• Follow Us on

Home ေ႐ြးေကာက္ပြဲအၿပီးအၾကမ္းဖက္မႈမ်ားျဖစ္ေစရန္ ထရမ့္ေသြးထိုးေနဟု ေဂ်ာ္ဂ်ီယာျပည္နယ္ေ႐ြးေကာက္ပြဲ အရာ႐ွိေျပာ

ေ႐ြးေကာက္ပြဲအၿပီးအၾကမ္းဖက္မႈမ်ားျဖစ္ေစရန္ ထရမ့္ေသြးထိုးေနဟု ေဂ်ာ္ဂ်ီယာျပည္နယ္ေ႐ြးေကာက္ပြဲ အရာ႐ွိေျပာ

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၂

အေထာက္အထားမခိုင္လံုဘဲေ႐ြးေကာက္မဲလိမ္မႈမ်ား႐ွိေနသည္ဟု အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္၏ ေျပာဆိုမႈမ်ားေၾကာင့္ အၾကမ္းဖက္မႈမ်ားျဖစ္လာပါက သမၼတကိုယ္တိုင္တာ၀န္ခံရလိမ့္မည္ဟု ေဂ်ာ္ဂ်ီယာ ျပည္နယ္ေ႐ြးေကာက္ပြဲတာ၀န္ခံတေယာက္ကေျပာသည္။

“စြပ္စြဲမႈေတြကေတာ္ေတာ္မ်ားေနပါၿပီ။ အားလံုးပါပဲ။ ရပ္ကိုရပ္ရေတာ့မွာပါ” ဟု ရီပတ္ဘလစ္ကန္ပါတီ ၀င္တေယာက္ျဖစ္သည့္ ေဂဘရီရယ္ စတာလင္ကေျပာသည္။

ထရမ့္၏စည္း႐ံုးေရးအဖြဲ႔ေတာင္းဆိုခ်က္ေၾကာင့္ ျပည္နယ္တြင္ ဒုတိယအႀကိမ္ေျမာက္ မဲျပန္လည္ေရတြက္မႈျပဳ လုပ္ေနသည္။

ဒီမိုကရတ္ပါတီမွထရမ့္၏ၿပိဳင္ဘက္ ဂ်ိဳး ဘိုင္ဒန္က ထိုျပည္နယ္တြင္ သူအႏိုင္ရသည္ဟု ေၾကညာခဲ့သည္။

တရား၀င္မဲအားလံုးထည့္သြင္းေရတြက္ၿပီး တရားမ၀င္မဲမ်ားအားလံုးကို ထည့္သြင္းမေရတြက္ေစရန္ ႀကိဳးစားေန သည္ဟု ထရမ့္စည္း႐ံုးေရးမန္ေနဂ်ာ တင္ မားေတာ့ကေျပာသည္။

၂၀၂၀ အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ သမၼတ ေဒၚနယ္ ထရမ့္အခိုင္အမာေျပာေနေသာ ေ႐ြးေကာက္ပြဲမဲ လိမ္မႈမ်ား႐ွိသည့္အခ်က္ကိုေထာက္ခံသည့္ သက္ေသမေတြ႕႐ွိဟု အေမရိကန္ေ႐ွ႕ေနခ်ဳပ္ ဝီလီယံ ဘားကေျပာ ၿပီးေနာက္ ယခုမွတ္ခ်က္မ်ားေပၚထြက္လာသည္။

Ref : Trump inciting violence, says Georgia election official

#PeopleMedia

(unicode)
ရွေးကောက်ပွဲအပြီးအကြမ်းဖက်မှုများဖြစ်စေရန် ထရမ့်သွေးထိုးနေဟု ဂျော်ဂျီယာပြည်နယ်ရွေးကောက်ပွဲ အရာရှိပြော
……………………………………………………..

ဝါရှင်တန်၊ ဒီဇင်ဘာ ၂

အထောက်အထားမခိုင်လုံဘဲရွေးကောက်မဲလိမ်မှုများရှိနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏ ပြောဆိုမှုများကြောင့် အကြမ်းဖက်မှုများဖြစ်လာပါက သမ္မတကိုယ်တိုင်တာဝန်ခံရလိမ့်မည်ဟု ဂျော်ဂျီယာ ပြည်နယ်ရွေးကောက်ပွဲတာဝန်ခံတယောက်ကပြောသည်။

“စွပ်စွဲမှုတွေကတော်တော်များနေပါပြီ။ အားလုံးပါပဲ။ ရပ်ကိုရပ်ရတော့မှာပါ” ဟု ရီပတ်ဘလစ်ကန်ပါတီ ဝင်တယောက်ဖြစ်သည့် ဂေဘရီရယ် စတာလင်ကပြောသည်။

ထရမ့်၏စည်းရုံးရေးအဖွဲ့တောင်းဆိုချက်ကြောင့် ပြည်နယ်တွင် ဒုတိယအကြိမ်မြောက် မဲပြန်လည်ရေတွက်မှုပြု လုပ်နေသည်။

ဒီမိုကရတ်ပါတီမှထရမ့်၏ပြိုင်ဘက် ဂျိုး ဘိုင်ဒန်က ထိုပြည်နယ်တွင် သူအနိုင်ရသည်ဟု ကြေညာခဲ့သည်။

တရားဝင်မဲအားလုံးထည့်သွင်းရေတွက်ပြီး တရားမဝင်မဲများအားလုံးကို ထည့်သွင်းမရေတွက်စေရန် ကြိုးစားနေ သည်ဟု ထရမ့်စည်းရုံးရေးမန်နေဂျာ တင် မားတော့ကပြောသည်။

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတ ဒေါ်နယ် ထရမ့်အခိုင်အမာပြောနေသော ရွေးကောက်ပွဲမဲ လိမ်မှုများရှိသည့်အချက်ကိုထောက်ခံသည့် သက်သေမတွေ့ရှိဟု အမေရိကန်ရှေ့နေချုပ် ဝီလီယံ ဘားကပြော ပြီးနောက် ယခုမှတ်ချက်များပေါ်ထွက်လာသည်။

Ref : Trump inciting violence, says Georgia election official

#PeopleMedia


Share this post