• Follow Us on

Home ေ႐ြးေကာက္ပြဲႏိုင္ၿပီး သမၼတျဖစ္ဖို႔ ႐ွီက်င့္ပင္ကို ေဒၚနယ္ထရမ့္ အကူအညီေတာင္းခဲ့တယ္လို႔ အႀကံေပးေဟာင္း ေဖာ္ထုတ္

ေ႐ြးေကာက္ပြဲႏိုင္ၿပီး သမၼတျဖစ္ဖို႔ ႐ွီက်င့္ပင္ကို ေဒၚနယ္ထရမ့္ အကူအညီေတာင္းခဲ့တယ္လို႔ အႀကံေပးေဟာင္း ေဖာ္ထုတ္

Share this post

ဝါ႐ွင္တန္၊ ဇြန္ ၁၈

အခု ၂၀၂၀ ျပည့္ႏွစ္မွာက်င္းပမယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ အႏိုင္ရေအာင္ကူညီဖို႔ တ႐ုတ္သမၼတ ႐ွီက်င့္ပင္ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က အကူအညီေတာင္းခဲ့တယ္ဆိုၿပီး ထရမ့္ရဲ႕အမ်ိဳးသားလံုၿခံဳေရး အႀကံေပးပုဂၢိဳလ္ေဟာင္း ဂၽြန္ေဘာ္တန္ကေျပာပါတယ္။

ဒီေန႔မွာထုတ္ေ၀ဖို႔စီစဥ္ထားတဲ့စာအုပ္ထဲမွာ ေဘာ္လ္တန္က ထည့္သြင္းေရးသားထားတာပါ။

ဒုတိယသက္တမ္းအတြက္ ေ႐ြးေကာက္ပြဲအႏိုင္ရဖို႔ထရမ့္ရဲ႕အာ႐ံုစိုက္မႈဟာ သူ႔ရဲ႕ႏိုင္ငံျခားေရးမူဝါဒမွာ ေမာင္း ႏွင္ေနတဲ့ဥပေဒသျဖစ္ၿပီး သူ႔ရဲ႕ထိပ္တန္းအရာ႐ွိေတြဟာ အေျခခံပထဝီႏိုင္ငံေရးအခ်က္အလက္ေတြကို မထင္မဲ့ ျမင္လုပ္ေလ့႐ွိတဲ့ထရမ့္ကို ခ်ိဳးခ်ိဳးႏွိမ္ႏွိမ္ေျပာေလ့႐ွိတယ္လို႔လည္း ေဘာ္လ္တန္ကေျပာပါတယ္။

ဝါ႐ွင္တန္ပို႔စ္၊ နယူးေယာက္တိုင္းမ္စ္နဲ႔ ေဝါစထရိဂ်ာနယ္တို႔ကေဖာ္ျပတဲ့ေကာက္ႏုတ္ခ်က္ေတြမွာ တ႐ုတ္ႏိုင္ငံရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အျပစ္မယူဖို႔ အဆင္သင့္႐ွိေနတယ္ဆိုၿပီး ထရမ့္က ထပ္ကာထပ္ကာျပခဲ့ တယ္လို႔ ေဘာ္လ္တန္ကေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္၊ ဇြန္က တ႐ုတ္သမၼတ႐ွီက်င့္ပင္နဲ႔ေတြ႕ဆံုမႈမွာ ထရမ့္ဟာ ေဆြးေႏြးေနတဲ့အေၾကာင္းရင္းကို အေမရိ ကန္သမၼတေ႐ြးေကာက္ပြဲဘက္ကို လမ္းေၾကာင္းေျပာင္းခဲ့ၿပီး တ႐ုတ္ႏိုင္ငံရဲ႕စီးပြားေရးစြမ္းရည္ဟာ လက္႐ွိ မဲဆြယ္စည္း႐ံုးမႈေတြကို အက်ိဳးသက္ေရာက္မႈ႐ွိႏိုင္တယ္လို႔ အရိပ္အႁမြက္ေျပာၿပီး သူႏိုင္တာေသခ်ာဖို႔ ႐ွီကို ကတိျပဳခဲ့တယ္လို႔ သူ႔စာအုပ္ထဲမွာ ေဘာ္လ္တန္ကေဖာ္ထုတ္ထားပါတယ္။ အဲဒီစာအုပ္အေပၚထရမ့္က ေဒါသထြက္ေနၿပီး ၿပီးခဲ့တဲ့တစ္ပတ္ဗုဒၶဟူးေန႔မွာ အေမရိကန္တရားေရး၀န္ႀကီးဌာနက အေရးေပၚအမိန္႔ထုတ္ၿပီး ထုတ္ေ၀မႈရပ္ဆိုင္းခိုင္းခဲ့ပါတယ္။
ေဘာ္လ္တန္ဟာ ၂၀၁၈ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္အထိ အိမ္ျဖဴေတာ္ရဲ႕အမ်ိဳးသားလံုၿခံဳေရးအႀကံေပးပုဂၢိဳလ္ အျဖစ္ တာ၀န္ထမ္းေဆာင္ၿပီး ထရမ့္နဲ႔ မူဝါဒခ်မွတ္ရာမွာ သေဘာမတူမႈေတြမ်ားလာလို႔ ရာထူးကေန ႏုတ္ ထြက္တယ္လို႔ေျပာခဲ့ေပမဲ့ ထရမ့္ကေတာ့ သူက ေဘာ္လ္တန္ကို ရာထူးကေနထုတ္ပယ္လိုက္တာလို႔ ေျပာခဲ့ဖူး ပါတယ္။

