• Follow Us on

Home ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ရွှေတိဂုံစေတီတော်၏ တောင်ဘက်အာရုံခံတန်ဆောင်း ကြမ်းခင်းများ အသစ်လဲလှယ်တပ်ဆင်ခြင်း ဆောင်ရွက်


Share this post

ရန်ကုန်၊ ဒီဇင်ဘာ – ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)






(unicode)
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ရွှေတိဂုံစေတီတော်၏ တောင်ဘက်အာရုံခံတန်ဆောင်း ကြမ်းခင်းများ အသစ်လဲလှယ်တပ်ဆင်ခြင်း ဆောင်ရွက်
……………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

COVID-19 ကာလ၌ ရွှေတိဂုံစေတီတော်ကြီး ဖူးမျှော်ခွင့်ပိတ်ထားစဉ်ကာလ၌ ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့က ရွှေတိဂုံစေတီတော်၏ တောင်ဘက်အာရုံခံတန်ဆောင်းကြမ်းခင်းများ အသစ်လဲ လှယ်တပ်ဆင်ခြင်း ဆောင်ရွက်လျက်ရှိပါတယ်။

တောင်ဘက်အာရုံခံတန်ဆောင်းကြမ်းခင်းများ အသစ်လဲလှယ်တပ်ဆင်ခြင်းကို ဒီဇင်ဘာ (၁၄)ရက်နေ့မှ စတင် ပြီး ဆောင်ရွက်နေတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ထိုကဲ့သို့ ကြမ်းခင်းများလဲလှယ်ရာတွင် ပတ်ပတ်လည်၌ မတ္တရာစကျင်ကျောက်များခင်း၍ အလယ်တွင် ကျွန်းပါကေးများ ခင်းသွားမည်ဖြစ်ပြီး ရေရှည်ရာသီဥတုဒဏ်ခံနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်။

အလားတူ တောင်ဘက်အရုဏ်ခံတန်ဆောင်းပြုပြင်ပြီးပါက အနောက်ဘက်နှင့် မြောက်ဘက်အရုဏ်ခံတန် ဆောင်းများ၏ ကြမ်းခင်းများကိုလည်း ဆက်လက်ပြုပြင်သွားမှာလည်း ဖြစ်ပါတယ်။

#PeopleMedia #ရွှေတိဂုံစေတီတော် #ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့


Share this post