• Follow Us on

Home ေ႐ႊလီၿမိဳ႕ကို အလံုပိတ္ကန္႔သတ္မႈေျဖေလွ်ာ့

ေ႐ႊလီၿမိဳ႕ကို အလံုပိတ္ကန္႔သတ္မႈေျဖေလွ်ာ့

Share this post

ေ႐ႊလီ၊ စက္တင္ဘာ ၂၂

တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္းယူနန္ျပည္နယ္မွ ျမန္မာ-တ႐ုတ္နယ္စပ္ၿမိဳ႕ေ႐ႊလီကို အလံုပိတ္ကန္႔သတ္မႈ ၇ ရက္ျပဳလုပ္ၿပီးေနာက္ ကန္႔သတ္မႈမ်ားျပန္လည္ျဖည္ေလွ်ာ့လိုက္သည္။

ျမန္မာႏိုင္ငံမွတရားမ၀င္နယ္စပ္ျဖတ္ေက်ာ္လာသူတစ္ေယာက္တြင္ COVID-19 ေရာဂါကူးစက္ေၾကာင္း အတည္ျပဳၿပီးေနာက္ တ႐ုတ္ႏိုင္ငံ၏ကပ္ေရာဂါကာကြယ္ေရးအစီအမံမ်ားအရ အလံုပိတ္ကန္႔သတ္ ခဲ့ျခင္းျဖစ္သည္။

အလံုပိတ္ကန္႔သတ္မႈမ်ားၿပီးေျမာက္ခဲ့သည့္အတြက္ တနလၤာေန႔ညတြင္ ၿမိဳ႕ခံမ်ားက မီး႐ွဴးမီးပန္းမ်ား ပစ္ေဖာက္ေအာင္ပြဲခံခဲ့ၾကၿပီး တနလၤာေန႔တြင္ လမ္းမမ်ားေပၚ၌ ႏွာေခါင္းစည္းမ်ားတပ္ဆင္ထားသည့္လူမ်ားကို ေတြ႔ရၿပီး စားေသာက္ဆိုင္မ်ားလည္း ပိုးသတ္ၿပီးေနာက္ စားသံုးသူမ်ားကို ေစာင့္ႀကိဳေနသည္ကို ေတြ႔ရသည္။

ေဒသခံ ၂၈၀၀၀၀ ေက်ာ္ကို COVID-19 စစ္ေဆးခဲ့ရာ မေတြ႔႐ွိခဲ့သျဖင့္ အလံုပိတ္ကန္႔သတ္မႈမ်ားျပန္ဖြင့္ ခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ နယ္စပ္တြင္ ရဲမ်ားက ၂၄ နာရီကင္းလွည့္ေနၾကၿပီး ျမန္မာနယ္စပ္မွတ႐ုတ္ေက်း႐ြာမ်ားမွေဒသခံမ်ား အိမ္တြင္သာေနရမည္ျဖစ္သည္။

ထို႐ြာမ်ာတြင္ အသံခ်ဲ႕စက္မ်ားျဖင့္ ကပ္ေရာဂါတိုက္ဖ်က္ေရးမူ၀ါဒမ်ားထုတ္လႊင့္ထားၿပီး တရားမ၀င္နယ္ စပ္ျဖတ္ေက်ာ္မႈသတိေပးခ်က္မ်ားကိုလည္း ျမန္မာ၊ တ႐ုတ္ဘာသာမ်ားျဖင့္ထုတ္လႊင့္ေနသည္။

Ref : Ruili reopens after week-long lockdown, remains cautious at border

#PeopleMedia

(Unicode)
ရွှေလီမြို့ကို အလုံပိတ်ကန့်သတ်မှုဖြေလျှော့
…………………………..

ရွှေလီ၊ စက်တင်ဘာ ၂၂

တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်မှ မြန်မာ-တရုတ်နယ်စပ်မြို့ရွှေလီကို အလုံပိတ်ကန့်သတ်မှု ၇ ရက်ပြုလုပ်ပြီးနောက် ကန့်သတ်မှုများပြန်လည်ဖြည်လျှော့လိုက်သည်။

မြန်မာနိုင်ငံမှတရားမဝင်နယ်စပ်ဖြတ်ကျော်လာသူတစ်ယောက်တွင် COVID-19 ရောဂါကူးစက်ကြောင်း အတည်ပြုပြီးနောက် တရုတ်နိုင်ငံ၏ကပ်ရောဂါကာကွယ်ရေးအစီအမံများအရ အလုံပိတ်ကန့်သတ် ခဲ့ခြင်းဖြစ်သည်။

အလုံပိတ်ကန့်သတ်မှုများပြီးမြောက်ခဲ့သည့်အတွက် တနင်္လာနေ့ညတွင် မြို့ခံများက မီးရှူးမီးပန်းများ ပစ်ဖောက်အောင်ပွဲခံခဲ့ကြပြီး တနင်္လာနေ့တွင် လမ်းမများပေါ်၌ နှာခေါင်းစည်းများတပ်ဆင်ထားသည့်လူများကို တွေ့ရပြီး စားသောက်ဆိုင်များလည်း ပိုးသတ်ပြီးနောက် စားသုံးသူများကို စောင့်ကြိုနေသည်ကို တွေ့ရသည်။

ဒေသခံ ၂၈၀၀၀၀ ကျော်ကို COVID-19 စစ်ဆေးခဲ့ရာ မတွေ့ရှိခဲ့သဖြင့် အလုံပိတ်ကန့်သတ်မှုများပြန်ဖွင့် ခဲ့ခြင်းဖြစ်သည်။

သို့သော် နယ်စပ်တွင် ရဲများက ၂၄ နာရီကင်းလှည့်နေကြပြီး မြန်မာနယ်စပ်မှတရုတ်ကျေးရွာများမှဒေသခံများ အိမ်တွင်သာနေရမည်ဖြစ်သည်။

ထိုရွာမျာတွင် အသံချဲ့စက်များဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးမူဝါဒများထုတ်လွှင့်ထားပြီး တရားမဝင်နယ် စပ်ဖြတ်ကျော်မှုသတိပေးချက်များကိုလည်း မြန်မာ၊ တရုတ်ဘာသာများဖြင့်ထုတ်လွှင့်နေသည်။

Ref : Ruili reopens after week-long lockdown, remains cautious at border

#PeopleMedia


Share this post