• Follow Us on

Home ေ႐ြးေကာက္ပြဲရလဒ္ေျပာင္းလဲရန္ ထရမ့္ေထာက္ခံသည့္တရားစြဲဆိုမႈကို အေမရိကန္တရား႐ံုးခ်ဳပ္ပယ္ခ်

ေ႐ြးေကာက္ပြဲရလဒ္ေျပာင္းလဲရန္ ထရမ့္ေထာက္ခံသည့္တရားစြဲဆိုမႈကို အေမရိကန္တရား႐ံုးခ်ဳပ္ပယ္ခ်

Share this post

၀ါ႐ွင္တန္၊ ဒီဇင္ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အဓိကမဲရလဒ္မ်ားကြဲျပားႏုိင္သည့္ျပည္နယ္ ၄ ခုတြင္ ေ႐ြးေကာက္ပြဲရလဒ္မ်ားေျပာင္းလဲေရး အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္ကေက်ာေထာက္ေနာက္ခံေပးထားသည့္ မႀကံဳစဖူးႀကိဳးပမ္းမႈကို အေမရိကန္တရား႐ံုးခ်ဳပ္က ပယ္ခ်လိုက္သည္။
 
တကၠဆက္ျပည္နယ္က ယခုတပတ္တြင္တင္သြင္းသည့္တရားစြဲဆိုမႈတြင္ ေဂ်ာ္ဂ်ီယာ၊ မစ္ခ်ီဂန္၊ ပန္ဆယ္ ေဗးနီးယားႏွင့္ ၀စ္စကိုဆင္ျပည္နယ္တို႔မွမဲရလဒ္မ်ားကို ပယ္ဖ်က္ရန္ပါ၀င္သည္။
 
ထိုျပည္နယ္ ၄ ခုစလံုးတြင္ ေ႐ြးေကာက္ခံသမၼတ ဂ်ိဳး ဘိုင္ဒန္ အႏုိင္ရသည္။ ထိုတရားစြဲဆိုမႈကို ျပည္နယ္ ၁၈ ခုမွေ႐ွ႕ေနခ်ဳပ္မ်ားႏွင့္ ကြန္ဂရက္လႊတ္ေတာ္မွရီပတ္ဘလစ္ကန္အမတ္ ၁၀၆ ေယာက္က ေထာက္ခံထားသည္။
 
တကၠဆပ္ျပည္နယ္၌ ထိုအမႈကိုတင္သြင္းရန္ တရားဥပေဒအရတင္သြင္းခြင့္မ႐ွိေၾကာင္း ထိုလုပ္ရပ္ကိုျငင္း ပယ္သည့္ဆံုးျဖတ္ခ်က္အက်ဥ္းတြင္ တရား႐ံုးခ်ဳပ္ကေသာၾကာေန႔တြင္ေျပာသည္။
 
ပန္ဆယ္ေဗးနီးယားျပည္နယ္တြင္ မစၥတာ ဘိုင္ဒန္ အႏုိင္ရခဲ့ျခင္းအေပၚ တရားဥပေဒအရသီးျခားစိန္ေခၚမႈ တရပ္ကိုလည္း ၿပီးခဲ့သည့္တပတ္တြင္ ဆံုးျဖတ္ခ်က္စာေၾကာင္းတေၾကာင္းတည္းျဖင့္ပယ္ခ်ခဲ့သည္။
 
ေ႐ြးေကာက္ပြဲေနာက္ပိုင္း မစၥတာ ထရမ့္ႏွင့္ေထာက္ခံသူမ်ားက ေ႐ြးေကာက္ပြဲရလဒ္မ်ားကိုေမးခြန္းထုတ္သည့္ အမႈဖြင့္ျခင္း ဒါဇင္ခ်ီျပဳလုပ္ထားသည္။
 
ထိုအမႈတခုမွ မစၥတာ ဘိုင္ဒန္အႏိုင္ရျခင္းကို ေျပာင္းလဲမပစ္ႏိုင္ေခ်။
ဒီမိုကရတ္ပါတီမွ၀င္ၿပိဳင္ခဲ့သည့္မစၥတာ ဘိုင္ဒန္က မစၥတာ ထရမ့္ကို ၃၀၆ မဲ၊ ၂၃၂ မဲျဖင့္အႏိုင္ရခဲ့ၿပီး မစၥတာ ဘိုင္ဒန္ကိုမဲေပးသူ ၇ သန္းေက်ာ္ပိုမ်ားသည္။
 
