း႐ုံးမည္ဟု စိတ္ ထားမွသာ သတၱိရွိရာက်ေၾကာင္း တစညပါတီဒုဥကၠ႒ ဦးဟန္ေ႐ႊေထာက္ျပ

ေ႐ြးေကာက္ပြဲမဲဆြယ္ခြင့္ကို အာဏာရပါတီအေနျဖင့္ က်န္ပါတီမ်ားနည္းတူ တန္းတူရည္တူစည္း႐ုံးမည္ဟု စိတ္ ထားမွသာ သတၱိရွိရာက်ေၾကာင္း တစညပါတီဒုဥကၠ႒ ဦးဟန္ေ႐ႊေထာက္ျပ

Share this post

ရန္ကုန္၊ ဇူလုိင္ – ၃

ေ႐ြးေကာက္ပြဲ မဲဆြယ္ခြင့္ကို အာဏာရပါတီအေနျဖင့္ က်န္ပါတီမ်ားနည္းတူ တန္းတူရည္တူစည္း႐ုံးမည္ဟု စိတ္ ထားမွသာ သတၱိရွိရာက်ေၾကာင္း တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီမွ ဒုဥကၠ႒ ဦးဟန္ေ႐ႊကေထာက္ျပ ေျပာဆိုလိုက္သည္။

ေ႐ြးေကာက္ပြဲ မဲဆြယ္ခြင့္ႏွင့္ပတ္သက္၍ People Media သတင္းဌာနက ဇူလိုင္ ၃ ရက္၌ ဆက္သြယ္ေမးျမန္း ရာတြင္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီမွ ဒုဥကၠ႒ ဦးဟန္ေ႐ႊက အထက္ပါအတုိင္း ေျပာဆုိခဲ့ျခင္း ျဖစ္သည္။

“မဲဆြယ္စည္း႐ုံးတဲ့ေနရာမွာ က်င့္၀တ္လည္းရွိတာေပါ့ေလ။ ေနာက္တစ္ခါဥပေဒလည္းရွိတယ္။ နိုင္ငံေတာ္က ပိုင္တဲ့ပစၥည္းေတြကို အသုံးျပဳၿပီး မဲဆြယ္ေဆာင္႐ြက္ျခင္းမျပဳရဆိုတဲ့ တားျမစ္ထားတာေတြလည္းရွိပါတယ္။ ဒါကေတာ့ဥပေဒေပါ့ေလ။ တခ်ိဳ႕လည္း ဒါကို လက္တစ္လုံးျခားလုပ္ၿပီးေတာ့ သြားလာတာ ဒီလိုဟာလည္း ရွိပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ဥပေဒျပ႒ာန္းထားရင္ ဥပေဒနဲ႔အညီ လိုက္နာေဆာင္႐ြက္ျခင္းက ဒီမို ကေရစီရဲ႕ယဥ္ေက်းမႈပါပဲ။ ကြၽန္ေတာ္တို႔ေျပာခ်င္တာက မဲဆြယ္စည္း႐ုံးတယ္ဆိုရင္ က်န္တဲ့ပါတီေတြနဲ႔ တန္းတူရည္တူစည္း႐ုံးမယ္ဆိုတဲ့ ဒီလိုလုပ္နိုင္တဲ့ဟာရွိမွလည္း ဒါသတၱိရွိရာက်မယ္။ ေနာက္တစ္ခါ လူႀကီး လူေကာင္းလည္းပီသမယ္ေပါ့ဗ်ာ”ဟု ၎ကေျပာသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ ေနျပည္ေတာ္တြင္က်င္းပေသာ သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ နိုင္ငံ ေတာ္သမၼတႏွင့္ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္တို႔သည္ ေ႐ြးေကာက္ပြဲကာလအတြင္း လုံၿခဳံေရးအရ ေမာ္ ေတာ္ယာဥ္စီးနင္းပိုင္ခြင့္ရွိေၾကာင္း၊ ဥပေဒအရ ေမာ္ေတာ္ယာဥ္အသုံးမျပဳရဟုမပါေၾကာင္း ေကာ္မရွင္အဖြဲ႕၀င္ ဦးျမင့္ႏုိင္ကေျပာၾကားထားသည္။

၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ မဲေပးခြင့္ရွိသူ ၃၄ သန္းေက်ာ္ရွိခဲ့ၿပီး ၂၀၂ဝ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲ အတြက္ ဆႏၵမဲေပးခြင့္ရွိသူ ၃၇ သန္းခန္႔ရွိသည္။

#PeopleMedia #တစည #2020election #Political

(unicode)
ရွေးကောက်ပွဲမဲဆွယ်ခွင့်ကို အာဏာရပါတီအနေဖြင့် ကျန်ပါတီများနည်းတူ တန်းတူရည်တူစည်းရုံးမည်ဟု စိတ် ထားမှသာ သတ္တိရှိရာကျကြောင်း တစညပါတီဒုဥက္ကဋ္ဌ ဦးဟန်ရွှေထောက်ပြ
…………………………………………………

ရန်ကုန်၊ ဇူလိုင် – ၃

ရွေးကောက်ပွဲ မဲဆွယ်ခွင့်ကို အာဏာရပါတီအနေဖြင့် ကျန်ပါတီများနည်းတူ တန်းတူရည်တူစည်းရုံးမည်ဟု စိတ် ထားမှသာ သတ္တိရှိရာကျကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေကထောက်ပြ ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲ မဲဆွယ်ခွင့်နှင့်ပတ်သက်၍ People Media သတင်းဌာနက ဇူလိုင် ၃ ရက်၌ ဆက်သွယ်မေးမြန်း ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မဲဆွယ်စည်းရုံးတဲ့နေရာမှာ ကျင့်ဝတ်လည်းရှိတာပေါ့လေ။ နောက်တစ်ခါဥပဒေလည်းရှိတယ်။ နိုင်ငံတော်က ပိုင်တဲ့ပစ္စည်းတွေကို အသုံးပြုပြီး မဲဆွယ်ဆောင်ရွက်ခြင်းမပြုရဆိုတဲ့ တားမြစ်ထားတာတွေလည်းရှိပါတယ်။ ဒါကတော့ဥပဒေပေါ့လေ။ တချို့လည်း ဒါကို လက်တစ်လုံးခြားလုပ်ပြီးတော့ သွားလာတာ ဒီလိုဟာလည်း ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ဥပဒေပြဋ္ဌာန်းထားရင် ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်းက ဒီမို ကရေစီရဲ့ယဉ်ကျေးမှုပါပဲ။ ကျွန်တော်တို့ပြောချင်တာက မဲဆွယ်စည်းရုံးတယ်ဆိုရင် ကျန်တဲ့ပါတီတွေနဲ့ တန်းတူရည်တူစည်းရုံးမယ်ဆိုတဲ့ ဒီလိုလုပ်နိုင်တဲ့ဟာရှိမှလည်း ဒါသတ္တိရှိရာကျမယ်။ နောက်တစ်ခါ လူကြီး လူကောင်းလည်းပီသမယ်ပေါ့ဗျာ”ဟု ၎င်းကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နေပြည်တော်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် နိုင်ငံ တော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးအရ မော် တော်ယာဉ်စီးနင်းပိုင်ခွင့်ရှိကြောင်း၊ ဥပဒေအရ မော်တော်ယာဉ်အသုံးမပြုရဟုမပါကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောကြားထားသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၄ သန်းကျော်ရှိခဲ့ပြီး ၂၀၂ဝ ပြည့်နှစ်ရွေးကောက်ပွဲ အတွက် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းခန့်ရှိသည်။

#PeopleMedia #တစည #2020election #Political


Share this post