• Follow Us on
Latest News

Home ေ႐ႊလင္ပန္းစက္မႈဇုန္ရွိ အထည္ခ်ဳပ္စက္႐ုံယာယီပိတ္သိမ္းသျဖင့္ အလုပ္သမား ၂၀၀၀ ေက်ာ္စုေဝးမႈျဖစ္

ေ႐ႊလင္ပန္းစက္မႈဇုန္ရွိ အထည္ခ်ဳပ္စက္႐ုံယာယီပိတ္သိမ္းသျဖင့္ အလုပ္သမား ၂၀၀၀ ေက်ာ္စုေဝးမႈျဖစ္

Share this post

ရန္ကုန္၊ ဇြန္- ၅

လိႈင္သာယာၿမိဳ႕နယ္၊ ေ႐ႊလင္ပန္းစက္မႈဇုန္၊ ေဒၚဖြားရွင္လမ္းရွိ SHIN SUNG အထည္ခ်ဳပ္စက္႐ုံယာယီပိတ္သိမ္း ျခင္းေၾကာင့္ အလုပ္သမား ၂၀၀၀ ေက်ာ္ခန္႔ ယေန႔နံနက္ပိုင္းကစက္႐ုံေရွ႕စုေဝးမႈျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊလင္ပန္း စက္မႈဇုန္ေကာ္မတီတာဝန္ရွိသူတစ္ဦးက ေျပာသည္။

SHIN SUNG အထည္ခ်ဳပ္စက္႐ုံသည္ ကိုရီးယားႏုိင္ငံသားပိုင္စက္႐ုံျဖစ္ၿပီး အလုပ္သမား ၂၁၀၈ ဦးရွိကာ ဥ ေရာပ (EURO) သို႔ အထည္တင္ပို႔ေနသည့္ စက္ရုံျဖစ္သည္။ စက္႐ုံယာယီပိတ္သိမ္းမည္ဆိုျခင္းကို စက္႐ုံရွိ အလုပ္သမားေခါင္းေဆာင္တစ္ခ်ိဳ႕ႏွင့္ ညွိႏွိုင္းမႈမ်ားရွိထားေသာ္လည္း အလုပ္သမားအားလုံးကို ယေန႔မွ အသိ ေပးျခင္းေၾကာင့္လည္းေကာင္း၊ လူေထာင္ခ်ီရွိသည့္စက္႐ုံျဖစ္ျခင္းေၾကာင့္လည္းေကာင္း လူစုလူေဝးျဖစ္ပြားခဲ့ ျခင္းျဖစ္ေၾကာင္း ေ႐ႊလင္ပန္းစက္မႈဇုန္ေကာ္မတီဝင္တစ္ဦးကေျပာသည္။

“စက္႐ုံကယာယီပိတ္တာပါ၊ ဥပေဒပါအလုပ္ထုတ္နစ္နာေၾကးေတြလည္းေပးေနပါၿပီ၊ ဥေရာပသမဂၢကေထာက္ပံ့ တဲ့တစ္ဦးကို ၇၅၀၀၀ လည္းရၾကမွာပါ “ဟု ၎ကေျပာသည္။

ကိုဗစ္ကာလအတြင္းဥေရာပသမဂၢ(EU)ႏွင့္ ခ်ိတ္ဆက္မႈရွိေသာစက္႐ုံမ်ားမွ အလုပ္ထုတ္ခံရေသာ အလုပ္သမား မ်ား၊ အလုပ္လက္မဲ့ျဖစ္သြားေသာအလုပ္သမားမ်ားအတြက္ EU မွ ျမန္ကူအေရးေပၚရန္ပုံေငြအစီအစဥ္ျဖင့္ ယူ႐ုိ ၅ သန္း(၇.၉ ဘီလီယံက်ပ္)ကို အသုံးျပဳ၍ ျမန္မာအလုပ္သမားမ်ားကို ေထာက္ပံ့ေပးလွ်က္ရွိသည္။

SHINSUNG အထည္ခ်ဳပ္စက္႐ုံ၌အထည္ကုန္ၾကမ္းႏွင့္ လုပ္သားအင္အားအလုံအေလာက္ရွိေသာ္လည္း ကိုဗစ္ ကူးစက္မႈအေျခအေနေၾကာင့္ ဥေရာပမွပစၥည္းလက္ခံမည့္သူမရွိဘဲ ပစၥည္းမွာယူမႈေခတၱရပ္ဆိုင္းထားမႈေၾကာင့္ စက္႐ုံယာယီပိတ္သိမ္းရျခင္းျဖစ္ေၾကာင္း စက္႐ုံပိုင္ရွင္ကေျပာဆိုထားၿပီး ျဖစ္သည္။

