• Follow Us on

Home ေ႐ွးေဟာင္းပစၥည္းမ်ား လာေရာက္အပ္ႏွံသူ ေဒသခံ(၅)ဦးကို က်ပ္ေငြ ၄၅ သိန္းခန္႔ကို စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွခ်ီးျမႇင့္

ေ႐ွးေဟာင္းပစၥည္းမ်ား လာေရာက္အပ္ႏွံသူ ေဒသခံ(၅)ဦးကို က်ပ္ေငြ ၄၅ သိန္းခန္႔ကို စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွခ်ီးျမႇင့္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ- ၁၉ (People Media)

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေျမာင္ၿမိဳ႕နယ္၊ ေက်ာင္းျဖဴေက်း႐ြာ၌ ေ႐ွးေဟာင္းပစၥည္းမ်ားဒုတိယအႀကိမ္ လာေရာက္အပ္ႏွံသူ ေဒသခံ(၅)ဦးကို ဒီဇင္ဘာ ၁၈ ရက္ေန႔တြင္ ေငြ ၄၄၈၀၀၀၀ ကို္ စစ္ကိုင္းတိုင္း ေဒသႀကီး အစိုးရအဖြဲ႔၀န္ႀကီးခ်ဳပ္ေဒါက္တာျမင့္ႏိုင္က ခ်ီးျမႇင့္ခဲ့ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႔မွ ထုတ္ျပန္ထားသည္။

အဆိုပါ ေဒသခံ ၅ ဦးသည္ ေက်ာင္းျဖဴေက်း႐ြာ အေနာက္ဘက္ ေပ(၁၀၀၀) ခန္႔အကြာ ဧရာ၀တီျမစ္လက္ တက္၌ ေခ်ာင္းေရတိုက္စား၍ ကမ္းပါးၿပိဳက်ထားသည့္ ေနရာမ်ားတြင္ ေဒသခံ(၅)ဦးတို႔မွ ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး၊ ေတြ႕ရွိခဲ့သည့္ ေရွးေဟာင္း ေ႐ႊထည္ပစၥည္း (၅)မ်ိဳးႏွင့္အတူ ဟသၤာ႐ုပ္(၁)ခုတို႔ကို ၿမိဳ႕နယ္စီမံ ခန႔္ခြဲမႈေကာ္မတီဥကၠဌႏွင့္အတူ ယေန႔ နံနက္(၁၀)နာရီက လာေရာက္အပ္ႏွံခဲ့ျခင္းျဖစ္သည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

၎ေဒသခံ ၅ ဦးသည္ ယခုကဲ့သို႔ အစိုးရ အဖြဲ႔ထံ လာေရာက္အပ္ႏွံသည္မွာ ဒုတိယအႀကိမ္ျဖစ္ၿပီး ပထမအႀကိမ္အျဖစ္ေတြ႕႐ွိခဲ့သည့္ ေ႐ွးေဟာင္း ေ႐ႊထည္ပစၥည္း(၆)မ်ဳိးႏွင့္အတူ ဟသၤာ႐ုပ္(၁)ခုတို႔ကို တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ထံသို႔ လာေရာက္အပ္ႏွံေပးခဲ့ေၾကာင္ အထက္ပါ ထုတ္ျပန္ခ်က္တြင္ ပါဝင္သည္။

Photo – စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႔႐ုံး

#PeopleMedia #စစ္ကိုင္းတိုင္းေဒသႀကီး #ေ႐ွးေဟာင္းပစၥည္း

(unicode)
ရှေးဟောင်းပစ္စည်းများ လာရောက်အပ်နှံသူ ဒေသခံ(၅)ဦးကို ကျပ်ငွေ ၄၅ သိန်းခန့်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှချီးမြှင့်
…………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ- ၁၉ (People Media)

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောင်းဖြူကျေးရွာ၌ ရှေးဟောင်းပစ္စည်းများဒုတိယအကြိမ် လာရောက်အပ်နှံသူ ဒေသခံ(၅)ဦးကို ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ငွေ ၄၄၈၀၀၀၀ ကို် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ချီးမြှင့်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ ဒေသခံ ၅ ဦးသည် ကျောင်းဖြူကျေးရွာ အနောက်ဘက် ပေ(၁၀၀၀) ခန့်အကွာ ဧရာဝတီမြစ်လက် တက်၌ ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျထားသည့် နေရာများတွင် ဒေသခံ(၅)ဦးတို့မှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ တွေ့ရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်း (၅)မျိုးနှင့်အတူ ဟင်္သာရုပ်(၁)ခုတို့ကို မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အတူ ယနေ့ နံနက်(၁၀)နာရီက လာရောက်အပ်နှံခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းဒေသခံ ၅ ဦးသည် ယခုကဲ့သို့ အစိုးရ အဖွဲ့ထံ လာရောက်အပ်နှံသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ်တွေ့ရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်း(၆)မျိုးနှင့်အတူ ဟင်္သာရုပ်(၁)ခုတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ လာရောက်အပ်နှံပေးခဲ့ကြောင် အထက်ပါ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

Photo – စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး

#PeopleMedia #စစ်ကိုင်းတိုင်းဒေသကြီး #ရှေးဟောင်းပစ္စည်း


Share this post