• Follow Us on

Home ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်များကို တစ်ပတ်အတွင်း အပြီးဖယ်ရှားရှင်းလင်းမည်

ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်များကို တစ်ပတ်အတွင်း အပြီးဖယ်ရှားရှင်းလင်းမည်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်အဆောက်အအုံများကို ဖေဖော်ဝါရီ ၁၀ ရက်အတွင်း ဖယ်ရှားရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကျူးကျော်နေထိုင်သူများထံ ဖေဖော်ဝါရီ ၂ ရက်နေ့က အကြောင်း ကြားစာ ပေးပို့ထားပါတယ်။

 

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အကြောင်းကြားသည့်စာတွင် လမ်းနယ်အတွင်းရှိ ကျူးကျော်အဆောက်အအုံ များ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ကျူးကျော်များအနေဖြင့် ၎င်းတို့၏ ကျူးကျော်အဆောက်အအုံနှင့် ထားရှိထားသော စုပုံပစ္စည်းများအား အကြောင်းကြားစာရရှိသည့်နေ့မှ တစ် ပတ်အတွင်းအပြီး ဖျက်သိမ်းဖယ်ရှားရှင်းလင်းပေးရန် ဖော်ပြထားပါတယ်။

 

ထို့အပြင် ရွှေပြည်သာမြို့၌ တရားမဝင်ခွင့်ပြုချက်မဲ့ ကျူးကျော်နေထိုင်ခြင်းမှ ဖယ်ရှားပေးရန်၊ ထပ်မံကျူးကျော် ခြင်းမပြုရန်နှင့် ဆက်လက်ကျူးကျော်ခြင်းများ မပြုလုပ်ရန် ကျူးကျော်ပါက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၃၃ အရ အရေးယူခံနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် မြို့တော်သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် တိုင်းအတွင်းရှိ ကျူးကျော်များ ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ရှင်းလင်းလျက်ရှိနေပါတယ်။

 

#PeopleMedia #ရွှေပြည်သာ #ကျူးကျော်

 

(unicode)


……………………………………………………..

 


 


 


 


 


 



Share this post