လက္ရွိတြင္ SHINSUNG စက္႐ုံပိတ္သိမ္းမႈႏွင့္ ပတ္သတ္ၿပီး အလုပ္သမားေရးဌာနမ်ားမွတာဝန္ရွိသူမ်ား လာ ေရာက္ညွိႏွိုင္းေပးခဲ့ၾကၿပီး အလုပ္သမား ၁၀၀၀ ခန့္အလုပ္ထုတ္နစ္နာေၾကးရွင္းေပးၿပီးျဖစ္ကာ က်န္အလုပ္ သမားမ်ားရပိုင္ခြင့္ရွိသည္မ်ားကို ဆက္လက္ေဆာင္႐ြက္ေပးလွ်က္ရွိေၾကာင္း သိရသည္။

Photo – Credit

ေသြးသစ္(ရန္ကုန္-MPI)

#PeopleMedia #အလုပ္သမားအေရး

(unicode)
ရွှေလင်ပန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံယာယီပိတ်သိမ်းသဖြင့် အလုပ်သမား ၂၀၀၀ ကျော်စုဝေးမှုဖြစ်
……………………………………………………

ရန်ကုန်၊ ဇွန်- ၅

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ဒေါ်ဖွားရှင်လမ်းရှိ SHIN SUNG အထည်ချုပ်စက်ရုံယာယီပိတ်သိမ်း ခြင်းကြောင့် အလုပ်သမား ၂၀၀၀ ကျော်ခန့် ယနေ့နံနက်ပိုင်းကစက်ရုံရှေ့စုဝေးမှုဖြစ်ပွားခဲ့ကြောင်း ရွှေလင်ပန်း စက်မှုဇုန်ကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

SHIN SUNG အထည်ချုပ်စက်ရုံသည် ကိုရီးယားနိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၂၁၀၈ ဦးရှိကာ ဥ ရောပ (EURO) သို့ အထည်တင်ပို့နေသည့် စက်ရုံဖြစ်သည်။ စက်ရုံယာယီပိတ်သိမ်းမည်ဆိုခြင်းကို စက်ရုံရှိ အလုပ်သမားခေါင်းဆောင်တစ်ချို့နှင့် ညှိနှိုင်းမှုများရှိထားသော်လည်း အလုပ်သမားအားလုံးကို ယနေ့မှ အသိ ပေးခြင်းကြောင့်လည်းကောင်း၊ လူထောင်ချီရှိသည့်စက်ရုံဖြစ်ခြင်းကြောင့်လည်းကောင်း လူစုလူဝေးဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ရွှေလင်ပန်းစက်မှုဇုန်ကော်မတီဝင်တစ်ဦးကပြောသည်။

“စက်ရုံကယာယီပိတ်တာပါ၊ ဥပဒေပါအလုပ်ထုတ်နစ်နာကြေးတွေလည်းပေးနေပါပြီ၊ ဥရောပသမဂ္ဂကထောက်ပံ့ တဲ့တစ်ဦးကို ၇၅၀၀၀ လည်းရကြမှာပါ “ဟု ၎င်းကပြောသည်။

ကိုဗစ်ကာလအတွင်းဥရောပသမဂ္ဂ(EU)နှင့် ချိတ်ဆက်မှုရှိသောစက်ရုံများမှ အလုပ်ထုတ်ခံရသော အလုပ်သမား များ၊ အလုပ်လက်မဲ့ဖြစ်သွားသောအလုပ်သမားများအတွက် EU မှ မြန်ကူအရေးပေါ်ရန်ပုံငွေအစီအစဉ်ဖြင့် ယူရို ၅ သန်း(ရ.၉ ဘီလီယံကျပ်)ကို အသုံးပြု၍ မြန်မာအလုပ်သမားများကို ထောက်ပံ့ပေးလျှက်ရှိသည်။

SHINSUNG အထည်ချုပ်စက်ရုံ၌အထည်ကုန်ကြမ်းနှင့် လုပ်သားအင်အားအလုံအလောက်ရှိသော်လည်း ကိုဗစ် ကူးစက်မှုအခြေအနေကြောင့် ဥရောပမှပစ္စည်းလက်ခံမည့်သူမရှိဘဲ ပစ္စည်းမှာယူမှုခေတ္တရပ်ဆိုင်းထားမှုကြောင့် စက်ရုံယာယီပိတ်သိမ်းရခြင်းဖြစ်ကြောင်း စက်ရုံပိုင်ရှင်ကပြောဆိုထားပြီး ဖြစ်သည်။

လက်ရှိတွင် SHINSUNG စက်ရုံပိတ်သိမ်းမှုနှင့် ပတ်သတ်ပြီး အလုပ်သမားရေးဌာနများမှတာဝန်ရှိသူများ လာ ရောက်ညှိနှိုင်းပေးခဲ့ကြပြီး အလုပ်သမား ၁၀၀၀ ခန့်အလုပ်ထုတ်နစ်နာကြေးရှင်းပေးပြီးဖြစ်ကာ ကျန်အလုပ် သမားများရပိုင်ခွင့်ရှိသည်များကို ဆက်လက်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

Photo – Credit

သွေးသစ်(ရန်ကုန်-MPI)

#PeopleMedia #အလုပ်သမားအရေး


Share this post