• Follow Us on

Home ရွှေဘိုမြို့နယ်တွင် ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွား၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

ရွှေဘိုမြို့နယ်တွင် ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွား၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာရှိ ဆိုင်ကယ်ပြင်ဆိုင်၌ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာ၊ ရွှေဘို-မန္တလေးသွား ကားလမ်းဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်၌ PDF အကြမ်းဖက် သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်ပြင်ဆိုင်၌ ရှိ နေသည့် ဒေါ်ဟန်ဇာဦး (၄၃) နှစ်မှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ရွှေဘိုခရိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 

#PeopleMedia


Share this post