လာမည့္တနလၤာေန႔တြင္ မစၥတာ ဘိုင္ဒန္ကို ၄၆ ေယာက္ေျမာက္အေမရိကန္သမၼတအျဖစ္တရား၀င္ေ႐ြး ေကာက္ေရး အေမရိကန္ေ႐ြးေကာက္ပြဲႀကီးၾကပ္ေရးအဖြဲ႕ ေတြ႔ဆံုေဆြးေႏြးရန္႐ွိေနသည္။
 
Ref : US Supreme Court rejects Trump-backed bid to overturn election
 
#PeopleMedia
 
(unicode)
ရွေးကောက်ပွဲရလဒ်ပြောင်းလဲရန် ထရမ့်ထောက်ခံသည့်တရားစွဲဆိုမှုကို အမေရိကန်တရားရုံးချုပ်ပယ်ချ
………………………………………………………
 
၀ါရှင်တန်၊ ဒီဇင်ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အဓိကမဲရလဒ်များကွဲပြားနိုင်သည့်ပြည်နယ် ၄ ခုတွင် ရွေးကောက်ပွဲရလဒ်များပြောင်းလဲရေး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကကျောထောက်နောက်ခံပေးထားသည့် မကြုံစဖူးကြိုးပမ်းမှုကို အမေရိကန်တရားရုံးချုပ်က ပယ်ချလိုက်သည်။
 
တက္ကဆက်ပြည်နယ်က ယခုတပတ်တွင်တင်သွင်းသည့်တရားစွဲဆိုမှုတွင် ဂျော်ဂျီယာ၊ မစ်ချီဂန်၊ ပန်ဆယ် ဗေးနီးယားနှင့် ဝစ်စကိုဆင်ပြည်နယ်တို့မှမဲရလဒ်များကို ပယ်ဖျက်ရန်ပါဝင်သည်။
 
ထိုပြည်နယ် ၄ ခုစလုံးတွင် ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန် အနိုင်ရသည်။ ထိုတရားစွဲဆိုမှုကို ပြည်နယ် ၁၈ ခုမှရှေ့နေချုပ်များနှင့် ကွန်ဂရက်လွှတ်တော်မှရီပတ်ဘလစ်ကန်အမတ် ၁၀၆ ယောက်က ထောက်ခံထားသည်။
 
တက္ကဆပ်ပြည်နယ်၌ ထိုအမှုကိုတင်သွင်းရန် တရားဥပဒေအရတင်သွင်းခွင့်မရှိကြောင်း ထိုလုပ်ရပ်ကိုငြင်း ပယ်သည့်ဆုံးဖြတ်ချက်အကျဉ်းတွင် တရားရုံးချုပ်ကသောကြာနေ့တွင်ပြောသည်။
 
ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် မစ္စတာ ဘိုင်ဒန် အနိုင်ရခဲ့ခြင်းအပေါ် တရားဥပဒေအရသီးခြားစိန်ခေါ်မှု တရပ်ကိုလည်း ပြီးခဲ့သည့်တပတ်တွင် ဆုံးဖြတ်ချက်စာကြောင်းတကြောင်းတည်းဖြင့်ပယ်ချခဲ့သည်။
 
ရွေးကောက်ပွဲနောက်ပိုင်း မစ္စတာ ထရမ့်နှင့်ထောက်ခံသူများက ရွေးကောက်ပွဲရလဒ်များကိုမေးခွန်းထုတ်သည့် အမှုဖွင့်ခြင်း ဒါဇင်ချီပြုလုပ်ထားသည်။
 
ထိုအမှုတခုမှ မစ္စတာ ဘိုင်ဒန်အနိုင်ရခြင်းကို ပြောင်းလဲမပစ်နိုင်ချေ။
ဒီမိုကရတ်ပါတီမှဝင်ပြိုင်ခဲ့သည့်မစ္စတာ ဘိုင်ဒန်က မစ္စတာ ထရမ့်ကို ၃၀၆ မဲ၊ ၂၃၂ မဲဖြင့်အနိုင်ရခဲ့ပြီး မစ္စတာ ဘိုင်ဒန်ကိုမဲပေးသူ ၇ သန်းကျော်ပိုများသည်။
 
လာမည့်တနင်္လာနေ့တွင် မစ္စတာ ဘိုင်ဒန်ကို ၄၆ ယောက်မြောက်အမေရိကန်သမ္မတအဖြစ်တရားဝင်ရွေး ကောက်ရေး အမေရိကန်ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ တွေ့ဆုံဆွေးနွေးရန်ရှိနေသည်။
 
Ref : US Supreme Court rejects Trump-backed bid to overturn election
 
#PeopleMedia

Share this post