Ref : Trump asked China’s Xi for re-election help, claims Bolton

#PeopleMedia

(unicode)
ရွေးကောက်ပွဲနိုင်ပြီး သမ္မတဖြစ်ဖို့ ရှီကျင့်ပင်ကို ဒေါ်နယ်ထရမ့် အကူအညီတောင်းခဲ့တယ်လို့ အကြံပေးဟောင်း ဖော်ထုတ်
……………………………………………………

ဝါရှင်တန်၊ ဇွန် ၁၈

အခု ၂၀၂၀ ပြည့်နှစ်မှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရအောင်ကူညီဖို့ တရုတ်သမ္မတ ရှီကျင့်ပင်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အကူအညီတောင်းခဲ့တယ်ဆိုပြီး ထရမ့်ရဲ့အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဟောင်း ဂျွန်ဘော်တန်ကပြောပါတယ်။

ဒီနေ့မှာထုတ်ဝေဖို့စီစဉ်ထားတဲ့စာအုပ်ထဲမှာ ဘော်လ်တန်က ထည့်သွင်းရေးသားထားတာပါ။

ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲအနိုင်ရဖို့ထရမ့်ရဲ့အာရုံစိုက်မှုဟာ သူ့ရဲ့နိုင်ငံခြားရေးမူဝါဒမှာ မောင်း နှင်နေတဲ့ဥပဒေသဖြစ်ပြီး သူ့ရဲ့ထိပ်တန်းအရာရှိတွေဟာ အခြေခံပထဝီနိုင်ငံရေးအချက်အလက်တွေကို မထင်မဲ့ မြင်လုပ်လေ့ရှိတဲ့ထရမ့်ကို ချိုးချိုးနှိမ်နှိမ်ပြောလေ့ရှိတယ်လို့လည်း ဘော်လ်တန်ကပြောပါတယ်။

ဝါရှင်တန်ပို့စ်၊ နယူးယောက်တိုင်းမ်စ်နဲ့ ဝေါစထရိဂျာနယ်တို့ကဖော်ပြတဲ့ကောက်နုတ်ချက်တွေမှာ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြစ်မယူဖို့ အဆင်သင့်ရှိနေတယ်ဆိုပြီး ထရမ့်က ထပ်ကာထပ်ကာပြခဲ့ တယ်လို့ ဘော်လ်တန်ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဇွန်က တရုတ်သမ္မတရှီကျင့်ပင်နဲ့တွေ့ဆုံမှုမှာ ထရမ့်ဟာ ဆွေးနွေးနေတဲ့အကြောင်းရင်းကို အမေရိ ကန်သမ္မတရွေးကောက်ပွဲဘက်ကို လမ်းကြောင်းပြောင်းခဲ့ပြီး တရုတ်နိုင်ငံရဲ့စီးပွားရေးစွမ်းရည်ဟာ လက်ရှိ မဲဆွယ်စည်းရုံးမှုတွေကို အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ အရိပ်အမြွက်ပြောပြီး သူနိုင်တာသေချာဖို့ ရှီကို ကတိပြုခဲ့တယ်လို့ သူ့စာအုပ်ထဲမှာ ဘော်လ်တန်ကဖော်ထုတ်ထားပါတယ်။ အဲဒီစာအုပ်အပေါ်ထရမ့်က ဒေါသထွက်နေပြီး ပြီးခဲ့တဲ့တစ်ပတ်ဗုဒ္ဓဟူးနေ့မှာ အမေရိကန်တရားရေးဝန်ကြီးဌာနက အရေးပေါ်အမိန့်ထုတ်ပြီး ထုတ်ဝေမှုရပ်ဆိုင်းခိုင်းခဲ့ပါတယ်။
ဘော်လ်တန်ဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ အိမ်ဖြူတော်ရဲ့အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် အဖြစ် တာဝန်ထမ်းဆောင်ပြီး ထရမ့်နဲ့ မူဝါဒချမှတ်ရာမှာ သဘောမတူမှုတွေများလာလို့ ရာထူးကနေ နုတ် ထွက်တယ်လို့ပြောခဲ့ပေမဲ့ ထရမ့်ကတော့ သူက ဘော်လ်တန်ကို ရာထူးကနေထုတ်ပယ်လိုက်တာလို့ ပြောခဲ့ဖူး ပါတယ်။

Ref : Trump asked China’s Xi for re-election help, claims Bolton

#PeopleMedia


Share this post